စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဆင်တဲကျေးရွာတွင် ဖွင့်လှစ်ထားသော
ရွှေဆံနွယ်ဓမ္မဓရ ကုသိုလ်ဖြစ်ဆေးခန်းက ယနေ့အချိန်ထိ လူနာလေးသောင်းဝန်းကျင်ထိ
ကုသပေး ပြီးဖြစ်ကြောင်း ရွှေဆံနွယ်ဆရာတော်ဓမ္မဓရအရှင်ဝါယမာနန္ဒက မိန့်ကြားသည်။
"ဆေးခန်း စဆောက်ကတည်းက ကုလာတာ။ အခုလို ဆရာဝန်တွေနဲ့ အများ ကြီးလာကုပေး
တာ ဆယ့်တစ်ခေါက်မြောက်ပါ။ ဖွင့်ပွဲရက်တုန်းကဆိုရင် တစ်ရက်တည်းနဲ့ အထွေထွေက
လူနာ နှစ်ရာ၊ သွားလူနာ ရှစ်ဆယ်၊ ခွဲစိတ်လူနာ ၃၂ ဦး ထိကုသပေးခဲ့ရတယ်"ဟုဆရာတော်က
မိန့်ကြားသည်။
အဆိုပါ ဆေးခန်းသည် အနီးရှိကျေး ရွာပေါင်း ကိုးဆယ်က အားကိုးနေရပြီး နေ့စဉ်လူနာ ၂၀ နှင့်
၁၀၀ ကြား အခမဲ့ ကုသပေးနေရကြောင်း သိရသည်။ လက်ရှိဆေးခန်းကို ဆေးရုံအဖြစ် တိုးချဲ့
ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် နေကြောင်း ဆရာတော်က မိန့်သည်။
"အခုဆေးခန်းကို ဆေးရုံအဖြစ် ပြောင်းဖို့အတွက် လိုအပ်ချက်တွေအများကြီးပဲ ရှိနေသေးတယ်။
မွေးဖွားလူ နာတွေကို မုံရွာက ဆေးရုံကို ပို့ပေးနေရတယ်။ပြောင်းနိုင်ဖို့ကိုလည်း ကြိုးစားနေ
တယ်။အချိန် တစ်ခုတော့ စောင့်ရမှာပါ"ဟုဆရာတော်က မိန့်ကြားသည်။ လက်ရှိအချိန်တွင်
ဆေးခန်း၌ အမြဲ တမ်းဆရာဝန်နှစ်ဦးနှင့် သူနာပြုဆရာမ ခြောက်ဦးတို့ကကုသပေးလျက်ရှိသည်။
"အခုလို ဆေးခန်းဖြစ်အောင် ဆောင် ရွက်စီမံပေးတဲ့အတွက် ဆရာတော်ကို လည်း ကျေးဇူး
တင်ပါတယ်။ အတော် အသင့်ရောဂါဆိုရင် ဒီဆေးခန်းလေးမှာ အခမဲ့ကုသနိုင်တယ်။ ဒေသခံ
တွေရဲ့ ကျန်းမာရေးကို အပြည့်အဝစောင့် ရှောက်ပေးနိုင်ပါတယ်"ဟု ဆင်တဲ ကျေးရွာမှ
ဒေသခံတစ်ဦးဖြစ်သူ အသက် ၆၀ အရွယ်ရှိ ဦးဘိုးမောင်က ပြောသည်။
ဆေးခန်း၏ တစ်နေ့ကုန်ကျစရိတ် မှာ ကျပ်နှစ်သိန်းခန့်ရှိပြီး ဆေးပဒေသာ ပင်စိုက်လိုသူများနှင့်
လှူဒါန်းလိုသူများ သည် ၀၉-၂၀၃၅၁၅၄ နှင့် ၀၉-၄၀၂၇၄၆၆၉၉ တို့သို့ဆက်သွယ် လှူဒါန်းနိုင်
ကြောင်း သိရသည်။















