Skype ထဲသို့ ငွေဖြည့်နိုင်မည့် ၀န်ဆောင်မှု ၀က်ဘ်ဆိုက်စတင်

Skype ထဲသို့ ငွေဖြည့်နိုင်မည့် ၀န်ဆောင်မှု ၀က်ဘ်ဆိုက်စတင်

အွန်လိုင်းမှတစ်ဆင့် ဖုန်းခေါ်ဆိုနိုင် သည့် ှုပစန ဖုန်းပြောဆိုမှုစနစ်ထဲသို့  အွန်လိုင်းမှတစ်ဆင့်
ငွေဖြည့်တင်းနိုင် သည့် ၀န်ဆောင်မှုကို ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်လိုက်သည်။

ယင်းဝန်ဆောင်မှု ၀က်ဘ်ဆိုက်သည်  www.mmskype.com ဖြစ်ပြီး ငွေဖြည့်တင်းရာတွင်
အနည်းဆုံး ငါးဒေါ်လာမှစ၍ ငွေဖြည့်တင်းနိုင်ကာ MyanPay Online Payment Gateway
မှတစ်ဆင့် ငွေပေးချေရ မည်ဖြစ်ပြီး ငွေပေးချေပြီးပါက မိမိ Skype ကိုယ်ပိုင်အကောင့်ထဲသို့
ဖြည့် သွင်းလိုက်သည့် ငွေပမာဏ ရောက်ရှိ လာမည်ဖြစ်ကြောင်း အဆိုပါ ၀က်ဘ်ဆိုက်၏
တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောပြသည်။

"ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုက မြန်မာပြည်တွင်း Skype အသုံးပြုသူ တွေရဲ့ အကောင့်ထဲကို
အွန်လိုင်းကနေ တိုက်ရိုက် ငွေဖြည့်တင်းပေးတဲ့ ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့
www.mmskype.com တစ်ဆင့် ငွေ ဖြည့်သွင်းမယ်ဆိုရင် ငွေပေးချေစဉ် အတွင်းမှာ
အသုံးပြုသူရဲ့ Skype Usernameကို တစ်ခါတည်း ထည့်ပေးဖို့ လိုအပ်ပါတယ်။

ငွေပေးချေတဲ့ နေရာမှာ MyanPay နဲ့ ငွေပေးချေရ မှာ ဖြစ်ပါတယ်။ ငွေပေးချေပြီးတာနဲ့
အသုံးပြုသူရဲ့  Skype Credit ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ၀က်ဘ်ဆိုက်
၀န်ဆောင်မှုမှာ အသုံးပြု သူတွေ အဆင်ပြေအောင် ူငလန ဃ့အေ ၀န်ဆောင်မှုကိုပါ
ထည့်သွင်းထားပါ တယ်"ဟု ၎င်းကပြောသည်။

Skype အကောင့်ထဲကို ငွေဖြည့် တင်းပေးသည့် Skype Credit Plan အပြင်Unlimited
Country Plan သည် တစ်လအတွင်း နိုင်ငံတစ်နိုင်ငံသို့ အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်
သည့် ှSkype Plan ဖြစ်ကြောင်း၊ ဥပမာ- ့Unlimited Call to Singapore ဆိုလျှင်
စင်ကာပူနိုင်ငံကို  တစ်လအတွင်း အကြိမ်ရေ မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်သည့်
စနစ်ဖြစ်ကြောင်း၊ Unlimited Country Plan သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်ကို တစ်လ
အတွင်း အကြိမ်ရေ မိနစ် အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်သည့် Skype Plan ဖြစ်ကြောင်း၊
ယင်း စနစ်နှစ်ခုသည် အင်တာနက်ဆိုင်များနှင့် သင့်လျော် ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ဖုန်း ခေါ်ဆိုနိုင်သည့် ၀န်ဆောင်မှုများစွာ ရှိသော်လည်း ယခုကဲ့သို့
အွန်လိုင်းမှ တစ်ဆင့် ငွေဖြည့်တင်းနိုင်သည့် ၀က်ဘ် ဆိုက်မှာပထမဦးဆုံးဖြစ်ကြောင်း ၎င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး