ရစ်သမ်မှန်နေတဲ့ ဘာစီလိုနာကို လျှော့မတွက်လိုက်ပါနဲ့ဦး

ရစ်သမ်မှန်နေတဲ့ ဘာစီလိုနာကို လျှော့မတွက်လိုက်ပါနဲ့ဦး

မာလာဂါ - ဘာစီလိုနာ လာလီဂါကတော့ နှစ်သစ်မှာ ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ တန်းမဆင်းရရေး
တိုက်ပွဲတွေ ပိုပြင်းထန်လာတော့မယ့်ပုံပါပဲ။ အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန်တစ်
နေရာအတွက် ယှဉ်ပြိုင်မှု အရှိန်မြင့်လာခဲ့သလို တန်းမဆင်းရရေး အတွက် ပြိုင်ဆိုင်မှုကလည်း
ပိုပြီးအားပါ လာတော့မယ့်ပုံပါပဲ။

အထူးသဖြင့် နှစ်သစ်အဖွင့်ပွဲမှာ မာလာဂါအသင်း အဝေးကွင်းမှာ ရှုံးပွဲကြံုခဲ့ရတာက အဆင့်(၄)
နေရာအတွက် ဘက်တစ်၊ လီဗန်တေးတို့ရဲ့ ဖိအားပေးမှုကို ပိုပြီးခံလာရပါပြီ။ ဒီအချိန်မှာပဲ
အိမ်ကွင်းမှာ ကစားရမယ့်ပွဲမှာ ဘာစီလိုနာလိုအသင်း မျိုးနဲ့ ဆက်ပြီးရင်ဆိုင်ရဖို့ရှိနေတာက
မာလာဂါအတွက်တော့ နှစ်သစ်အစမှာ တကယ့်စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင် လိုက်ရသလိုပါပဲ။

မာလာဂါဟာ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာတော့ ရီးယဲလ်မက်ဒရစ်ကို အနိုင်ရအောင်
ကစားထားနိုင်ခဲ့တယ်။ ဒါပေမယ့် အခုရင်ဆိုင်ရမယ့်အသင်းဟာ ရီးယဲလ်လိုမဟုတ်ဘဲ
အမှတ်ပေး ဇယားထိပ်ဆုံးမှာ ခြေလှမ်းမှန်မှန်နဲ့ လျှောက်နေတဲ့ ဘာစီလိုနာလိုအသင်းမျိုး
ဖြစ်နေတာက မာလာဂါအတွက် ရီးယဲလ်နဲ့ပွဲကထက် ပိုခက်ခဲဖို့ရှိနေတာလည်း သေချာ
သလောက်ပါပဲ။

မာလာဂါ ဟာ ဒီရာသီ အသင်းလိုက်ကစားပုံ ပိုကောင်းလာပြီး အိမ်ကွင်းမှာလည်း ကစားပုံ
မာကျောလေ့ရှိတယ်။ အိမ်ကွင်းမှာ ပေးဂိုး ကိုးဂိုးပဲရှိပြီး အိမ်ကွင်းမှာ အလက်တီကို၊ ရီးယဲလ်၊
ဆိုစီဒက်၊ ဆယ်လ်တာဗီဂိုတို့နောက် ပေးဂိုးအနည်းဆုံး အသင်းအဖြစ်လည်း ရပ်တည်နေ
တယ်။ ဒါပေမယ့်လည်း မာလာဂါရဲ့ ကစားပုံဟာ တစ်ခါတလေ အိမ်ကွင်းမှာ ဂိုးရဖို့ကြိုးစား
လွန်ပြီး တိုက်စစ်ဖွင့်ရင်း ခံစစ်ပေါက်သွားတတ်တာမျိုးကို တွေ့ရတယ်။

လက်ရှိ မာလာဂါအသင်းရဲ့ တိုက်စစ်ပိုင်းကလည်း ဆာဗီယိုလာ၊ အစ္စကိုတို့တိုက်စစ်အတွဲနဲ့
အချိတ် အဆက်မိမိ ကစားနေနိုင်ပြီး တန်ပြန်တိုက်စစ်ကနေ ဂိုးရအောင်ကစားတဲ့ နေရာ
မှာလည်း ကျွမ်းကျင်မှုရှိတယ်။ ဒီအချက်ဟာ ဘာစီလိုနာလို ခံစစ်မငြိမ်တဲ့အသင်းတစ်သင်းကို
ပြန်ပြီးဒုက္ခပေး နိုင်တဲ့အဓိက အချက်တစ်ချက်လို့ ပြောနိုင်တယ်။

