ဈေးနှုန်းအကျဘက်ကိုသာ ဆက်ယိမ်းနေတဲ့ မြို့ကွက်သစ် အိမ်ခြံမြေ

ဈေးနှုန်းအကျဘက်ကိုသာ ဆက်ယိမ်းနေတဲ့ မြို့ကွက်သစ် အိမ်ခြံမြေ

မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ လူနေထိုင်ခြင်းနည်းပါးသေးတဲ့ မြို့ကွက် သစ်အိမ်ခြံမြေ
အပိုင်းက ဈေးနှုန်းတွေ ဟာ အကျဘက်ကိုပဲ ဆက်လက်ယိမ်းယိုင်နေကြောင်း မြို့သစ်က
အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

လက်ရှိဖြစ်တည်နေတဲ့ ဈေးကွက်အနေအထားအရ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်
ကလည်း ခပ်ပါးပါးနဲ့ ကြိုက်ရောင်းကြိုက်ဝယ်အနေအထားမှာသာ ရှိနေဆဲဖြစ်ပါတယ်။ ဒါဟာ
မြို့တွင်းပိုင်းရော၊ အခြေကျပြီးဖြစ်တဲ့ မြို့သစ်ကြီးအပိုင်းနဲ့ လူနေခပ်ကျဲကျဲဖြစ်တဲ့ မြို့ကွက်သစ်
အပိုင်း အားလုံးမှာပဲ လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ လူနေကျဲပါး သေးတဲ့ မြို့ကွက်သစ်အပိုင်းတွေက တော့ အကျဘက်ကို
ဈေးနှုန်းဆင်းတဲ့ အခြေအနေဟာ ဒီနှစ်ဆန်းပိုင်းမှာ ပိုမို သိသာလာကြောင်း အိမ်ခြံမြေအကျိုး
ဆောင်တွေက ဆိုပါတယ်။

"မြို့ကွက်သစ်တွေမှာ ဈေးနှုန်းက တော်တော်လေးကျတယ်။ ပြီးခဲ့တဲ့နှစ်က တည်းက တချို့
နေရာတွေက ထက်ချိုးကျတယ်။ ဈေးကွက်လှုပ်တုန်းက မြို့အရှေ့ ဖျားကွက်သစ်တွေဘက်မှာ
ပေ ၄၀ x ပေ ၆၀ မြေတစ်ကွက်ကို ကျပ်သိန်း ၃၀၀ လောက်ဈေးခေါ်ရင် ပြီးခဲ့တဲ့နှစ်အတွင်း
ဈေးကွက်ပြန်ငြိမ်သွားချိန်မှာ သိန်း ၂၀၀ လိုမျိုးနဲ့ ပြန်ထုတ်ရောင်းကြရတယ်။ ဒီနှစ်ဆန်းပိုင်း
မှာ အဲဒီထက်ဈေးပိုကျလာသလို ချလည်းရောင်းလာကြပါတယ်"လို့ မြို့သစ်က အိမ်ခြံမြေ
အကျိုးဆောင်တွေက ပြောပါတယ်။

မြေဈေးကွက်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျဉ်းအကျပ်ထဲကနေ ဘယ်အချိန်လောက်မှာ
ရုန်းထွက်လွတ်မြောက်လာ မယ်ဆိုတာ အတိအကျမှန်းဆဖို့ မဖြစ်နိုင်ပေမယ့် အခုအနေ
အထားအရ အချိန်အတော်ယူရလိမ့်ဦးမယ်လို့တော့အိမ်မြေအကျိုးဆောင်အများစုက
သုံးသပ်နေကြပါတယ်။ ဈေးကွက်ရဲ့ လက်ရှိဖြတ်သန်းရင်ဆိုင်နေရတဲ့အဖြစ်ကလည်း
ဒီသုံးသပ်ချက်ဟာ မှန်ကန်နိုင်ကြောင်း သက်သေပြနေသလိုရှိပါတယ်။

"အိမ်ခြံမြေဈေးကွက်ကလည်း တခြား စီးပွားရေးအကွက်အကွင်းတွေ အလုပ် ဖြစ်တဲ့အခြေ
အနေနဲ့ ဆက်စပ်မှုရှိတာ ပေါ့။ တခြားဘက်မှာ ငွေပိုအကျိုးအမြတ်ရရင် မြေဘက်မှာရင်းနှီး
မြှုပ်နှံဖို့ စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။ ဒါပေမယ့်အခုအနေအထားမှာ တခြား စီးပွားရေး
အကွက်အကွင်းတွေကလည်း ပြောပလောက်အောင် မကောင်းကြဘူးလို့ပဲ ဆိုရမယ်။
ပြီးတော့ မြေဘက်မှာ ၀ယ်ယူရင်းနှီးမြှုပ်နှံဖို့ကျတော့လည်း နောက်ဆုံး ဖြစ်သွားခဲ့တဲ့ ဈေးကွက်
အနေအထားက ဈေးနှုန်းတန်းကို ဖျက်ပစ်ခဲ့သလို လက်ရှိမှာလည်း ရင်းနှီးမြှုပ်နှံဖို့ ယုံကြည်ဖို့
ခက်ခဲတဲ့အနေအထားပါ"လို့ အိမ်မြေအကျိုးဆောင်တွေက သုံးသပ်ပြပါတယ်။

မြို့တွင်းနဲ့ အခြေကျပြီးဖြစ်တဲ့ မြို့ကွက် သစ်အပိုင်းတွေဟာလည်း လူနေအထိုင်ကျပြီးတဲ့ခွင်တွေ
ဖြစ်တာကြောင့် အိန္ဒြေမပျက်ဘူးဆိုပေမယ့် ဈေးကွက်အေးနေတဲ့ဒဏ်ရဲ့ရိုက်ခတ်မှုကို ခံရတာ
ကြောင့်အရင်ဈေးကွက်သွက်စဉ်ကလိုတော့ ဈေးနှုန်းအရ အမြင့်တန်းကို မာမာတင်းတင်း
မခေါ်နိုင်ကြပါဘူး။

ဈေးကွက်အေးနေတဲ့ အနေအထား ဟာ စီမံကိန်းရှိတယ်ဆိုတဲ့ အခြေအနေ မျိုးကိုတောင်
အရင်ကလို သိပ်မမှုတော့ဘဲ မြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလေ့ရှိကြသူတွေရဲ့
အာရုံကို ဆွဲဆောင်နိုင်ဖို့ဆိုတာ အရင်လိုမလွယ် ကူတော့တဲ့အခြေအနေလို့ ဆိုရတော့
မယ့်ပုံပါပဲ။

"အခြေကျပြီးဖြစ်တဲ့ မြို့တွင်းပိုင်းနဲ့ မြို့သစ်ပိုင်းကတော့ အရောင်းအဝယ်က အေးလို့ အငှား
ဈေးကွက်ကိုပဲ အားထား ပြီး အလုပ်လုပ်ကြရမယ့် အနေအထားပါပဲ။ အငှားဈေးနှုန်းတွေ
ကတော့ မြို့တွင်းပိုင်းမှာ အချက်အချာကျရင် ဈေးကောင်းရပါတယ်။ မြို့သစ်မှာလည်း
နေရာ၊ အဆောက်အအုံကောင်းရင် ကောင်းသလို သူ့အတိုင်းအတာနဲ့သူ ဈေးနှုန်းကောင်း
သလို ငှားလိုသူလည်း မရှားပါဘူး။ အရောင်းအဝယ်ဈေးကွက်ကတော့ ဒီနှစ်ဆန်းပိုင်းမှာ
ဒီလိုပဲ ခပ်အေးအေးဖြတ်သန်းကြရဦးမှာပါပဲ" လို့ အိမ်မြေအကျိုးဆောင်တွေက သုံးသပ်
ပြောပြကြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး