သတင်းပေးများကြောင့် သတင်းစာ ရှင်းလင်းပွဲများ၌ မန္တလေး သတင်းထောက်များ အခက်အခဲတွေ့နေကြ

သတင်းပေးများကြောင့် သတင်းစာ ရှင်းလင်းပွဲများ၌ မန္တလေး သတင်းထောက်များ အခက်အခဲတွေ့နေကြ

မန္တလေးမြို့တွင် သတင်းစာရှင်းလင်းပွဲများပြုလုပ်ကြရာ သတင်းထောက်များအပြင် အဖွဲ့အစည်း
အသီးသီးမှ သတင်းပေးများကလည်း တက်ရောက်သတင်း ယူနေကြသည့်အတွက် သတင်း
မေးမြန်းရာတွင် အခက်အခဲများရှိနေကြကြောင်း မန္တလေးသတင်းထောက်အများစုက
ပြောကြသည်။

"သတင်းစာရှင်းလင်းပွဲဆိုတာ သတင်းထောက်တွေကို တရားဝင်သိစေ ချင်လို့ ရှင်းလင်းကြ
တာပါ။ အဲဒီလိုပွဲတွေ မှာ သတင်းထောက်တွေက  မေးခွန်းတွေ မမေးရသေးဘူး။ အဖွဲ့အစည်း
တွေက လူတွေ့ရှင်းမယ့်သူတွေကို အရင်မေးမြန်းစစ်ဆေးနေကြတယ်။ သူတို့ရှိနေတဲ့အတွက်
ကျွန်တော်တို့သတင်းယူ မေးခွန်းထုတ်တဲ့နေရာမှာ အခက်အခဲရှိသလို ဖြေတဲ့သူတွေရဲ့ အဖြေ
တွေကလည်း ထိရောက်တဲ့အဖြေမျိုး မဖြစ်နိုင်တော့ဘူး"ဟု မန္တလေးမြို့မှ ရုပ်သံ
သတင်းထောက် ကိုအိမ်ခိုင်မြဲက ပြောသည်။

အဖွဲ့အစည်းများက သတင်းယူသည်ကို လက်ခံကြောင်း၊ သိုသိုသိပ်သိပ်သတင်းယူသင့်ကြောင်း
၎င်းက ဆက်လက်ပြောသည်။ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ရာတွင် ရှင်းလင်းမည့်သူများက
သတင်း ထောက်အများစုအား နာမည်နှင့်တကွ မသိရှိကြခြင်းကို အခွင့်ကောင်းယူပြီး ပြုလုပ်
နေကြခြင်းဖြစ်ကြောင်း၊ ရှင်းလင်း မည့်သူက မေးမြန်းမည့်သတင်းထောက်အား ဂျာနယ်တိုက်
နှင့်အမည်တို့ကို မေးမြန်းလိုစေကြောင်း၊ သို့တည်း မဟုတ် မေးမည့်သတင်းထောက် ကိုယ်တိုင်
က မိမိကိုယ်မိမိ မိတ်ဆက် ပေးသင့်ကြောင်း သတင်းထောက် တစ်ဦးက အကြံပြု
ပြောကြားသည်။

"သတင်းစာရှင်းလင်းပွဲမှာဆိုရင် သတင်းပေးက နှစ်ယောက်၊ သုံးယောက် လောက်ရှိတယ်။
ကိုယ်က သတင်း နောက်မှရတယ်။ သူတို့က အရင်ရတယ်။ဆန္ဒပြတာတွေရှိရင် သတင်း
ထောက်က နည်းနည်း၊ သတင်းပေးတွေက များနေတယ်။ အားလုံးကို မီဒီယာဆိုပြီး စွပ်စွဲ
ခံရသေးတယ်။ သတင်းထောက်ထဲမှာကိုက သတင်းပေးတွေရှိနေတာက ပိုဆိုးတယ်"ဟု
မန္တလေးမြို့မှ သတင်းအယ်ဒီတာတစ်ဦးက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက လာမည့်လွှတ်တော်အစည်းအဝေး
တွင် ပြည်ထဲရေးဝန်ကြီးဌာနက ရဲသတင်းပေးများအား တရားဝင်ခန့်အပ်ထားမှုရှိမရှိ
ဆိုသည့်မေးခွန်းကို မေးမြန်းသွားမည် ဖြစ်ပြီး တရားဝင်ခန့်အပ်ထားခြင်းမရှိပါက ရဲသတင်းပေး
များကြောင့် နစ်နာသွားသူများအတွက် မည်သို့တာဝန်ယူမည်ဆိုသည်များကို မေးမြန်း
သွားမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြ
ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး