မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွက် မြေဧကနှစ်သိန်းခြောက်သောင်းပါ၀င်မည့် စာချုပ်ချုပ်ဆို

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွက် မြေဧကနှစ်သိန်းခြောက်သောင်းပါ၀င်မည့် စာချုပ်ချုပ်ဆို

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ဖွဲ့စည်းတာဝန်ပေးအပ်သော မန္တလေး စက်မှုလုပ်ငန်းများ
ဖွံဖြိုးရေးအာဏာပိုင် နှင့် တော်ဝင်အဆင့်မြင့် နည်းပညာအဖွဲ့ ကုမ္ပဏီလီမိတက်တို့သည်
မြေဧက နှစ်သိန်းခြောက်သောင်းကျော် ပါ၀င်မည့် မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့ စီမံကိန်း
လုပ်ငန်းကို အကျိုးတူဆောင် ရွက်နိုင်ရန် သဘောတူစာချုပ်ကို ယခုလ ၉ ရက်နေ့က
ချုပ်ဆိုခဲ့ကြသည်။

အဆိုပါစာချုပ်ကို ပြည်ကြီးတံခွန်မြို့ နယ် မန္တလေးစက်မှုဇုန်ရှိ Hi-Tech,A-1 (Log House)
တွင် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်
စက်မှုလက်မှု ၀န်ကြီးဋ္ဌာန ၀န်ကြီး ဒေါက်တာမြင့်ကြူနှင့် တော်ဝင်အဆင့်မြင့် နည်းပညာအဖွဲ့
ကုမ္ပဏီလီမိတက်၏ မန်နေဂျင်း ဒါရိုက်တာဒေါက်တာ ထွန်းထွန်းအောင်တို့က စာချုပ်ကို
လက်မှတ်ရေးထိုးခဲ့ကြသည်။

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့ စီမံကိန်းလုပ်ငန်းပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ "ကျွန်တော်
တို့အစိုးရအဖွဲ့ ပေါ်ပေါက်လာပြီးတဲ့နောက် ဒီနယ်မြေ  မှာ လုပ်ငန်းတစ်ခုဆောင်ရွက်လိုတယ်။
ဒီလုပ်ငန်းက နယ်မြေကထွက်ရှိတဲ့ စိုုက် ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို အဆင့် မြှင့်ပြီးတာ့မှ
ပြည်ပပို့လို့ရအောင် ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  တော်ဝင်အဆင့်မြင့်နည်းပညာ
အဖွဲ့ ကုမ္ပဏီလီမိတက်က စတင်စဉ်းစားလာ ပါတယ်။

ဒီစဉ်းစားလာချက်ကို ကျွန်တော်တို့နဲ့ လာရောက်ပြီး ဆွေးနွေးပါတယ်။ နောက်ပိုင်းမှာတော့
ဒီကနေ တစ်ဆင့် နယ်မြေအခြေအနေကို အသေး စိတ် လေ့လာပြီးတဲ့နောက် ဒီနေရာမှာ
ဆိပ်ကမ်းတစ်ခု တည်ဆောက်မယ်။ နောက် စက်မှုဥယျာဉ်တစ်ခုကို တည် ဆောက်မယ်ဆို
ပြီးတော့မှ တိုးမြှင့်စဉ်း စားလာကြတယ်။ မူလစဉ်းစားချက်ဟာ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊
အလုပ်အကိုင် အခွင့်အလမ်းရရှိရေးများကို အဓိက ဦးတည်ပြီး ဆောင်ရွက်မယ်ဆိုတဲ့
ဆွေးနွေးချက်ဖြစ်တယ်"ဟု ပြောကြားသည်။

"ဒီဆွေးနွေးချက်အပေါ်မှာ ကျွန်တော်တို့အနေနဲ့ အချက်လေးချက်ကို အခြေခံပြီး စဉ်းစားခဲ့
ပါတယ်။ နံပါတ် တစ်အချက်က ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ
တကယ်ပေါ်ပေါက်မှာလား၊ နံပါတ်နှစ် နယ်မြေဒေသမှာရှိတဲ့ လူထုအနေနဲ့ ဘယ်လောက်
အထိ ထိခိုုက်သွားနိုင်လဲ၊ နံပါတ်သုံး၊ တကယ့်ကို ဒီနယ်မြေဒေသ ဟာ ဖွံ့ဖြိုးတိုးတက်လာနိုင်
တဲ့အခြေအနေရှိရဲ့လား၊ နောက်ဆုံးအချက်က တော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ
ထိခိုက်မှုအနေအထား။ ဒီအချက်လေးချက်ကို အခြေခံပြီးဆွေးနွေးလိုက်တဲ့အခါမှာ ဒီနယ်မြေ
မှာအကောင်အထည်ဖော်မယ်ဆိုရင် အားလုံးကို ဖြည့်ဆည်းပေးနိုင်တယ်။

ကျော်လွှားနိုင်တယ်ဆိုတဲ့ အဖြေတစ်ခုကို ရရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော် တို့တစ်တွေ
လည်းပဲ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တစ်မြို့နယ်လုံး၊ မြင်းခြံ မြို့နယ်က အချို့အဝက်ပါတဲ့
အစီအစဉ်ကို အစိုးအဖွဲ့တွင်းမှာ ဆွေးနွေးပြီးတော့မှ လက်ခံခဲ့တယ်။ ထို့အတူပဲ ဒီအစီအစဉ်
ဟာ ကျွန်တော်တို့အနေနဲ့ အကောင် အထည်ဖော်မယ့် အနေအထားကို ပြည်ထောင်စုအစိုးရ
အဖွဲ့ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ဒီလုပ်ငန်း အခြေအနေတွေကနေ စတင်လုပ်
ဆောင်ခဲ့တာ အခုဆိုရင် စာချုပ်ချုပ်ဆိုတဲ့ အဆင့်ကို ရောက်ရှိပြီဖြစ်ပါတယ်" ဟု
၀န်ကြီးချုပ်ဦးရဲမြင့်က ဆက်လက်ပြောကြားသည်။

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တွင် ထည့်သွင်းတည်ဆောက်မည့် လုပ်ငန်းများမှာ
သယ်ယူပို့ဆောင်ရေးဌာန၊ အလတ်စားစက်မှုလုပ်ငန်း၊ အသေးစား စက်မှုလုပ်ငန်း၊ အထပ်နိမ့်
အိမ်ရာစီမံ ကိန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဇုန်၊ သိပ္ပံနှင့် သုတေသနဌာနရုံး၊
ဂေါက်ကွင်း၊ ပန်းခြံနှင့် စိမ်းလန်းစိုပြည်ရေးနေရာ၊ လုံးချင်းအိမ်ရာ၊ အထပ်မြင့်အိမ်ရာ၊
ကုန်တိုက်နှင့် ဈေးဝယ်စင်တာတို့ ဖြစ်ကြောင်း သိရသည်။

"စီမံကိန်းကို လုပ်ငန်းမစတင်မီ ကြို တင်ဆောင်ရွက်ရမှာဖြစ်လို့ စင်ကာပူနိုင်ငံက ပညာရှင်
အဖွဲ့အစည်းကို ငှားရမ်းပြီး  ရေးဆွဲနေပါတယ်။ စက်မှုဥယျာဉ်တစ်ခုလုံးလိုအပ်တဲ့
နိုင်ငံတကာ အဆင့်မီ အချက်အလက်များအားလုံး ပါ၀င်စေဖို့ နိုင်ငံခြားသားပညာရှင်များ
ဖြစ်တဲ့ စင်ကာပူတစ်ဦး၊ အမေရိကန်နှစ်ဦး၊  နယူးဇီလန်တစ်ဦး၊ ပြင်သစ်တစ်ဦး
စုစုပေါင်းနိုင်ငံခြားသား ပညာရှင်ငါးဦးကို ထပ်မံငှားရမ်းခန့်ပြီး ကုမ္ပဏီက ငွေကြေးများစွာ
မတည်ရင်းနှီး အကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်"ဟု တော်ဝင်အဆင့်မြင့်
နည်းပညာအဖွဲ့ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌဦးအောင်ဝင်းခိုင်က ပြောကြားသည်။

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တွင် အကြီးစားစက်မှုလုပ်ငန်း၊ အလတ်စား စက်မှုလုပ်ငန်း
နင့် အသေးစားစက်မှုလုပ်ငန်းများစွာပါ၀င်သဖြင့် စက်ရုံပေါင်း ၂,၅၀၀ ခန့်နှင့် အလုပ်အကိုင်
အခွင့်အလမ်းရာထူး/ ၀န်ထမ်းခန့်ထားရန် နေရာစုစုပေါင်း ၁၅၀,၀၀၀ ခန့်ထွက်ပေါ်လာနိုင်
ကြောင်း ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး