မန္တလေးခရိုင်၌ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှု ပိုမိုဖြစ်ပွားခဲ့

မန္တလေးခရိုင်၌ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှု ပိုမိုဖြစ်ပွားခဲ့

မန္တလေးခရိိုင်၌ ၂၀၁၂ ခုနှစ်အတွင်း  ယာဉ်တိုက်မှု ပိုမိုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး
ယာဉ်ထိန်းရဲတပ်ဖွဲ့ စာရင်းအရ သိရသည်။

"၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလကနေ နိုဝင် ဘာလအထိ ယာဉ်တိုက်မှု ၅၁၆ မှု ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်ပွားမှုတွေမှာ သေဆုံး သူ ၁၇၄ ဦးနဲ့ ဒဏ်ရာရသူ ၆၁၈ ဦးအထိ ရှိခဲ့တယ်။ ၂၀၁၁ ခုနှစ်နဲ
့နှိုင်းယှဉ်ရင် တော့ ဒီနှစ်ထဲမှာ ယာဉ်တိုက်မှုတွေ တိုးလာသလို သေဆုံးသူနဲ့ ထိခိုက် ဒဏ်ရာ
ရသူအရေအတွက်ကလည်း တိုးလာပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မန္တလေးခရိုင်အတွင်း ပြီးခဲ့သော ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ ယာဉ်တိုုက်မှု
၂၈၄ မှုတွင် သေဆုံးသူ ၁၁၆ ဦးနှင့် ဒဏ်ရာရသူ ၃၇၄ ဦးသာ ရှိခဲ့သော်လည်း ယခုနှစ်တွင်
ယာဉ်တိုက်မှု ၂၃၂  မှု၊ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၂၄၄ ဦးအထိ တိုးလာသည်။

"ယာဉ်တိုက်မှု ဖြစ်ပွားတဲ့အထဲမှာ ကားပါ၀င်တဲ့ ယာဉ်တိုက်မှုထက် ဆိုင်ကယ်ပါ၀င်တဲ့ ယာဉ်
တိုက်မှုက ပိုများ တယ်။ မန္တလေးမှာက ဆိုင်ကယ်စီးရေ  များတာကြောင့်လည်းပါတယ်"ဟု
ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့်အကြောင်းရင်းများတွင် ယာဉ်နှင့်ယာဉ်ချင်းတိုက်မှု၊ ယာဉ်က လူ
တိုက်မှု၊ ယာဉ်က စက်ဘီး တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု၊ ယာဉ်က ဆိုက်ကား၊ မြင်းလှည်း
တိုက်မှု၊ ယာဉ်က အခြားတိုက်မှုနှင့် အနှေးယာဉ်က လူ တိုက်မှုတို့ပါ၀င်ကြောင်း၊ ယာဉ်တိုက်မှု
ပေါင်း ၅၁၆ မှုအနက် ဆိုင်ကယ်ပါ၀င် သောယာဉ်တိုက်မှု ၃၁၂ မှုနှင့် ကားပါ ၀င်သောယာဉ်
တိုက်မှု ၂၀၄ မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ယာဉ်တိုက်မှုအများစုသည် ညနေ ၆ နာရီမှ ည ၁၂ နာရီ အတွင်း၌ ပိုမိုဖြစ်ပွားခဲ့ပြီး သေဆုံးသူ
အများစုမှာ လူငယ်နှင့် လူလတ်ပိုင်းအရွယ်များဖြစ်သည်။

"၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှု စာရင်းတွေကို ပြန်ကြည့်တဲ့အခါမှာ သေဆုံးသူစာရင်းဟာ
ကြောက်စရာကောင်းလောက်အောင် ဖြစ်ပွားနေတာတွေ့ရတယ်။ အဲဒါတွေကို လေ့လာသုံးသပ်
တဲ့အခါ ယာဉ်စည်းကမ်း လိုက်နာမှုမရှိဘဲ မောင်းနှင်မှုတွေ၊ တစ်စီးနဲ့တစ်စီး ချိန်ဆမောင်းနှင်မှု
မရှိတာတွေ၊ အလျင်စလို မောင်းနှင်တာတွေ၊ သတ်မှတ်မိုင်နှုန်း၊ သတ်မှတ်ယာဉ်ကြောအတိုင်း
မောင်းနှင်မှုမရှိတာတွေကြောင့် ဖြစ်တယ်။ ဒါ့ပြင်  ဆိုင်ကယ်စီးဦးထုပ်မဆောင်းတာတွေ၊ နှစ်ဦး
ထက်ပိုစီးတာတွေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထုတ်ပြန်တဲ့အချက်တွေကို လိုက်နာမှုမရှိ
တာတွေကြောင့်လည်း မလိုလားအပ်တဲ့သေဆုံးမှုတွေ ဖြစ်ပွားနေရပါတယ်"ဟု မန္တလေးတိုင်း
ဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး