ဘားကမ့်မန္တလေး ၂၀၁၃ ကျင်းပမည်

ဘားကမ့်မန္တလေး ၂၀၁၃ ကျင်းပမည်

မန္တလေးမြို့တွင်Barcamp Mandalay 2013 ကို ဇန်နဝါရီ ၂၆ ရက်မှ ၂၇ ရက်အထိ မန္တလေးမြို့
ရွှေဖြူပလာဇာတွင်  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတွင် နယ်ပယ်အသီးသီးမှ စိတ်ပါ၀င်စားသူများ တက်ရောက်ဆွေးနွေးနိုင်ပြီး နံနက် ၉
နာရီမှ ညနေ ၅နာရီအထိ ကျင်းပမည်ဖြစ်ရာ  မန္တလေးမြို့တွင် တတိယအကြိမ်မြောက် ကျင်းပ
ခြင်း ဖြစ်သည်။

Barcamp များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ  ပညာရပ်နယ်ပယ် အသီးသီးတွင် တစ်ဦးနှင့်
တစ်ဦး အသိ ပညာပိုင်း၊ အတတ်ပညာပိုင်း၌ ကွာခြားချက်များကို အတူယှဉ်တွဲပူးပေါင်း
ဆောင်ရွက်နိုင်သော အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေ ရန်၊ လူသားအကျိုးပြု
နည်းပညာရပ်များ ကို ထိရောက်စွာ ဆောင်ရွက်လာနိုင်ရန်နှင့် လွတ်လပ်သော လူမှုအဖွဲ့အစည်း
များနှင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းများ ဆက်လက်ပေါ်ပေါက်လာစေရန် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး