ယာဉ်လုပ်ငန်းများကြီးကြပ်ရေး ကော်မတီသစ် ဖွဲ့စည်း

ယာဉ်လုပ်ငန်းများကြီးကြပ်ရေး ကော်မတီသစ် ဖွဲ့စည်း

မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်း များကြီးကြပ်ရေးကော်မတီသစ်ကို ဇန်န ၀ါရီလ ၈ ရက်
နေ့က ပြန်လည်ဖွဲ့စည်းခဲ့ ရာလမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးဦးကျော်ဆန်းက
လုပ်ငန်းတာဝန် များပေးအပ်ခဲ့ကြောင်း သိရသည်။

ယခင်က မော်တော်ယ ာဉ်လိုင်းပေါင်း စုံထိန်းသိမ်းရေးအသင်း (မထသ)အဖြစ် ဖွဲ့စည်းခဲ့ရာမှ
ယခုအခါပုဂ္ဂလိက ယာဉ်လိုင်းများကို စနစ်တကျ ကွပ်ကဲနိုင်စေရန် ယာဉ်လိုင်းများ ကြီးကြပ်
ရေးကော်မတီ (ယကက)အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော် မတီကို ဗဟိုချုပ်ကိုင်မှုမရှိကြောင်း၊ ယာဉ်ပိုင်ရှင်များက
လျှို့ဝှက်စနစ်ဖြင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ် တင်မြှောက်ထားခြင်းဖြစ်ကာ အဖွဲ့
အစည်းကြီး တိုးတက်အောင်မြင်ရေးကို အမှုဆောင်များက ဦးဆောင်ကြိုးပမ်းရန် လိုအပ်
ကြောင်း ၎င်းက ပြောသည်။

"မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိ တဲ့ယာဉ်လိုင်းတွေမှာ မြို့တွင်းလိုင်း၊ အဝေးပြေးလိုင်း၊
ကုန်တင်၊ ခေါက်တို ယာဉ်လိုင်းတွေပါ၀င်ပါတယ်။ အဝေးပြေး အသင်းမှာ အသင်းပေါင်း ၃၅၀
ပါ၀င်ပြီး ယာဉ်စီးရေ ၄,၈၉၃ စီးပါ၀င်ပါတယ်။ ယာဉ်စီးရေ ၁,၂၀၀ လောက်နဲ့ နေ့စဉ်ပြေးဆွဲ
နေတာပါ။

"မြို့တွင်းအသင်းမှာ အသင်းအဖွဲ့ ပေါင်း ၄၃ သင်း၊ ယာဉ်စီးရေ ၈၀၇ စီးနဲ့ နေ့စဉ်  ၅၅၀ စီး
ပြေးဆွဲနေပါတယ်။ ကုန်တင်ယာဉ်စီးရေ ၂,၇၇၅စီး၊  ခေါက်တို ယာဉ်စီးရေ ၄၅၀ နဲ့ နေ့စဉ်
ပြေးဆွဲနေပါတယ်"ဟု ဦးကျော်ဆန်းက ပြောသည်။

ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းအောင်ကလည်း "ကော်မတီ
အနေနဲ့ ကုန်စည်စီးဆင်းမှုနဲ့ ဆိုင်တဲ့ စီးပွားရေးအချက်အလက်တွေကို ကူညီဆောင်ရွက်
ပေးရမဲ့အပြင် ယာဉ်လောကသားများရဲ့ ဘဝစနစ်တကျရှိရေးကို ကူညီဆောင်ရွက်ပေးနေ
တာကြောင့် ယာဉ်လောကသားတွေ အနေနဲ့လည်း အခက်အခဲရှိရင် ပွင့်ပွင့် လင်းလင်းတိုင်ပင်
ဆွေးနွေးနိုင်ပါတယ်။ ယာဉ်လောကသားတွေရဲ့ အသံကို အမြဲတမ်းနားစွင့်နေပါတယ်"ဟု
၎င်းက ပြောသည်။

မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီကို ကော်မတီသုံးရပ်ဖြင့် ဖွဲ့စည်းထားပြီး၊ ၎င်း
ကော်မတီသုံးရပ်မှ လက်ရှိဥက္ကဋ္ဌသုံးဦးက အလှည့်ကျ စနစ်ဖြင့် မန္တလေးတိုင်းဒေသကြီး
ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကို အလှည့်ကျတာဝန်ယူ ရမည်
ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး