မိသားစုဝင်များနဲ့ ကိုက်ညီတဲ့ ကျွဲဆည်ကန်က ကျယ်ဝန်းတဲ့ သုံးထပ်တိုက်

မိသားစုဝင်များနဲ့ ကိုက်ညီတဲ့ ကျွဲဆည်ကန်က ကျယ်ဝန်းတဲ့ သုံးထပ်တိုက်

ဒီတစ်ပတ်တော့ ရန်ကုန်-မန္တလေး လမ်းမကြီးနဲ့ ငါးမိနစ်အတွင်း ရောက်နိုင် တဲ့နေရာမှာရှိပြီး
မိသားစုဝင်များတဲ့သူ တွေနဲ့ ကိုက်ညီမှုရှိတဲ့ သုံးထပ်တိုက်လေး ကို ရွေးချယ်ဖော်ပြပေး
လိုက်ပါတယ်။

ဒီတိုက်ဟာ မျက်နှာစာအပြင်အဆင် ကိုအချောသပ်ဖို့ လိုအပ်နေသေးပေမယ့် အတွင်းပိုင်းမှာ
လိုအပ်ချက်တွေ ဖြည့်ထားပြီးဖြစ်လို့ ဈေးနှုန်းညှိနှိုင်းဝယ်ယူဖို့  စိတ်ဝင်စားသူတွေ စဉ်းစားသင့်
ပါတယ်။တိုက်အကျယ်က မျက်နှာဖွင့် ၂၅ ပေ၊ ရှေ့နောက်အလျားပေ ၅၀ ရှိပါတယ်။

အိမ်ထဲကို စဝင်လိုက်ရင်ပဲ မြေညီထပ် မှာ ဧည့်ခန်းကျယ်နဲ့အတူ နောက်ထပ် နေရာလွတ်
များစွာကျန်နေသေးလို့ အိပ်ခန်းဖွဲ့စည်းဖို့အတွက် အဆင်ပြေ ပါတယ်။ အလယ်မှာ ကွန်ကရစ်
လှေကား ရှိပြီး အနောက်ဘက်မှာ ကျယ်ဝန်းတဲ့ ထမင်းစားခန်း၊ မီးဖိုခန်းနဲ့ အိမ်သာခန်း
ပါ၀င်ပါတယ်။

ပထမထပ်မှာ တစ်ယောက်အိပ်ခန်း နှစ်ခန်းနဲ့ နှစ်ယောက်အိပ်ခန်းတစ်ခန်း ပါ၀င်ပြီး အတွင်းမှာ
ရေချိုးခန်း၊ ရေ လောင်းအိမ်သာ တွဲဖက်ပါ၀င်ထားပါ တယ်။အခန်းရှေ့မျက်နှာစာကို သီးခြား
ဧည့်ခန်းကျယ်အဖြစ် ထားနိုင်ပါတယ်။

အပေါ်ဆုံးထပ်မှာ ဘုရားခန်းကျယ် ရှိပြီး မိသားစုတွေစုပြီး အပန်းဖြေဖို့၊ စာဖတ်ဖို့လည်း
နေရာကျယ်ပါတယ်။

ဒီအထပ်မှာ ရေချိုးခန်း၊ အိမ်သာနဲ့ တွဲရက်အိပ်ခန်းတစ်ခန်းရှိပြီး အထပ် မျက်နှာစာတိုင်းမှာ
၀ရန်တာထုတ်ပေး ထားပါတယ်။

ကျွဲဆည်ကန်ကားကြီးကွင်း၊ မြို့တွင်းနဲ့ လည်းနီးပြီးတော့ ရေ၊ မီး အစုံပါ၀င်လို့ စိတ်ဝင်စားသူ
တွေအနေနဲ့ အောက်ပါ လိပ်စာအတိုင်း ဆက်သွယ် စုံစမ်းနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး