နိုင်ငံတကာအသိအမှတ်ပြု စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း ဖွင့်လှစ်မည်

နိုင်ငံတကာအသိအမှတ်ပြု စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း ဖွင့်လှစ်မည်

မန္တလေးမြို့တွင် စီးပွားရေး စွန့်ဦးတီထွင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာအရည်အချင်း တိုးတက်စေရေး
အတွက် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းကို ပထမဦးဆုံးအကြိမ် ဖွင့်လှစ်မည်ဖြစ်ကြောင်း
Myanmar Professional Development Centre (MPDC)မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

"ဒီသင်တန်းကို ထိုင်းနိုင်ငံမှာအခြေစိုက်တဲ့ Assumption University of Thailand ကျောင်း
ကနေ မန္တလေးမှာ လာဖွင့်တာပါ။ ရန်ကုန်မှာတော့ ၂၀၁၀ လောက်မှာကတည်းက  စဖွင့်
ခဲ့ပါတယ်။ ဒီသင်တန်းမှာ ဘာသာရပ် ၁၆ ခု သင်ကြားရမှာဖြစ်ပြီးတော့ နိုင်ငံတကာ အသိ
အမှတ်ပြု MBA ဘွဲ့ ကိုရမှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။

ဘာသာရပ်တစ်ခုလျှင် တစ်လ သင်ကြားရမည်ဖြစ်ပြီး တစ်ဘာသာလျှင် အချိန် ၃၃ နာရီ
သင်ကြားရမည် ဖြစ်ကြောင်း၊ သတ်မှတ်ချိန်မပြည့်မီသူ များမှာ စာမေးပွဲဖြေဆိုခွင့်ရရှိမည်
မဟုတ််ကြောင်း အဆိုပါတာဝန်ရှိသူကပြောသည်။

မန္တလေးမြို့မှ MBA ဘွဲ့ရယူရန် စိတ်ဝင်စားသူများအတွက် အခက်အခဲမရှိ သင်တန်းတက်
ရောက်နိုင်ကြစေရန်နှင့် နိုင်ငံတကာကုမ္ပဏီများသို့ သွားရောက် အလုပ်လုပ်ကိုင်လိုကြသူများ
အဆင်ပြေကြစေရန်အပြင် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အရည်အချင်းများ တိုးတက်လာစေရန်
ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

"သင်တန်းကို ဘယ်ဘွဲ့ အမျိုးအစား ပဲရရ တက်ရောက်နိုင်ပါတယ်။ သင်တန်းမှာ ဘာသာရပ်
အားလုံးကို အင်္ဂလိပ်လိုပဲသင်မှာဖြစ်ပါတယ်။ တက်ရောက်လိုသူများအနေနဲ့ IELTS က
အောင်လက်မှတ်၊ ဒါမှမဟုတ်ရင် Assumption University of Thailandကစစ်တဲ့ အင်္ဂလိပ်
စာ ၀င်ခွင့်စာမေးပွဲနဲ့ အင်တာဗျူးကို ဖြေရမှာပါ"ဟု ၎င်းက ဆိုသည်။

အဆိုပါသင်တန်းကို နိုင်ငံတကာမှ ၀ါရင့်ဆရာ၊ ဆရာမများ၊ မုံရွာစီးပွားရေး တက္ကသိုလ်မှ ဆရာ၊
ဆရာမများ လာရောက်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

"သင်တန်းကိုတော့ မန္တလေးမှာ တက်ရမှာဖြစ်ပေမယ့် ဘွဲ့ကိုတော့  ဘန်ကောက်မှာပဲ သွားယူ
ရမှာဖြစ်ပါတယ်။ သင်တန်းကြေးကို အမေရိကန် ဒေါ်လာ တစ်သိန်းတစ်သောင်း သတ်မှတ်
ထားပါတယ်။ စာအုပ်ဖိုးနဲ့ ဘွဲ့ယူတဲ့စရိတ်ကတော့ မပါပါဘူး"ဟု ၎င်းက ဆိုသည်။

သင်တန်းကာလမှာ တစ်နှစ်ခွဲဖြစ်ပြီး ဇန်နဝါရီလ နောက်ဆုံးပတ်တွင် Myanmar Professional
Development Center နံပါတ် ၆၂ ၊ ၃၄ လမ်း၊  ရ၄ လမ်း x ရ၅ လမ်းကြားတွင် စတင်
ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး