ယခုလ ဒုတိယပတ်မှစ၍ မန္တလေး စက်မှုဇုန်များကို အချိန်ပိုင်း မီးဖြတ်တောက်သွားမည်ဖြစ်
ကြောင်း တိုင်းဒေသကြီးလျှပ်စစ်ရုံးထံမှ သိရသည်။ ယင်းမှာလာမည့် နွေရာသီတွင် လုံလောက်
စွာ လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း
သိရသည်။
"စက်မှုဇုန်က လုပ်ငန်းရှင်တွေနဲ့ ညပိုင်းမှာ လုပ်ငန်းမလုပ်ဖို့အတွက် ၀န်ခံကတိကိုလည်း တောင်း
ထားပြီးသားပါ။ ညနေ ၄ နာရီကနေ ည ၁၁ နာရီအချိန်ထိ မီးဖြတ်သွားမှာပါ။
"အခုလို ဖြတ်တောက်ရတာ ကလည်းလာမယ့် နွေရာသီမှာ ပြည်သူလူထု လျှပ်စစ်မီး အပြည့်
သုံးနိုင်ဖို့အတွက်ပါ။ ရေကိုအကုန်မသုံးဘဲနဲ့ လှောင်ထား မယ်။ နွေရာသီမှ ထုတ်သုံးမယ်"ဟု
တိုင်း ဒေသကြီးလျှပ်စစ်ရုံး တာဝန်ရှိသူတစ်ဦး က ပြောသည်။
စက်မှုဇုန်များကို လျှပ်စစ်မီး အချိန်ပိုင်းဖြတ်တောက် ထားချိန်တွင် ရပ်ကွက်များအတွင်းရှိ
အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ လုပ်ကိုင်ပါက သတိပေးခြင်း၊ စစ်ဆေးအရေးယူ
ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းသိရသည်။
ယခုလက်ရှိအချိန်တွင် ရပ်ကွက်များ ကိုလျှပ်စစ်မီးအပြည့်အဝပေးသွားမည် ဖြစ်ကြောင်းနှင့်
ခေတ္တခဏ ပြတ်တောက်ခြင်းသည် လိုင်းအပြောင်းအလွဲနှင့် ဓာတ် အားပေးစက်အပြောင်း
အလဲကြောင့် ဖြစ်ကြောင်း လျှပ်စစ်ရုံ အင်ဂျင်နီယာက ပြောသည်။
မန္တလေးခရိုင်တစ်ခုလုံးအတွက် လျှပ်စစ်ဓာတ်အားများကို တံခွန်တိုင် ပင်မဓာတ်အားခွဲရုံ၊
အောင်ပင်လယ် ပင်မခွဲရုံ၊ ရွှေစာရံပင်မ ဓာတ်အားခွဲရုံနှင့် မြောက်ပြင်ဓာတ်အားခွဲရုံများမှ
မန္တလေး တစ်မြို့လုံးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိရာ မန္တလေးတစ်ခရိုင်
လုံးအတွက် ဓာတ်အားလိုအပ်ချက်မှာ မဂ္ဂါ၀ပ်၂၀၀ ခန့်ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး
တစ်တိုင်းလုံးအတွက် လျှပ်စစ် ဓာတ်အား လိုအပ်ချက်မှာ မဂ္ဂါ၀ပ် ၃၀၀ ခန့်ရှိကြောင်း
သိရသည်။
မန္တလေးခရိုင်အတွင်းလျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ တိုးတက်များပြားလာ သဖြင့်
ဓာတ်အားခွဲရုံတစ်ရုံ ထပ်မံ ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။















