ရှမ်းပြည်နယ်အတွင်း မဂ္ဂါ၀ပ် ၅၀ အောက် ရေအားလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ ပုဂ္ဂလိကမှ
ဆောင်ရွက်ရန် လျှောက်ထားပါက ငါးမိနစ်အတွင်း အတည်ပြုလက်မှတ်ရေးထိုးခွင့်ပြုပေးသွားမည်
ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စက်မှုလက်မှုနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးစိုင်းထွန်းရင်
က ပြောသည်။
"ပြည်သူတွေအတွက် အကျိုးရှိမယ်။ အန္တရာယ်မဖြစ်ဘူးဆိုရင် ကျွန်တော့ဘက်က ချက်ချင်းလက်
မှတ်ထိုးပေးပါမယ်"ဟု ပြည်နယ်ဝန်ကြီး ဦးစိုင်းထွန်းရင် က ပြီးခဲ့သည့်လ ၂၈ ရက်က ပင်လောင်း
မြို့နယ်၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
သို့သော် သဘာဝပတ်ဝန်းကျင် သက်ရောက်မှု၊ လူမှုဝန်းကျင်သက်ရောက်မှု စစ်တမ်းများကိုမူ
သေချာစွာ ပြုလုပ်ရမည်ဟုလည်း ၎င်းက ပြောသည်။
"အဓိကက ပြည်သူတွေ အကျိုးရှိဖို့ လိုပါတယ်။ ပြည်သူသာ တကယ်အကျိုး ရှိမယ်ဆို လုပ်ကြပါ"
ဟု ဦးစိုင်းထွန်းရင် က ပြောသည်။
ရှမ်းပြည်နယ်တွင် မြို့နယ်ပေါင်း ၅၅ မြို့နယ်၊ မြို့နယ်ခွဲပေါင်း ၂၈ ခုရှိပြီး မြို့နယ်ခွဲတစ်ခုသာလျှင်
လျှပ်စစ်မီးမရဘဲ ကျန် မြို့နယ်များ၊ မြို့နယ်ခွဲများတွင် လျှပ်စစ်မီး ရရှိနေကြောင်းလည်း ၎င်းက ပြော
သည်။
ထို့ပြင် ၅၂ မဂ္ဂါ၀ပ် ထွက်ရှိသော ဘီလူးချောင်းရေးအားလျှပ်စစ်မှ လျှပ်စစ်ဖြင့် ရှမ်းပြည်နယ်အတွက်
လုံလောက်ပြီး မဟာဓာတ်အားလိုင်း မရောက်ရှိသော ဒေသများဖြစ်သည့် ကျေးရွာ ၄၂၂ ရွာ တွင်
ကိုယ့်အားကိုယ်ကိုးမီးလင်းရေးများ လုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။















