လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်

လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ၌ စက်မှုလယ်ယာဦးစီးဌာန၏  လယ်ယာသုံးစက်
ကိရိယာ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းမှု အခြေခံသင်တန်း (၁/၂၀၁၂) ကို ဒီဇင်ဘာလ
၁၃ ရက်နေ့ နံနက် ၉ နာရီက  လားရှိုးမြို့နှင့် ကျောက်မဲမြို့တို့၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလုက
အမှာစကား ပြောကြားကာ စက်မှုလယ်ယာဦးစီးဌာန၊ တွဲဖက်ပြည်နယ် ဦးစီးဌာနမှူး
ဦးမောင်မောင်က သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြကာ တက်
ရောက်လာကြသော ဧည့်သည်တော်ကြီးများက လယ်ယာသုံးစက်ပစ္စည်းများကို လိုက်လံ
ကြည့်ရှုကြသည်။

သင်တန်းကို ဒီဇင်ဘာ ၁၃ ရက်မှ ၁၈ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပြသမည်ဖြစ်
ကြောင်းနှင့် လားရှိုးမြို့နယ်မှ ၅၀ ဦး၊ ကျောက်မဲမြို့နယ်မှ ၅၀ ဦး တက်ရောက် သင်ကြားခဲ့ကြ
ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး