နာပိုလီရဲ့အနိုင် ပြတ်သားပါ့မလား

နာပိုလီရဲ့အနိုင် ပြတ်သားပါ့မလား

နာပိုလီ - ပါလာမိုကိုပါအီတာလျံရှုံးထွက်ပွဲစဉ်တွင် ဘိုလော့နာကို အရေးနိမ့်ခဲ့ပြီးနောက်ပိုင်း
ပြန်လည်အားထည့်ကစားလာသော နာပိုလီသည် နှစ်သစ်ကူး အားလပ်ရက် မတိုင်မီ
နောက်ဆုံးပွဲစဉ်အဖြစ် ဆီနာ ကွင်းတွင် နှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။

တစ်ဖန် ၂၀၁၃ ခုတွင် စီးရီးအေပွဲစဉ်များ ပြန်လည်စတင်သောအခါ အိမ်ကွင်း၌ ရိုးမားကို
၄-၁ ဖြင့် ခြေစွမ်းပြအနိုင်ရ ခဲ့ခြင်းကြောင့် ပရိသတ်များ အာရုံစိုက် စရာဖြစ်လာသည်။

ထိုနှစ်ပွဲဆက်တိုက်တွင် နာပိုလီတို့ ခြောက်ဂိုးသွင်းယူခဲ့ရာ တိုက်စစ်အား ရော၊ ဂိုးသွင်း
နှုန်းပါ ယခင်ကနှင့်မတူ တော့ဘဲ ထက်မြက်လာသည်။ တစ်ဖန်ထိုသို့သွင်းယူခဲ့သော
ခြောက်ဂိုးစလုံးကို အဓိကတိုက်စစ်မှူး ကာဗာနီနှင့် ကွင်းလယ်က မက်ဂီယိုတို့နှစ်ယောက်
တည်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ကာဗာနီသည် ရိုးမားနှင့်ပွဲတွင် ဟက်ထရစ်အပါအဝင် နှစ်ပွဲဆက်တိုက် အတွင်း လေးဂိုး
သွင်းယူပေးခဲ့သည်။ သုံးယောက်ခံစစ်ပုံစံဖြင့် အသားကျ လာသော နာပိုလီသည် ပြိုင်ဘက်
အနေ အထားပေါ်တွင် မူတည်ကာ ၃-၄-၃ နှင့် ၃-၅-၂ ကစားကွက်များကို အလျဉ်းသင့် သလို
ပြောင်းလဲကျင့်သုံးတတ်သည်။

အထူးသဖြင့် တိုက်စစ်ဗိသုကာ ဟမ်ဆစ်သည် နာပိုလီတိုက်စစ်ကို ပုံဖော်ရာတွင် အရေးပါ
နေပြီး ၎င်း၏အခန်းကဏ္ဍနှင့် 'ကစားပေါက်' ပေါ်တွင် မူတည်ကာ နာပိုလီသည် ၃-၄-၃ နှင့်
၃-၅-၂ ကစားကွက်များကို ပြောင်းလဲတတ်သည်။

နာပိုလီကွင်းလယ်တွင် အထူးသဖြင့် ပြိုင်ဘက်တိုက်စစ်အရှိန်ကို လျှော့ချခြင်း နှင့် မိမိ
အသင်း၏ တိုက်စစ်အရှိန်ကို မြှင့်တင်ရာတွင် နာပိုလီကွင်းလယ်သည် ပါးနပ်ပြီး
aggressive-game ကို ကျွမ်းကျင်စွာကစားနိုင်စွမ်းရှိသည်။

တစ်ဖန် အဓိကတိုက်စစ်မှူး ကာဗာနီ ကို 'တည်'ပြီး ၀ါရင့်မက်ဆီဒိုးနီးယားတိုက်စစ်မှူး ဂိုရန်
ပန်ဒက်ဗ်နှင့် အီတလီ လူငယ်တိုက်စစ်မှူးလေး အင်ဆစ်ဂနီ တို့ကို တစ်လှည့်စီတွဲကစားပေးရာ
နာပိုလီတိုက်စစ်သည် အထိုက်အလျောက်တည်ငြိမ်မှုရှိသည်။ ကာဗာနီကို အဓိက ပံ့ပိုးပေး
နေသူမှာ ကွင်းလယ်တိုက်စစ် ဖန်တီးရှင်ဟမ်ဆစ်ဖြစ်သော်လည်း အမှန်တကယ်တွင်
ကွင်းလယ် အင်အားစုတစ်ခုလုံးသည် ကာဗာနီကို ပ့ံပိုုးပေးလျက်ရှိသည်။

နာပိုလီနောက်တန်းသည် နိုဝင်ဘာနှင့် ဒီဇင်ဘာလများထဲတွင် မတည်ငြိမ်မှုများနှင့် ရင်ဆိုင်
ခဲ့ရသော်လည်း ပြီးခဲ့သောနှစ်ပွဲ ဆက်တိုက်အနေအထားတွင် ပြန်လည်တိုးတက်လာသည်။
အထူး သဖြင့် ကွင်းလယ်အဖျက်နှင့် ကွင်းလယ်ခံစစ်ပရိယာယ် ကောင်းမွန်တိုးတက် လာခြင်း
ကြောင့် နာပိုလီတို့ အသင်းလိုက်ခြေစွမ်း ပြန်လည်ကောင်းမွန်လာ သည်။

တစ်ဖက်တွင် နာပိုလီကို ရင်ဆိုင်မည့် ပါလာမိုသည် လတ်တလော ခြေစွမ်း ကျဆင်းမှုများနှင့်
ရင်ဆိုင်နေရသည်။ နိုဝင်ဘာလကုန်ပိုင်းမှ စတင်ခါ ခြောက်ပွဲ ဆက်တိုက် နိုင်ပွဲလုံးဝပျောက်ဆုံး
သွားသော ပါလာမိုသည် ဂိုးသွင်းအား ကျဆင်းသွားသည်။ ပြိုင်ဘက်အသင်း အား ပွတ်ကာ
သီကာမျှဖြင့် အရေးနိမ့် ခဲ့သော ပါလာမို နောက်တန်း၏ ခံစစ်ကစားပုံသည် မဆိုးလှသော်
လည်း တိုက်စစ်ပိုင်းတွင် ရုန်းကန်ရပြီး သွင်းဂိုး ပျောက်သွားခြင်းကြောင့် ဖိအားများနှင့် ရင်ဆိုင်
လာရခြင်းဖြစ်သည်။

ခြံုငုံသုံးသပ်ရလျှင် အသင်းလိုက် ရစ်သမ်မှန်လာခြင်းနှင့်အတူ တိုက်စစ်ထက်မြက်လာသော
နာပိုလီသည် ဂျူဗင်တပ်နှင့် လာဇီယိုတို့ကို ဖိအားပေးနိုင်ရန် အာရုံစူးစိုက်မှုအပြည့်ဖြင့်
ဆက်တိုက်အားထည့်ကစားလာသည်။ တစ်ဖက်တွင် ပါလာမိုသည် တောက်လျှေက်
စိုက်ဆင်းနေပြီး ဂိုးသွင်းအားပျောက်ဆုံးနေသောကြောင့် ယခုပွဲတွင် နာပိုလီအတွက်
သုံးမှတ်သေချာ သော်လည်း ဂိုးနည်းဖွယ်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး