ကောင်းမှုတော်ဘုရားကြီး ထုံးသင်္ကန်းပြန်လည်ကပ်နိုင်ရေး ဆောင်ရွက်မည်ဟု စစ်ကိုင်းလွှတ်တော် ကိုယ်စားလှယ်ဆို

ကောင်းမှုတော်ဘုရားကြီး ထုံးသင်္ကန်းပြန်လည်ကပ်နိုင်ရေး ဆောင်ရွက်မည်ဟု စစ်ကိုင်းလွှတ်တော် ကိုယ်စားလှယ်ဆို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်ဘုရား ကြီးအား ထုံးသင်္ကန်း
ပြန်လည်ကပ်နိုင် ရေး ဒေသအာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်း
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကောင်းမှုတော်ဘုရားကြီး ထုံးသင်္ကန်း ပြန်ကပ်နိုင်ဖို့အတွက် ဒေသခံတွေကလည်း တောင်း
ဆိုထားတယ်။ ဒီကိစ္စက ပြည်သူ့လွှတ်တော်ထိ တင်စရာ မလိုပါဘူး။ သက်ဆိုင်ရာဒေသ
အာဏာပိုင်တွေနဲ့ပဲ ညှိနှိုင်းဆောင်ရွက်သွားမှာပါ" ဟု ၎င်းက ပြောသည်။

ရာဇာမဏိ စူဠာကောင်းမှုတော် စေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်းကို ၂၀၁၀ ပြည့်နှစ်
ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဩဝါဒစရိယဆရာတော်ကြီးများ၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း
ဖြစ်ပြီး ရွှေသင်္ကန်းကပ်လှူရာတွင် ကျပ် သိန်းပေါင်း နှစ်ထောင်ခန့် ကုန်ကျခဲ့ကြောင်း
သိရသည်။

အဆိုပါ ရွှေသင်္ကန်းကပ်လှူခြင်းသည် ရွှေသားအစစ်ဖြင့် ကပ်လှူထားခြင်းမဟုတ်ဘဲ ရွှေဆေးဖြင့်
သုတ်လိမ်းကပ်လှူထားခြင်းဖြစ်ကာ ငါးနှစ်အာမခံထိ  ရှိကြောင်း သိရသည်။ ဘုရားကြီးအား
ထုံးသင်္ကန်းကပ်လှူမည်ဆိုပါက ငွေကျပ် ဆယ့်နှစ်သိန်းခန့် ကုန်ကျမည်ဖြစ်ပြီး ဘုရားဂေါပက
အဖွဲ့က ယခင်က နှစ်စဉ်ကပ်လှူခဲ့ကြသည်။

"မြို့ခံတွေအပြင် တခြားမြို့က လူတွေ ကလည်း ကောင်းမှုတော်ဘုရားကြီးကို ရှေးကတည်းက
မြင်ခဲ့ရတဲ့ ထုံးသင်္ကန်းနဲ့ပဲ ဖူးချင်ကြပါတယ်။ ထုံးသင်္ကန်းနဲ့က ပိုပြီးတော့ ကြည်ညိုစရာလည်း
ကောင်း ပါတယ်။ ကျွန်တော်တို့ စစ်ကိုင်းမြို့သူ မြို့သားတွေအနေနဲ့ကတော့  ကောင်းမှုတော်
ဘုရား ထုံးသင်္ကန်းကပ်နိုင်ရေး အတွက် ဆက်လက်လုပ်ဆောင်သွား မှာပါ"ဟု စစ်ကိုင်းမြို့ခံ
ဖြစ်သူ ကိုအောင်လင်းက ပြောသည်။

စစ်ကိုင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊
တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များနှင့် မိဘပြည်သူများ စစ်ကိုင်းမြို့တော်ခန်းမ
တွင် တွေ့ဆုံနိုင်ရန် ဖိတ်ကြားထားသော်လည်း  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  
ဦးခင်မောင်သိန်း တစ်ဦးသာ တက်ရောက်နိုင်ခဲ့ပြီး လွှတ်တော်အတွေ့ အကြံုများကို ပြည်သူ
များအား ရှင်းလင်းပြခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဒေသခံ ပြည်သူများက စစ်ကိုင်းမြို့တွင် မီး သဂြိုဟ် စက်ထားရှိ
ပေးရေး၊ တိုင်းရုံးများ စစ်ကိုင်းသို့ ပြန်လည်ထားရှိပေးရေးနှင့် စစ်ကိုင်းနည်းပညာတက္ကသိုလ်
ဘွဲ့နှင်း သဘင်ခန်းမ တည်ဆောက်ပေးရေးနှင့် မြို့အတွက် အခြားလိုအပ်ချက်များ
ကိုလည်း တင်ပြဆွေးနွေးတောင်းဆိုခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ကလည်း လိုအပ်သည်
များကို ပြည်သူ့လွှတ်တော်သို့ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ကတိပေးပြောကြား
ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး