ရခိုင်ဒေသရှိ ရွှေ့ပြောင်းနေထိုင်နေရသည့် အိမ်ထောင်စု ၆၀၀ အတွက် ယာယီအဆောက်အအုံ
၆၀ ကို တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဘေးဒုက္ခ
စီမံခန့်ခွဲရေးဌာနမှ ဌာနမှူး ဦးမောင်မောင်ခင်ကပြောသည်။
အဆိုပါယာယီအဆောက်အအုံများကို ကာတာလခြမ်းနီအသင်း၏ ပူးပေါင်း ကူညီထောက်ပံ့မှု
ဖြင့်တည်ဆောက်သွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
" မိသားစု ၁၀ စုစီနေနိုင်တဲ့ ယာယီတဲ အလုံး ၆၀ ဆောက်ဖို့ စီစဉ်နေတယ်။ တဲတစ်ခုစီမှာ
အိမ်သာ သုံးလုံး၊ ရေတုံကင် နှစ်ခုစီနဲ့ ရေဂါလံ ၂၅၀ လောက်ဆံ့တဲ့ ပလတ်စတစ်ကန် လေးခု
ပါမယ်။ ဘယ်နေရာမှာ ဆောက်ရမလဲဆိုတဲ့ ပြည်နယ် အစိုးရရဲ့ ဆုံးဖြတ်ချက်ရတာနဲ့ ဆောက်
သွားမယ်။ ဇန်နဝါရီလထဲမှာ စနိုင်လိမ့်မယ်လို့ မှန်းတယ်" ဟု ၎င်းက ပြောသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး၏ ဒီဇင်ဘာ လဆန်းပိုင်းသတင်း
ထုတ်ပြန်ချက်အရ ရခိုင်ဒေသတွင်းရှိ ပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၁၁၅,၀၀၀ကျော်
ရှိကာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများလိုအပ်ဆဲဖြစ်သည်ဟု ဖော်ပြသည်။
အမိုးအကာ၊ ရေနှင့်သန့်ရှင်းရေးနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများမှာ ရခိုင်ဒေသရှိ
ရွှေ့ပြောင်း နေထိုင်သူများအတွက် အဓိကလိုအပ်ချက်များ ဖြစ်ကြောင်းဦးမောင်မောင်ခင်က
ပြောသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် စစ်တွေမြို့တွင် အရေးပေါ်လူနာ သယ်ယူပို့ဆောင်ရေးနှင့်
ရှေးဦးပြုစုခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ကျန်းမာ ရေးပညာပေးခြင်းများကိုလည်း ဆောင်
ရွက်ပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။















