သံဃာဆေးကုခန်း ဂုဏ်ပြုလွှာများ ပေးအပ်ပွဲကျင်းပ

သံဃာဆေးကုခန်း ဂုဏ်ပြုလွှာများ ပေးအပ်ပွဲကျင်းပ

မန္တလေးမြို့ ချမ်းသာကြီးတောင်တိုက်၊ ပဲခူးကျောင်းအတွင်း၌ ဖွင့်လှစ်ထားသော အောင်ချမ်းသာ
ဇီဝိတဒါန သံဃာတော်များဆေးကုခန်းမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို
ဇန်နဝါရီလ ၁၃ ရက်နေ့က မန္တလေးမြို့၊ အောင်ချမ်းသာ ကျောင်းတိုက်တွင်ပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် အောင်ချမ်းသာ ကျောင်းတိုက်ဆရာတော် ဦးဓမ္မတိက္ခ က အလှူရှင် ၁၀၀
ကျော်အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

"ပထမဆုံးလက်ခံရရှိတဲ့အလှူငွေ ရ၅ သိန်းကို ဘဏ်မှာအပ်နှံထားပါပြီ။  လက်ရှိအချိန်မှာတော့
အလှူငွေသိန်း ၅၀၀ ကျော်ထိရရှိထား ပြီးပါပြီ၊ ဒီနေ့ အချိန်ထိ ဆေးခန်းအတွက်အသုံးပြုတဲ့
ငွေက သိန်း ၃၀၀ ကျော်ရှိနေပါပြီ"ဟု ဆရာတော်က မိန့်သည်။ ဆေးခန်းဖွင့်လှစ်ရခြင်း၏
ရည်ရွယ် ချက်မှာ သံဃာတော်များ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့်တရားအားထုတ်
နိုင်ကြစေရန်နှင့် စာပေသင်ကြားနိုင် ကြစေရန်၊ အလှူရှင်များကလည်း ဆေးကုသိုလ်နှင့်
အလင်းဒါနကုသိုလ်များ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ကြောင်း ဆရာတော်က မိန့်သည်။

"ဒီဆေးခန်းမှာ ရပ်ဝေး၊ ရပ်နီးက သံဃာတော်တွေကို တနလာင်္နေ့ကနေ သောကြာနေ့အထိ
ဆရာဝန် နှစ်ဦးက လက်ခံပြီး ကုသပေးနေတာ ခုဆိုရင် လာရောက်ကုသကြတဲ့ သံဃာ
တော်တွေ တော်တော်များနေပြီ၊ မျက်စိမကောင်းတဲ့ သံဃာတော်တွေအတွက်လည်း မျက်စိ
စမ်းသပ်ပေးပြီး ပါ၀ါမျက်မှန် လှူပေးပါတယ်၊ ဒီနေ့အချိန်ထိသံဃာ တော်တွေအတွက် မျက်မှန်
အလက် ၃၀၀ ကျော် လှူဒါန်းပြီးပါပြီ"ဟု ဆရာ တော်ကမိန့်သည်။

အောင်ချမ်းသာ ဇီဝိတဒါနဆေးကု ခန်းကို၂၀၁၀ ပြည့်နှစ် ဩဂုတ်လ ၁ ရက်နေ့မှစတင်
ဖွင့်လှစ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး