ဒီတစ်ပတ်တော့ စိတ်ကူးယဉ်ဆန်ဆန် တည်ဆောက်ထားတဲ့ အိမ်ဖွဲ့စည်းပုံလေးနဲ့ ဆွဲဆောင်
ထားပြီး အေးအေးချမ်းချမ်း အနားယူချင်တဲ့မိသားစုတွေနဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ချင်တဲ့
လုပ်ငန်းရှင်တွေအတွက် နန်းရှေ့ရန်အောင်လမ်းထဲက နှစ်ထပ်တိုက်လေးနဲ့ မိတ်ဆက်ပေးချင်
ပါတယ်။
ဒီအိမ်လေးရဲ့ ပထမဆုံးအားသာချက်ကတော့ အိမ်ရှင်မတွေအတွက်ဆိုင်ကယ်နဲ့ ငါးမိနစ်လောက်
သွားလိုက်ရင်ပဲ နန်းရှေ့ဈေးကြီးရှိနေတာကြောင့် အိမ်အတွက်လိုအပ်တဲ့ အသုံးအဆောင်တွေ
အတွက် စိတ်ပူစရာမလိုဘဲ စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။
နောက်ထပ်အားသာချက် တစ်ခုကတော့ ကျောင်းသားရှိတဲ့ မိသားစုတွေအတွက်တော့
ကျောင်းထားဖို့အတွက် ဝေးဝေးလံလံ စဉ်းစားနေစရာမလိုဘဲ မန္တလေးမြို့ရဲ့နာမည်ကြီး
ဖောင်တော်ဦး ဘုန်းတော်ကြီးကျောင်း ရှိနေတာကြောင့် ထင်တာထက်ကို ပိုမိုအဆင်ပြေ
သွားစေနိုင်ပါတယ်။
နောက်တစ်ချက်အနေနဲ့ နန်းရှေ့ဆို တာက မန္တလေးမြို့ရဲ့ အချက်အချာကျတဲ့ နေရာတစ်နေရာ
ဖြစ်ပါတယ်။ ဒီလို နေရာမျိုးမှာ ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်တော့ အကျိုးအမြတ်ရှိမှာ
အသေအချာပါ။ မိမိအိမ်ကိုလာလည်တဲ့ ဧည့်သည်တွေကိုလည်း အဝေးကြီးတွေ လိုက်ပို့
စရာမလိုပါဘူး။ အိမ်နားမှာတင် အထင်ကရနေရာတွေဖြစ်တဲ့ မန္တလေးတောင်၊ ကုသိုလ်တော်၊
ကျောက်တော်ကြီးဘုရား၊ ရွှေကျောင်းကြီး၊ ဗုဒ္ဓတက္ကသိုလ်နဲ့ ရန်ကင်းတောင်လိုနေရာမျိုးတွေ
ရှိနေတာကြောင့် ကိုယ်တိုင်လည်းဘုရားတွေဖူးနိုင်သလို ဧည့်သည်တွေကိုလည်း စိတ်ချမ်း
မြေ့စွာ လိုက်လံ ပို့ဆောင်ပေးပြီး ကုသိုလ်ယူနိုင်ပါသေးတယ်။
ခြံအကျယ်အဝန်းအနေနဲ့ကတော့ ၄၅ ပေ x ၅၈ ပေ၊ ( ၂,၆၁၀ စတုရန်းပေ ) ရှိတဲ့အပေါ်မှာ
အိမ်အကျယ်အဝန်း ၃၆ ပေ x ၄၄ ပေ ( ၁,၅၈၄ စတုရန်းပေ )အကျယ် တည်ဆောက်ထား
တာကြောင့် အိမ်ကျယ်ကျယ်နဲ့ သပ်သပ်ရပ်ရပ်နေချင်တဲ့ မိသားစုတွေအတွက် အဆင်ပြေနိုင်
တာပေါ့။
အိမ်ထဲကိုစဝင်လိုက်ရင်ပဲ စတုရန်း ပေ ၃၆၀ ရှိတဲ့ ဧည့်ခန်းကိုတွေ့မြင်ရမှာ ဖြစ်ပြီးတော့
ဧည့်ခန်းရဲ့ဘယ်ဘက် အခြမ်းမှာက မိသားစုအိပ်ခန်းကို ထည့်သွင်းဖွဲ့စည်းထားပါတယ်။
ပြီးတော့ အိမ်အောက်ထပ်က မျက်နှာကြက်ကို ကျွန်းသားတွေနဲ့ချည်း တပ်ဆင်ထားတာ
ကြောင့် ခိုင်ခံ့မှုပိုင်းကဖြင့် ပြောစရာမလိုတော့ပါဘူး။
ဆက်ဝင်သွားလိုက်ရင်ပဲ စတုရန်းပေ ၃၀၀ ရှိတဲ့ကျယ်ဝန်းတဲ့ ထမင်းစားခန်းနဲ့ မီးဖိုချောင်
တွဲရက် ဆောက်လုပ်ထားတဲ့နေရာကို ရောက်ပြီး ညာဘက်ကို ဆက်ဝင်သွားလိုက်ရင်
စိတ်ကူးဆန်းဆန်းလေးနဲ့ ထည့်သွင်း ထားတဲ့ ပန်ကာပါ၀င်တဲ့ ရိုးရိုးအိမ်သာ နှစ်လုံးနဲ့
ရေချိုးခန်းကို သီးခြားစီတွေ့မြင်ရမှာပါ။
အိမ်ရဲ့အပေါ်ထပ်ကို ဆက်တက်သွား လိုက်ရင် အလှူအတန်းတွေလုပ်တဲ့အခါ အသုံးပြုလို့ရတဲ့
စတုရန်း ၃၇၅ ပေ ရှိတဲ့ ဧည့်ခန်းကျယ်ကြီးကို ဆက်လက်တွေ့မြင်ရမှာပါ။ ဒီဧည့်ခန်းရဲ့ အရှေ့
ဘက်အခြမ်းမှာလည်း ၉ ပေ x ၁၈ ပေ ရှိတဲ့ဘုရားခန်းကို သီးခြားထည့်သွင်း ထားတာကြောင့်
အေးအေးဆေးဆေး ကုသိုလ်ယူနိုင်မှာ ဖြစ်ပါတယ်။ ညာဘက် အခြမ်းမှာတော့ တစ်ယောက်
အိပ်ခန်း ငါးခန်း ထည့်သွင်းထားပါတယ်။
ဒီအိမ်လေးရဲ့ နောက်ထပ်ထူးခြား ချက်ကတော့ တစ်အိမ်လုံးကို ခြင်လုံဆန်ခါတပ်ဆင်ပေးထား
ပြီး အဆင်သင့်အဝတ်အစားတွေထည့်နိုင်အောင် နံရံကပ်ဗီရိုတွေ ရှိနေကြတာပဲဖြစ်ပါ တယ်။
အဲကွန်းနဲ့ ပန်ကာ နှစ်ခုစလုံး ပါ၀င်ပြီးတော့ တစ်အိမ်လုံးကို နို့နှစ် ရောင်လေးနဲ့ ဆေးခြယ်ထား
ပါသေးတယ်။ရေ၊ မီး အစုံအလင်ပါ၀င်တဲ့ နေရာမှာ ရေအတွက် အခက်အခဲမဖြစ်ရအောင်
အဝီစိတွင်း၊ ရေစက်၊ ရေကန်တွေအပြင် ၅ ပေအနက်ရှိတဲ့ အောက်ခံရေလှောင်ကန် ဖြည့်စွက်
ထားပါသေးတယ်။
ကား ရှိတဲ့မိသားစုတွေအတွက်လည်း အခက်အခဲမဖြစ်ရအောင် ကားပါကင်လိုပုံစံမျိုး
တည်ဆောက်ထားတဲ့နေရာလည်းရှိတာကြောင့် အဆင်ပြေသွားတာပေါ့။ နှစ် ၃၀ ဂရန်ရှိတဲ့
ဒီအိမ်လေးကို စိတ်ဝင်စား တယ်ဆိုရင်တော့ အောက်ပါလိပ်စာအတိုင်း စုံစမ်းနိုင်ပါတယ်။
















