နိုင်ငံတကာမှာ ကျင်းပခဲ့တဲ့ ဒီမိုကရေစီရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့
ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကျင့်သုံးခဲ့ကြတဲ့မဟာဗျူဟာ၊ နည်းဗျူဟာတွေကို စိတ်ဝင်
စားဖွယ်တွေ့ကြရမယ့် စာရေးဆရာ မောင်ပုဆိုးကြမ်းရဲ့စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ နိုင်ငံတကာရေးရာတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် အကြိုက်တွေ့နိုင်သလို
နိုင်ငံတကာက နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုတွေကိုပါ ခြုံငုံလေ့လာသုံးသပ်
နိုင်တဲ့ စာအုပ်တစ်အုပ်လို့ ဆိုပါရစေ။
စာအုပ်မှာ ဆောင်းပါးပေါင်း အပုဒ် ၃၀ ပါ၀င်ထားပါတယ်။ ဆောင်းပါးတွေမှာ နောင်လာမယ့်
နှစ်အနည်းငယ်အတွင်း နိုင်ငံတကာမှာ ကျင်းပသွားတော့မယ့်ရွေးကောက်ပွဲတွေရဲ့ အနေ
အထားတွေ၊ ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ ရှေ့ဆက်ရမယ့် နိုင်ငံရေးအခင်းအကျင်းတွေ၊
ထိပ်တိုက်တွေ့ဆုံသွားကြမယ့် နိုင်ငံရေးလောကမှာ ထင်ရှားသူတွေအကြောင်းဟာစာဖတ်သူ
ကိုဆွဲဆောင်သွားပါလိမ့်ယ်။
စာအုပ်ရဲ့ရှေ့ပိုင်းမှာ 'သမ္မတအိုဘား မား လေးနှစ်သက်တမ်းနဲ့ပဲ ကျေနပ်တော့မှာလား'၊ 'ပေါလ်
ရိုက်ယန်နဲ့ အမေရိကန် ရွေးကောက်ပွဲ'၊ 'သမ္မတသစ်ဖြစ်လာတဲ့ ယခင်သမ္မတဟောင်း ပူတင်'၊
'သမ္မတသစ် ပူတင်နဲ့ ရုရှားနိုင်ငံရေး'၊ 'အတိုက်အခံ ရေနသူဌေးကြီး ကိုဗားစကီးနဲ့ ရုရှားနိုင်ငံ
ရေး'၊ 'တောင်ကိုရီးယား ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာနိုင်တဲ့ပတ်ဂွမ်ဟီး'၊ '၀န်ကြီးချုပ်
ပိုတီးရှား စင်ဆန်မေလာနဲ့ ဂျမေကာနိုင်ငံရေး'၊ 'သမ္မတ ခရစ္စတင်းဖာနန်ဒက်နဲ့ အာဂျင်တီးနား
နိုင်ငံရေး'၊ 'ရွေးကောက်ပွဲအမီ ချာဗက်ပြန်လာပြီ'၊ 'ချာဗက်ကို စိန်ခေါ် လာသူ အတိုက်အခံ
ခေါင်းဆောင် ကက်ရိုင်းရိစ်'တို့ကို ဖတ်ရှုရပါလိမ့်မယ်။
ပြီးတော့ 'ဗီနာနီတိုနဲ့ မက္ကဆီကို ရွေး ကောက်ပွဲ'၊ 'လစ်ဗျားရွေးကောက်ပွဲ ထူးခြားချက်များ'၊
'မူဘာရက်ခေတ်လွန် အီဂျစ်သမ္မတရွေးကောက်ပွဲ'၊ 'အတိုက် အခံအင်အားကောင်းလာတဲ့
