ငလျင်ကြောင့်ပျက်စီးသွားသည့်ရှေးဟောင်းလက်ရာကျန် အဆောက်အအုံများ တိုက်ရိုက်ပြုပြင်ခွင့်မပြု

ငလျင်ကြောင့်ပျက်စီးသွားသည့်ရှေးဟောင်းလက်ရာကျန် အဆောက်အအုံများ တိုက်ရိုက်ပြုပြင်ခွင့်မပြု

ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွား သော ရှေးဟောင်းလက်ရာကျန်ရှိသည့် အဆောက်အအုံ
များကို အလှူရှင်များအား တိုက်ရိုက်ပြုပြင်ခွင့် မပြုကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသား
ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)ထံမှ စုံစမ်းသိရှိရသည်။

"ကျွန်တော်တို့ ရှေးဟောင်းသုတေ သန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက် ဦးစီးဌာနက
တိုက်ရိုက်ထိန်းသိမ်း ထားတဲ့ အဆောက်အအုံတွေဆိုရင် ပြုပြင်ခွင့် မပေးပါဘူး။ တခြားသူတွေ
ပြင် ရင် မူလလက်ရာတွေ ပျက်သွားနိုင်ပါ တယ်။ ဒါပေမယ့် ရှေးဟောင်းဘုရား တော့ဖြစ်
တယ်။ ဂေါပကအဖွဲ့က အစဉ်အဆက် ထိန်းသိမ်းထားတဲ့ ဘုရားဆိုရင်တော့ ပြုပြင်ခွင့်ပေးပါ
တယ်"ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေး
ဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးဇော်ဦးဟန်က ပြောသည်။

ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော စေတီ၊ ပုထိုး၊ ဘုရားများနှင့် သာသနိက အဆောက်
အအုံများ ပြုပြင်ရာတွင် ခေတ်အဆက်ဆက် အလှူရှင်များ ပြုပြင်မွမ်းမံမှုကြောင့် ရှေးဟောင်း
တန်ဖိုး၊ ရှေးဟောင်းလက်ရာ မရှိတော့သည့်  ယခု ခေတ်လက်ရာစေတီ၊ ပုထိုး၊ ဘုရား၊
သာသနိက အဆောက်အအုံများကို သက် ဆိုင်ရာအာဏာပိုင်များ၊ ဂေါပကအဖွဲ့ များ၊ အလှူရှင်
များက ပြုပြင်မည်ဆိုပါက ဘာသာရေးရှုထောင့်နှင့် ကိုးကွယ်ယုံ ကြည်မှုရှုထောင့်တို့မှကြည့်၍
မူလပုံမ ပျက် ကြီးကြပ်မှုပေးပြီး ခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ရှေးဟောင်းသာသနိက အဆောက်အအုံဖြစ်သော်လည်း ရှေး ဟောင်းလက်ရာ မကျန်
ရှိတော့သည့် ခေတ်အဆက်ဆက် ဂေါပကများနှင့် အလှူရှင်များက ပြုပြင်ခဲ့သော ဘုရား
စေတီ၊ ပုထိုးများကိုလည်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး
ဌာနရှိ အင်ဂျင်နီယာများ၏ ကြီးကြပ်မှုဖြင့် ၎င်းတို့ပြုပြင်လိုသော ပန်းရန်၊ ကန်ထရိုက်များဖြင့်
ပြုပြင်ခွင့်ပေးမည်ဖြစ်ကြောင်းနှင့် ဌာနက ပုံသဏ္ဌာန်မပျက်စေရေးသာ ကြီးကြပ်မည်
ဖြစ်ကြောင်း သိရသည်။

"ပြုပြင်ခွင့်ပေးထားတဲ့ သာသနိကအဆောက်အအုံတွေကို ပြုပြင်တဲ့နေရာမှာ မပျက်စီးခင်က
ရှိခဲ့တဲ့ ပုံသဏ္ဌာန် လက်ရာနဲ့မကွဲပြားတဲ့ ပုံသဏ္ဌာန်လက်ရာနဲ့  ပြုပြင်ဖို့ ဌာနက အင်ဂျင်နီယာ
တွေက ကြီးကြပ်ပေးသွားမှာပါ"ဟု ညွှန်ကြားရေးမှူး ဦးဇော်ဦးဟန်က ပြောသည်။

ရှေးဟောင်းလက်ရာ ကျန်ရှိသော သာသနိကအဆောက်အအုံများကို ပြု ပြင်မည်ဆိုပါက
ဦးစီးဋ္ဌာနသို့တင်ပြရန် နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ၀န်ကြီး ဌာနသို့ ဆက်လက်တင်ပြပေး
မည်ဖြစ် ကြောင်း၊ ဌာနက သတ်မှတ်ထားသော ရှေးမူလက်ရာမပျက် ထိန်းသိမ်းပြုပြင် ရေး
မူများနှင့်အညီ သက်ဆိုင်ရာဌာနခွဲ တာဝန်ခံများနှင့် အင်ဂျင်နီယာများက တာဝန်ယ ူကြီးကြပ်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)
ကနေ တိုက်ရိုက်ထိန်း သိမ်းထားတဲ့ ရှေးဟောင်းအဆောက်အဦး  ၁၅ ခုရှိတယ်။ လောလော
ဆယ် အင်းဝ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ မယ်နုအုတ်ကျောင်းကို ပြင်နေပါပြီ။
ရှေးဟောင်းအဆောက်အအုံတွေ ပြုပြင်တဲ့နေရာမှာ လှူဒါန်းချင်တယ်ဆိုရင် ကျွန်တော်တို့
ဌာနကို လှူဒါန်းနိုင်ပါတယ်"ဟု ၎င်းက ပြောသည်။

ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံတည်ရှိရာ ဇုန် (သို့မဟုတ်) ရှေးဟောင်းနေရာ
တည်ရှိရာ ဇုန်အတွင်းတွင် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံကို ပြင်ဆင်ခြင်း
(သို့မဟုတ်) ယင်း၏ ၀င်းခြံနယ်နိမိတ်တိုးချဲ့ခြင်းအတွက် ယဉ်ကျေးမှုအမွေအနှစ် ဒေသများ
ကာကွယ်ထိန်းသိမ်းရေး ဥပဒေ(၁၉၉၈)၊ နည်းဥပဒေ၊ အခြား တည်ဆဲ ဥပဒေစည်းမျဉ်းများ
နှင့်အညီ ခွင့်ပြုမိန့်ရရှိနိုင်ရန် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်
တိုက်ဦးစီးဌာနသို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အရှေ့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြု၍ နိုဝင်ဘာလ
၁၁ ရက်နေ့ နံနက် ရ  နာ ရီ   ၄၃  မိနစ်အချိန်က ရစ်ချ်တာစကေး ၆ ဒသမ ၈ အင်အားရှိ
ငလျင်တစ်ခုလှုပ် ခတ်ခဲ့ရာ လူနေအိမ်များ၊ သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာ
အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ပြီး  အင်းဝမြို့ဟောင်းရှိ
ရှေးဟောင်း အဆောက်အဦ၊ ဘုရား၊ စေတီ ၁၇ ဆူပျက်စီးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး