လိုင်စင်မဲ့ယာဉ် ရ၄ စီးနှင့်ဆိုင်ကယ် ၈၇ စီး ဖမ်းဆီးအရေးယူ

လိုင်စင်မဲ့ယာဉ် ရ၄ စီးနှင့်ဆိုင်ကယ် ၈၇ စီး ဖမ်းဆီးအရေးယူ

မန္တလေးခရိုင်အတွင်း ဇန်နဝါရီလမှ နိုဝင်ဘာလအထိ လိုင်စင်မဲ့မော်တော် ယာဉ် ရ၄ စီးနှင့်
မော်တော်ဆိုင်ကယ် ၈၇ စီးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ
တပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

"မန္တလေးမြို့တွင်း အချက်အချာကျတဲ့ လမ်းဆုံတွေမှာ  ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်
ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီး ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီ၊ စည်ပင်
ရဲတပ်ဖွဲ့၊ စည်ပင်အခွန်ဌာန၊ နယ်မြေခံရဲတပ်ဖွဲ့၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ အထွေထွေ
အုပ်ချုပ်ရေးဦးစီးဋ္ဌာနတို့ ပါ၀င်တဲ့  ပူးပေါင်းစစ်ဆေးရေးအဖွဲ့ လေးဖွဲ့က ရပ်တန့်စစ်ဆေးအရေးယူ
တာနဲ့ ရွေ့လျားစစ်ဆေးအရေးယူတာတွေ ဆောင်ရွက်နေပါတယ်။ လိုင်စင်မဲ့မော်တော်ယာဉ်
၇၄ စီးနဲ့ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၈၇ စီးကို  ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်"ဟု  ယာဉ်ထိန်း
ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် မော်တော်ယာဉ်ဥပဒေဖြင့် မော်တော်ယာဉ်ပေါင်း ၃,၇၈၉ စီးကို ၆,၈၆၇ မှုဖြင့်
လည်းကောင်း စည်ပင် ပုဒ်မ ၂၆ ဖြင့် ယာဉ် ၄,၂၃၃ စီးကို ၄,၅၃၄ မှု၊ ဆိုင်ကယ် ၂၂,၃၅၂ စီးကို
၂၂,၅၉၉ မှုတို့ ဖြင့်လည်းကောင်း အရေးယူခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး