အင်န်အယ်လ်ဒီပါတီဝင်ကတ်မရှိသူများ ပါ၀င်ခွင့်မရှိဟု ကန့်သတ်၍ 'ခ'ရပ်ကွက်ညီလာခံ မစတင်မီ ဖျက်သိမ်းရ

အင်န်အယ်လ်ဒီပါတီဝင်ကတ်မရှိသူများ ပါ၀င်ခွင့်မရှိဟု ကန့်သတ်၍ 'ခ'ရပ်ကွက်ညီလာခံ မစတင်မီ ဖျက်သိမ်းရ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ 'ခ' ရပ်ကွက်တွင်  အင်န်အယ်လ်ဒီပါတီ
ရပ်/ကျေးညီလာခံ စတင်ကျင်းပရန်ပြင်ဆင်နေစဉ် ခရိုင်ညီလာခံ ကျင်းပရေးကော်မရှင်မှ
တာဝန်ရှိသူက ပါတီဝင်ကတ်မရှိသူများ မတက်ရောက်ရန် ကန့်သတ်သောကြောင့် ညီလာခံ
မလုပ်နိုင်တော့ဘဲ ဖျက်သိမ်းခဲ့ရသည်။

ဒီဇင်ဘာလ ၂၂ ရက်က ကျင်းပခဲ့သော အဆိုပါရပ်ကွက်ညီလာခံသို့ ပါတီဝင်အင်အား ၃၀
ကျော် တက်ရောက်ခဲ့သော်လည်း အခမ်းအနားမစတင်မီ ခရိုင် ညီလာခံကျင်းပရေး ကော်မရှင်
အတွင်း ရေးမှူးရောက်ရှိလာကာ ပါတီဝင်ကတ်ရရှိသူများသာ စာရင်းပေးတက်ရောက်ရ မည်ဟု
ဟန့်တားကန့်သတ်သောကြောင့် တက်ရောက်သူများ ပြန်သွားခဲ့ရာ ညီလာခံကို ဖျက်သိမ်း
လိုက်ရသည်။

"တက်ရောက်လာတဲ့သူ အကုန်လုံး က ပါတီဝင်ပြီးသူတွေ၊ စာရင်းလက်ခံပြီး သားသူတွေချည်း
ပါ။ တကယ်ဆို တက်ရောက်သူ များများလာတာ ၀မ်းတောင်သာရဦးမှာ။ အခုတော့ ခက်ခက်
ခဲခဲစီစဉ်ခဲ့ရတာ ပျက်သွားပါတယ်။ ကတ်မရှိရင် ပါခွင့်မရဘူးဆိုတော့ အဖွဲ့ဝင်တွေလည်း စိတ်
အနှောင့်အယှက်ဖြစ်၊ ကြောက်လန့်ပြီး ပြန်ကုန်ကြပါတယ်။ ဘာဆက်လုပ်ရမှန်းတောင် မသိ
တော့ပါဘူး" ဟု 'ခ'ရပ်ကွက်မှ ပါတီလူငယ်ခေါင်းဆောင် ကိုဇော်မင်းက ဒီဇင်ဘာလ ၃၁ ရက်
နေ့က ပြောသည်။

ညီလာခံပျက်သွားပြီးနောက် ပါတီဝင် များက စုပေါင်းလက်မှတ်ရေးထိုးကာ ထိုသို့နှောင့်ယှက်
သည့်အတွက် အဆိုပါခရိုင်ကော်မရှင် အတွင်းရေးမှူးအားအရေးယူပေးရန် ဗဟိုညီလာခံ ကျင်းပ
ရေးကော်မရှင်ထံ ဒီဇင်ဘာလ ၂၂ ရက် နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ထားကြောင်း၊ 'ခ'
ရပ်ကွက် ရပ်/ကျေးညီလာခံကြီးကြပ်ရေး တာဝန်ခံကလည်း အလားတူအကြောင်းကြားစာ
ပေးပို့ထားသည်။

အကြောင်းကြားစာတွင် အဆိုပါအတွင်းရေးမှူးက 'ခ' ရပ်ကွက် ရပ်/ကျေးရုံးစတင်ဖွင့်စဉ်ကပင်
ပါတီဝင်များ စိတ်ဆင်းရဲအောင် အမျိုးမျိုးလာရောက် နှောင့်ယှက်ခဲ့ကြောင်း၊ ပါတီဝင်များ
စုဆောင်း၍ လျှောက်လွှာများတင်သွင်း ရာတွင်လည်း အကြောင်းအမျိုးမျိုးပြကာ ပါတီဝင်များ
၀င်ရောက်မှုကို ကန့်သတ် သည့်အတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြကြောင်း၊ ၎င်း၏ လူစု
အနည်း ငယ်ကိုသာ ပါတီဝင်ယာယီကတ်ထုတ် ပေးကာ ညီလာခံကို ကန့်သတ်ကြောင်း
ပါ၀င်သည်။

"ကျွန်တော်တို့က ဒေါ်အောင်ဆန်းစု ကြည်ကို မျက်ရည်ကျလောက်အောင် ချစ်ပါတယ်။ ပုဂ္ဂိုလ်ကို
ချစ်လွန်းလို့ ပါတီ ကို ချစ်တာပါ။ အခုတချို့က ပေးတဲ့တာဝန်ကို လုပ်ပိုင်ခွင့်လို့ သတ်မှတ်ပါတယ်။
လုပ်ပိုင်ခွင့်ကို အာဏာလို့ထပ် သတ်မှတ်တယ်။ လုပ်လို့ရမှန်းလည်းသိ ရော သူတို့လူတွေကို
ထည့်တယ်။ မရရင် အဲဒီပွဲကို ဖျက်ပဲ။

"အခု ရပ်/ကျေးညီလာခံတွေမှာ ပါတီ ၀င်တွေ ကျေနပ်တဲ့သူတွေ အရွေးခံရရင် ရပါတယ်။ ဒါကိုပဲ
မဲခွဲခိုင်းပြန်တယ်။ သူတို့ရဲ့ တပည့်ခံတဲ့သူတွေကို ထည့်ပေးတယ်။ ဒါဟာအရမ်းဝမ်းနည်းဖို့ ကောင်း
ပါတယ်။ လူထုအားနဲ့တက်တာကို စည်းကမ်းနဲ့ မညီပါဘူးဆိုပြီး လုပ်တာကို ပါတီထိပ်ပိုင်းက
ခေါင်းဆောင်တွေ သိစေချင်ပါတယ်"ဟု တံခွန်တိုင်ရပ်ကွက်မှ မြို့နယ်ညီလာခံကိုယ်စားလှယ်
ဦးစောဝင်းက ဒီဇင်ဘာလ ၃၁ ရက်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး