ပြီးခဲ့သည့် တနင်္လာနေ့က ဆွစ်ဇာလန် နိုင်ငံ၊ ဇူးရစ်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ အကောင်းဆုံး
ဘောလုံးသမားဆု (Fifa Ballon d'Or) ချီးမြှင့်ပွဲ အခမ်းအနား တွင် အာဂျင်တီးနားကစား
သမား မက်ဆီက လေးနှစ်ဆက်ရရှိသွားခဲ့သည်။
မက်ဆီသည် ၂၀၀၉ ခုနှစ်မှစ၍ ဖီဖာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို ယခုနှစ်အထိ
ဆက်တိုက်ရရှိခဲ့ခြင်း လည်းဖြစ်သည်။
Fifa Ballon d'Or ဆုသည် ယခင် က ဥရောပအကောင်းဆုံးကစားသမား ဆုအဖြစ်ချီးမြှင့်
သော ပြင်သစ်နိုင်ငံမှ အားကစားကလောင်ရှင်များ မဲပေး ရွေးချယ်သည့်Ballon d'Or နှင့်
ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာမှ ချီးမြှင့်သောFIFA World Player of the Year ဆုတို့ကို
ပေါင်းစပ်ထားသည့်ဆုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် မှစတင်ခါ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
မက်ဆီသည် Ballon d'Or နှင့် FIFA World Player of the Year တို့ မပေါင်းစပ်မီ ၂၀၀၉
ခုနှစ်ကပင် ကမ္ဘာ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ ခြင်းဖြစ်သည်။
ယခုနှစ် Fifa Ballon d'Or ဆု အတွက် မက်ဆီသည် ဘာစီလိုနာ ကလပ်တစ်သင်းတည်း
ကစားဖော် အင်နီယေစတာ၊ ရီးယဲလ်မက်ဒရစ် အသင်းမှ စီရော်နယ်ဒိုတို့နှင့် အပြိုင်
ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး မက်ဆီက ၄၁ ဒသမ ၆၀ ရာခိုင်နှုန်းနှင့် အကောင်းဆုံး ကစားသမား
ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယနေရာအတွက် စီရော်နယ်ဒိုက၂၃ ဒသမ ၆၈ ရာခိုင်နှုန်းနှင့်
တတိယ နေရာအတွက် အင်နီယေစတာက ၁၀ ဒသမ ၉၁ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ သည်။
(အေအက်ဖ်ပီ)
