ဘာစီလိုနာကတော့ ဗီလာနိုဗာ ကောင်းကောင်းမကျန်းမာသေးပေမယ့် ကွင်းအတွင်းမှာတော့
လာကြည့်ပြီး အသင်းကိုအားပေးနိုင်မယ့် အခြေအနေမျိုးမှာရှိနေတယ်။ လက်ရှိ ဘာစီလိုနာ
အသင်းကစားနေပုံကလည်း ဘယ်လိုနည်းပြမျိုးပဲကိုင်ကိုင် လက်ရှိအသင်း ကစားပုံကို
အပြောင်းအလဲမလုပ်ခဲ့ဘူး ဆိုရင် ကွင်းထဲမှာကစားပုံကလည်း ပြောင်းလဲသွားဖို့အကြောင်း
လုံးဝမရှိဘူး။

အသင်းကို အလိုက်သင့်ကိုင်တွယ် ပြီး နိုင်ပွဲတွေဆက်ရှာလို့ရနေတဲ့အနေ အထားကို ဘာစီ
လိုနာအသင်း ပိုင်ဆိုင် ထားတာ တွေ့ရတယ်။ နည်းပြရူရာအနေနဲ့လည်း ကြားထဲ မှာ ကစား
ခဲ့ရတဲ့ ကိုပါဒယ်ရေးပွဲကြောင့် အသင်းကို တစ်ယောက်စ နှစ်ယောက်စ အပြောင်းအလဲလုပ်
ကစားထားနိုင် ပေမယ့်လည်း လက်ရှိကစားပုံအရှိန်ရ နေတဲ့ ဘာစီလိုနာ အသင်းရဲ့ကစားအား
ကတော့ လျော့ကျသွားဖို့မရှိပါဘူး။

ဘာစီလိုနာဟာ ဒီရာသီမှာ အဝေးကွင်းပွဲတိုင်းကို အနိုင်ယူထားပြီး အိမ်ကွင်းထက်လည်း
အဝေးကွင်းမှာ ပိုတည်ငြိမ်အောင် ကစားပြနေတဲ့ အသင်းလို့ပြောနိုင်တယ်။ ပြိုင်ပွဲဝင် အသင်း
တွေထဲမှာ အဝေးကွင်းမှာ ၃၂ ဂိုး အထိသွင်းယူပြထားတဲ့ ဘာစီလိုနာရဲ့ အဝေးကွင်းတိုက်စစ်
ကစားပုံကလည်း အားရစရာပါပဲ။ ဒါကြောင့်လည်း ဘာစီလိုနာဟာ သူတို့ရဲ့အဝေးကွင်း လက်ရှိ
တိုက်စစ်အားနဲ့ မာလာဂါကိုအကောင်းဆုံး ဆက်ပြီးဖိအားပေးသွား နိုင်ဖို့ ရှိနေပါတယ်။

ဘာစီလိုနာမှာ ဖာဘရီဂက်စ်လည်း ပြန်ကစားနိုင်ပြီ ဖြစ်လို့ နည်းပြရူရာအနေနဲ့ တိုက်စစ်ပိုင်းကို
စိတ်ကြိုက်အပြောင်းအလဲလုပ်ပြီး ကစားခွင့်ရနေသလို ကွင်းလယ်ကိုလည်း  လိုသလိုပြောင်းလဲ
ကစားခိုင်းလို့ရနေ တာက အားသာမှုတစ်ခုလို့ ပြောလို့ ရပါတယ်။ ဘာစီလိုနာအတွက် အဓိက
စောင့်ကြည့်ရမယ့်နေရာကတော့ ခံစစ်ပိုင်းပါပဲ။ ဘာစီလိုနာဟာ အခု နောက်ပိုင်းမှာ ခံစစ်
ကြောင်းကို တစ်ပွဲနဲ့ တစ်ပွဲ မတူညီတဲ့ပုံစံမျိုးနဲ့ ပွဲထုတ်ကစားနေပြီး လက်ရှိခံစစ်အတွင်း
လူနှစ်ယောက် နေရာမှာ ပီကေးကိုပဲ အဓိကထားကာ မာရှေယာနို၊ ပူယိုးလ်တို့နဲ့ အလျဉ်းသင့်
သလို ပွဲထုတ်နေတာတွေ့ရတယ်။

ဒါကြောင့် ဘာစီလိုနာရဲ့ ခံစစ်ကစားပုံဟာ တည်ငြိမ်မှုရှိတယ်လို့တော့ ပြောလို့မရသေးတဲ့
အနေအထားမျိုးမှာပဲ ရှိနေပါ သေးတယ်။ ဒါကြောင့်လည်း လက်ရှိ ခံစစ်နဲ့ဆိုရင် အိမ်ကွင်းမှာ
လျင်လျင် မြန်မြန်နဲ့ တစ်ချက်ထိတွဲလုံးတွေနဲ့ ထိုးဖောက်တိုက်စစ်ဆင်ကစားတတ် တဲ့ မာလာ
ဂါရဲ့တိုက်စစ်ကစားပုံကို သတိထားထိန်းချုပ်ရဖို့တော့ လိုပါ လိမ့်မယ်။ အထူးသဖြင့် ကွင်းလယ်
မှ ကမာချို၊ အစ္စကို၊ ယော်ကွင်းနဲ့ တိုက်စစ်မှ ဆာဘီယိုလာတို့ဟာ လျင်လျင်မြန်မြန်
ထိုးဖောက်ကစားနိုင်တဲ့ တိုက်စစ်မှူးမျိုး တွေဖြစ်လို့ ဘာစီလိုနာခံစစ်အမှားကို ချက်ချင်း
အခွင့်အရေးယူသွားနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေကြပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာဟာ လာလီဂါဘက်မှာ ချန်ပီယံဆုကို သေချာသထက်သေချာ
အောင်ကစားပြီး ချန်ပီယံလိဂ်ဘက်ကို စိတ်အေး လက်အေး လှည့်ကစားလို့ရနိုင်အောင်
ဖန်တီးထားနိုင်မယ့် အခြေအနေမျိုးမှာ ရှိနေတဲ့အတွက် အနီးအနားက အဓိကပြိုင်ဘက်
တွေနဲ့တွေ့ရင် အပြတ်ဖြတ် ထားနိုင်ဖို့ ကြိုးစားဦးမှာပါပဲ။

အစဉ်အလာပိုင်းကိုကြည့်လိုက်ပြန်ရင်လည်း မာလာဂါကွင်းမှာ ဘာစီလိုနာဟာ အသာစီး
ရတာများလေ့ရှိတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မာလာဂါကွင်းမှာ ဘာစီလိုနာအနေနဲ့
တစ်ကြိမ်သာ အရှုံးပေးထားခဲ့ရဖူးပြီး နောက်ဆုံး ကစားထားခဲ့တဲ့ လေးနှစ်ဆက်တိုက်
မှာလည်း မာလာဂါကို ပြတ်ပြတ် သားသားအနိုင်ယူပြထားတဲ့ အစဉ် အလာမျိုးတွေရှိနေ
တာက ဘာစီလိုနာ အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း အားသာမှုတစ်ခု ရှိနေနိုင်
ပါသေးတယ်။ ဒါကြောင့်လည်း ဒီပွဲအတွက်ရွေးချယ် ရမယ်ဆိုရင် ဘာစီလိုနာပါပဲ။

အခြားပွဲစဉ်များ

ဘီလ်ဘာအို     -    ရာယို *
ဗယ်လာဒိုးလစ်     -    မာယော့ကာ *
* အက်စ်ပန်ညို     -    ဆယ်လ်တာ
* အိုဆာဆူနာ     -    ရီးယဲလ်
* ဗလင်စီယာ     -    ဆီဗီလာ
ဘက်တစ်     -    လီဗန်တေး *
ဆိုဆီဒက်     -    ဒီပို့တီဗို *
အလက်တီကို     -    ဇာရာဂိုဇာ *
* ဂီတာဖေး     -    ဂရန်နာဒါ



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး