၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ မန္တလေးခရိုင်အတွင်း၌ ယာဉ်စည်းကမ်း လမ်း
စည်းကမ်းဆိုင်ရာ ပညာပေးခြင်းကိုရ၇ ကြိမ်ထိ ဆောင်ရွက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး
ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်း ရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
"ကော်မတီအနေနဲ့ ခရီးသည်တင် ယာဉ်လိုင်းတွေ။ ယာဉ်မောင်းသင်တန်း ကျောင်းတွေ၊ ဋ္ဌာန
ဆိုင်ရာ၊ ရပ်ကွက်၊ ကျောင်းနဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေမှာ ပညာပေးဟောပြောခဲ့ပါတယ်။ ဒါ့ပြင်
ရတနာပုံသတင်းစာတွေမှာ ယာဉ်မောင်းသူတွေ လိုက်နာဖို့စည်းကမ်းချက်တွေ၊ တစ်လမ်း
မောင်းတွေ၊ ကလေးသူငယ် ဥပေဒေတွေ၊ စည်ပင်သာယာအမိန့်ကြော် ငြာစာတွေကို
သတင်းစာတွေမှာ နေ့စဉ် သို့မဟုတ် ရက်ခြား အလှည့်ကျထည့် သွင်းဖော်ပြပါတယ်"ဟု
၎င်းက ပြောသည်။
မန္တလေးမြို့တွင်း ယာဉ်လမ်းအသုံးပြု သူများယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရေး
အတွက် ယာဉ်စည်း ကမ်းဆိုင်ရာ အချက်အလက်များပါတဲ့ လက်ကမ်းစာရွက်များ ဖြန့်ဝေ
ခြင်း၊ ဆိုင်ကယ် မောင်းနှင်သူများအတွက် စည်းကမ်းချက်များအား စတေကာများပြုလုပ်၍
ကပ်ပေးခြင်း၊ ပညာပေးခြင်းများလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
"ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တွေရှိတဲ့နေရာမှာ ယာဉ်အသုံးပြုသူတွေဟာ စည်းကမ်း
လိုက်နာ ချင်ယောင်ဆောင်ပြီး နောက်ကွယ်မှာတော့ လိုက် နာမှုမရှိကြပါဘူး။
"တချို့ယာဉ်မောင်းတွေဆိုရင် အရှိန်ပြင်းပြင်းမောင်းတယ်။ လုမောင်းတယ်။ ပြိုင်မောင်းတယ်။
ဒီလို မဆင်မချင် မောင်းနှင်မှုတွေကြောင့် ယာဉ်တိုက်မှုတွေဟာ တစ်လထက်တစ်လ၊ တစ်နှစ်
ထက်တစ်နှစ်ပိုမိုများပြားလာတာတွေ့ရတယ်။
"ယာဉ်အသုံးပြု သူတွေဟာ ယာဉ်စည်းကမ်းလမ်းစည်း ကမ်းလိုက်နာပြီး သွားလာမယ်ဆိုရင်
အသက်အန္တရာယ်လုံခြံုစွာနဲ့ လိုရာခရီးရောက်နိုင်မယ်။ ယာဉ်တိုက်မှုတွေလျော့နည်းသွားမယ်။
မိဘအုပ်ထိန်းသူ တွေအနေနဲ့လည်း ကိုယ့်ရဲ့သားသမီးတွေ၊ မိသားစုဝင်တွေကို ယာဉ်အသုံးပြု
သွားလာတဲ့အခါ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေလိုက်နာဖို့ အမြဲသတိပေးလမ်းညွှန်ဖို့နဲ့
အရွယ်မရောက် သေးတဲ့ကလေးတွေကို မောင်းနှင်ခွင့် မပြုဖို့လိုပါတယ်"ဟုမန္တလေးတိုင်းဒေသ
ကြီးယာဉ်စည်းလမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူက
ပြောကြားသည်။















