မန္တလေးမြို့တွင် မြေအောက်ပိုက်လိုင်းများဖြင့် မိလ္လာစွန့်ပစ်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံမှ
ပညာရှင်များ လာရောက်လေ့လာနိုင်ရန် မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ကိုရီးယား
ကုမ္ပဏီတို့အကြား သဘောတူစာချုပ်တစ်ရပ်ကို ယခုလ ၈ ရက်နေ့က ချုပ်ဆိုခဲ့ကြောင်း သိရ
သည်။
ကိုရီးယားသမ္မတနိုင်ငံမှ တရားဝင် ဖွဲ့စည်းထားသော SUNJIN Engineering and Archite-
cture Company Limited နှင့် စာချုပ်ချုပ်ဆိုခဲ့ ပြီး မိလ္လာပိုက်လိုင်းစနစ်အပြင် ရေဆိုး ပိုက်
လိုင်းစနစ်နှင့် ရေဆိုးသန့်စင်လုပ်ငန်းများလည်းပါ၀င်ကြောင်း သိရသည်။
"စာချုပ်လက်မှတ် ရေးထိုးတယ်ဆို တာက လုပ်ငန်းပူးပေါင်းဆောင်ရွက်ဖို့ ကြိုတင်လေ့လာရေး
လုပ်ဖို့အတွက် ပါ။ လေ့လာဖို့အချိန် လေးလလောက် ကြာမယ်"ဟု မန္တလေးမြို့တော်စည်ပင်
သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာန ဌာနမှူး ဦးတင့်လွင်က ယခုလ ၁၀ ရက်နေ့က
ပြောသည်။
ကိုရီးယားနိုင်ငံမှပညာရှင်များလာ ရောက်လေ့လာရာတွင် သက်ဆိုင်ရာ အပိုင်းအလိုက် ပညာ
ရှင်များက လာ ရောက် လေ့လာသွားမည်ဖြစ်ကာ မန္တလေးမြို့မှ ချောင်းနှင့်မြောင်းများ အခြေ
အနေနှင့် လက်ရှိပတ်ဝန်းကျင် အခြေအနေများ အားလုံးကိုလည်း လေ့လာသွားမည်ဖြစ်သည်။
"မန္တလေးမှာ မိလ္လာစနစ်က အိမ်တွေ ကနေ ကားနဲ့စုပ်ပြီး ယူနေရတယ်။ အဲဒီ စနစ်အစား မြေ
အောက်ပိုက်လိုင်းစနစ်ကို အသုံးပြုမယ်ဆိုရင် အရင်ကထက်ပိုပြီးတော့ နေထိုင်မှုတွေအဆင်
ပြေလာမယ်။
"ရေဆိုးပိုက်လိုင်းစနစ်တွေကို ပြုပြင် ပြောင်းလဲလိုက်မယ်ဆိုရင် မြို့ပြလူနေမှု အဆင့်လည်းမြင့်
လာမယ်။ ပတ်ဝန်းကျင် လည်း သန့်ရှင်းလာမယ်။ ကျန်းမာရေး အတွက်လည်း အထောက်
အကူပြုလာမယ်"ဟု ဦးတင့်လွင်က ဆက်လက်ပြောပြသည်။
ယခုအချိန်တွင် မြို့တော်စည်ပင် သာယာက မော်တော်ကားများဖြင့် လိုက်လံစုပ်ယူပြီး ရေတံခွန်
တောင်ရှိ စွန့်ပစ်ကန်အတွင်းသို့ စွန့်ပစ်ပေးနေရကာ ၀န်ဆောင်ခအဖြစ် ကားတစ်စီးလျှင်
မြို့တွင်း၌ ကျပ်နှစ်သောင်းကိုးထောင် ပေးဆောင်ရပြီး အမရပူရမြို့နယ်တွင်မူ ကျပ်သုံးသောင်း
ရှစ်ထောင် ပေးဆောင်ရကြောင်း သိရသည်။
"မိလ္လာစနစ်ကို ပိုက်လိုင်းနဲ့လုပ်တာ ကောင်းပါတယ်။ ရေဆိုးပိုက်လိုင်းတွေ နဲ့ ချောင်းတွေက
မိုးတွင်းမှာဆိုရင် ရေလျှံတယ်။ လမ်းတွေလည်း ပျက်တာ ပေါ့။ အသွားအလာအတွက်လည်း ဒုက္ခရောက်ကြရတယ်။ ပြည်သူလူထု ကောင်းဖို့အတွက်လုပ်တာမို့ အောင်မြင်အောင် လုပ်စေ
ချင်ပါတယ်"ဟု မန္တလေးမြို့မှ သကာရည်လုပ်ငန်းလုပ်ကိုင်သူ အသက် ၄၅ နှစ်အရွယ်
ဦးသန်းလွင်က မြန်မာတိုင်း(မ်)ကို ပြောသည်။