ပြင်သစ် ရွေးကောက်ပွဲ'နဲ့ 'ပြင်သစ်သမိုင်းကို ရေးထိုးမယ့် မာရိမ်းလီပန်း'တို့လည်း ပါ၀င်ထား
ပါတယ်။
ဒီဆောင်းပါးတွေထဲက တချို့ဟာ ရွေးကောက်ပွဲအနိုင်ရလဒ်တွေ ပေါ်ခဲ့ပြီးဖြစ်ပေမယ့် အတိုက်
အခံတွေရဲ့ အားနည်းချက်နဲ့ အားသာချက်တွေ၊ စည်းရုံးတဲ့ နည်းဗျူဟာတွေ၊ နိုင်ငံသားတွေရဲ့
မျှော်လင့်ချက်နဲ့ တုန့်ပြန်ပုံတွေ၊ နိုင်ငံရေးသမားတွေရဲ့ နောက်ခံအကြောင်းအရာ ရာဇဝင်အဆိုး
အကောင်းတွေကို တစ်ထိုင်တည်းနဲ့ သိခွင်ရမှာကြောင့် နိုင်ငံတကာရေးရာကို စိတ်ဝင်စားတဲ့
သူတွေအတွက်တော့ ဖတ်ဖြစ်အောင်ဖတ်သင့်တဲ့ ဆောင်းပါးတွေပါပဲ။
စာအုပ်ရဲ့နောက်ပိုင်းမှာ 'ဂျမန်ဂရင်း ပါတီခေါင်းဆောင် ရီနိုက်ကူးနက်(စ်)'၊ 'ခရစ်ကက်ချန်ပီယံ
အင်မရမ်ခန်းနဲ့ ပါကစ္စတန်ရွေးကောက်ပွဲ'၊ 'နှစ် ၁၀၀ ပြည့် ANC ပါတီနဲ့ တောင်အာဖရိကနိုင်ငံ'၊
'လိုက်ဘေးရီးယားသမ္မတ မစ္စလိဖ်နဲ့ ရွေးကောက်ပွဲ'၊ 'နွိုင်နွိုင်အကွီနိုနဲ့ ဖိလစ်ပိုင်ရွေးကောက်ပွဲ'၊
'ပျူထိုင်း ပါတီခေါင်းဆောင် ယင်းလပ်နဲ့ ထိုင်း ရွေးကောက်ပွဲ'၊ 'ကွန်ဂရက်ပါတီ၊ ရာဟူး ဂန္ဒီနဲ့
အိန္ဒိယရွေးကောက်ပွဲ'၊ 'အန်ဝါအီ ဘရာဟင်နဲ့ မလေးရှားနိုင်ငံရေး'၊ 'သမ္မတမာလင်ကျောင်းနဲ့
တရုတ်(တိုင်ပေ) ရွေးကောက်ပွဲ'၊ 'ပိုလန်နိုင်ငံရေးနဲ့ ခေါင်းဆောင်ကြီး လစ်ချ်ဝါလီဆာ'တို့ကို
တွေ့ရမှာပါ။
နောက်ဆက်ဖတ်ရှုရမှာတွေက 'လစ် ဘရယ် ဒီမိုကရက်ခေါင်းဆောင် နစ် ကလက်'၊
'ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြားဖြတ်ရွေးကောက်ပွဲ'၊ 'အကြိတ်အနယ်ရှိနိုင်တဲ့ ဗင်နီဇွဲလား
သမ္မတရွေး ကောက်ပွဲ'၊ 'အာဖရိကပေါ့ပ်အဆိုတော် ယူဆူအင်ဒွါနဲ့ ဆီနီဂေါနိုင်ငံရေး'၊ 'ပါတီ
အကွဲအပြဲ၊ စိန်ခေါ်မှုများနဲ့ တောင်ကို ရီးယားသမ္မတ ရွေးကောက်ပွဲ' တို့ပဲဖြစ် ပါတယ်။
'လက်ရှိ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်ကြီး များက စိန်ခေါ်မှုများကို အန်တုဖြေရှင်း ပုံနှင့် ရှေ့အလား
အလာများ သုံးသပ် တင်ပြထားသော လက်ရွေးစင်ဆောင်းပါးများ'လို့ဆိုထားတဲ့ ဒီစာအုပ်ကို
စိုးစံစာပေကနေ ၂၀၁၂၊ ဒီဇင်ဘာမှာ ပထမအကြိမ် အုပ်ရေ ၅၀၀ ထုတ်ဝေထားပြီးတန်ဖိုးကျပ်
၁,၈၀၀ ဖြစ်ပါတယ်။
















