မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက စည်းကမ်းမဲ့အမှိုက်စွန့်ပစ် မှုများကို
ဇန်နဝါရီလ ၁၄ ရက်နေ့မှစ၍ ဖမ်းဆီး အရေးယူနေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်
သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနထံမှ စုံစမ်းသိရှိရသည်။
"အမှိုက်စွန့်ပစ်ဖို့အတွက် နံနက် ၅ နာရီကနေ ၈ နာရီ၊ ညနေ ၅ နာရီကနေ ၈ နာရီ ကြား
သတ်မှတ်ထားပါတယ်။ သတ်မှတ် ထားတဲ့ အချိန်အတိုင်းမပစ်ဘဲနဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်ရင်
ဖမ်းပါတယ်။ နောက်ပြီး လမ်းဘေးမှာပဲ စည်းကမ်းမဲ့ အမှိုက်ပစ်ရင်လည်း ဖမ်းပါတယ်။
နောက်ပိုင်းမှာ ကားပေါ်ကနေ အမှိုက် ပစ်ချရင်လည်း ဖမ်းဆီးအရေးယူသွားပါမယ်။
"အရင်က ညပိုင်းတွေမှာပဲ စည်းကမ်းမဲ့အမှိုက်ပစ်တာတွေကို ဖမ်းဆီးခဲ့ တာပါ။ အခု ဇန်နဝါရီ
၁၄ ရက်နေ့ကစ ပြီးနေ့ရော၊ ညပါ ဖမ်းဆီးအရေးယူ နေပါပြီ"ဟု မန္တလေးမြို့တော်စည်ပင်
သာယာရေးကော်မတီ သန့်ရှင်းရေးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်က
ပြောသည်။
ယင်းသို့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု များကို မြို့နယ်သန့်ရှင်းရေးဌာန၊ စီမံရေး ရာဌာန၊ စည်ပင်
ရဲတပ်ဖွဲ့၊ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း
၎င်း က ပြောသည်။
"လူနေအိမ်တွေက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ရင် ကျပ်သုံးသောင်းခွဲ ဒဏ် ရိုက်ပါတယ်။
ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် ရင်တော့ လေးသောင်းခွဲ
ဒဏ်ရိုက်ပါ တယ်"ဟု သန့်ရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်က
ပြောသည်။
မန္တလေးမြို့၏ အမှိုက်ထွက်ရှိမှုမှာ ယမန်နှစ်ထက် ပိုမိုများပြားလာပြီး တစ်ရက် ပျမ်းမျှအမှိုက်
တန်ချိန် ၆၅၀ အထိ ထွက်ရှိလာကြောင်း သိရသည်။
"မနှစ်ကဘဏ္ဍာနှစ်မှာ တစ်ရက်ကို ပျမ်းမျှအမှိုက်တန်ချိန်က ၃၉၀ နဲ့ ၄၀၀ ကြားထွက်တယ်။
ဒီနှစ်တော့ တစ်ရက် ကို ပျမ်းမျှအမှိုက်တန်ချိန်က ၆၅၀ အထိ ထွက်လာတယ်။ အမှိုက်သိမ်း
ဆည်းတဲ့ ယာဉ်အရေအတွက် တိုးလာတာလည်း ပါပါတယ်။
"မနှစ်ဘဏ္ဍာနှစ်မှာ ယာဉ်စီး ရေက ၁၁၆ စီးနဲ့ သုံးဘီးဆိုင်ကယ် အစီး၉၀ ပဲ ရှိခဲ့တာပါ။ ဒီနှစ်မှာ
တော့ အမှိုက် တွန်းလှည်းတွေပါ တိုးလာတယ်"ဟု ဦးစိုးတင့်အောင်က ပြောသည်။
လက်ရှိတွင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ သန့်ရှင်းရေးဌာနက ခြောက်မြို့နယ်
အတွင်းအသုံးပြုနေ သည့် ယာဉ်စီးရေမှာ ယာဉ်ကြီး ၁၆၁ စီး၊ သုံးဘီးဆိုင်ကယ် ၁၅၆ စီး၊
တွန်းလှည်း အစီး ၅၀ ဖြစ်ကြောင်း သိရသည်။
"ကားကြီးတွေက အဓိကလမ်းမကြီး တွေမှာ ခေါင်းလောင်းတီးပြီး အမှိုက်သိမ်းတယ်။ သုံးဘီး
ဆိုင်ကယ်နဲ့ တွန်း လှည်းတွေကတော့ ကားကြီးတွေ မဝင်နိုင်တဲ့ လမ်းကြိုလမ်းကြားတွေမှာ
အမှိုက်သိမ်းဖို့ဖြစ်ပါတယ်။
"မန္တလေးမြို့က ထွက်တဲ့ အမှိုက်တွေကို မင်းကုန်း အမှိုက်ကျင်းနဲ့ တောင်အင်းမြောက်အင်း
အမှိုက်ကျင်းတွေမှာ စွန့်ပစ်ပါတယ်။ အခုဆိုရင် တောင်အင်းမြောက်အင်းမှာ နိုင်ငံခြားကုမ္ပဏီ
တွေနဲ့ ပူးပေါင်းပြီး အမှိုက်တွေကနေ လျှပ်စစ်ဓာတ်အား ထုတ်ဖို့ ပြင်ဆင်နေပါတယ်"ဟု
ဦးစိုးတင့်အောင်က ဆက်လက်ပြောပြသည်။















