မီးလင်းရေးကော်မတီက ငွေကြေးရှင်းလင်းရန် ဒေသခံများ ဆန္ဒရှိ

မီးလင်းရေးကော်မတီက ငွေကြေးရှင်းလင်းရန် ဒေသခံများ ဆန္ဒရှိ

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဦးဆောင်သော မီးလင်းရေး
ကော်မတီက ငွေကြေးရှင်း လင်းမှုများပြုလုပ်ပေးရန် ၀န်းသိုမြို့နယ်၊ ကျေးရွာ ၂၆ ရွာမှ
ဒေသခံများက သဘောထားဆန္ဒရှိကြောင်း ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်သည် ၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းက ပါတီ စည်းရုံးရေးဆင်းပြီး
ကျေးရွာမီးလင်းနိုင် ရေးအတွက်ဟုဆိုကာ တချို့ကျေးရွာ များ၌ တစ်အိမ်ထောင် ကျပ်
ငါးသောင်း နှင့် တချို့ကျေးရွာများတွင် တစ်အိမ်ထောင် ကျပ်ခုနှစ်သောင်းနှင့် သွားလာ
ဆောင်ရွက်ခအဖြစ် တစ်အိမ်ထောင်ကျပ်နှစ်ထောင် ထပ်မံ ကောက်ခံခဲ့သော်လည်း ယခု
အချိန်ထိ  လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်နိုင်ခြင်းမရှိသလို ငွေကြေးများပြန်လည်
ရှင်းလင်ခြင်းမရှိသေးကြောင်းဒေသခံများက ဆိုသည်။

"ပိုက်ဆံကောက်သွားတာ လေးနှစ်ကျော်သွားပြီ။ အခုချိန်ထိ လျှပ်စစ်မီးအတွက် ဓာတ်တိုင်
စိုက်တာကိုမရှိသေး ဘူး။ ငွေကြေးပြန်ရှင်းတာလဲ မရှိဘူး။လျှပ်စစ် မီးရရှိရေးအတွက်ကို
ကော်မတီ အသစ်ပြန်လည်ဖွဲ့စည်း ဆောင်ရွက် သွားမယ်။ အခုဖြစ်စဉ်တွေကိုသက်ဆိုင်ရာ
ဌာနအသီးသီးကိုလည်း တင်ပြထား တယ်"ဟု ၀န်းသိုမြို့နယ်၊ ကျေးရွာ ၂၆ ရွာ၏
ကိုယ်စားလှယ် ဂျိုးတောင်ကျေးရွာ မှကိုကျော်မိုးဇော်က ပြောသည်။

သက်ဆိုင်ရာတာဝန်ရှိဌာန၊ ကော်မရှင်နှင့် ကော်မတီများအား စာတင်တိုင်ကြားရာတွင်
လက်မှတ်များကောက်ယူခဲ့ရာ လက်မှတ်မထိုးရန်ပင် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ၎င်းက
ဆက်လက်ပြောပြသည်။

"ကျွန်တော်တို့ဆီက ငွေတွေကောက် သွားတာ ရာနဲ့ချီရှိတယ်။ မီးလဲမလင်း၊ ငွေလဲမရှင်း
ဖြစ်နေတယ်။ တချို့ရွာတွေ မှာ တရားဝင်အစိုးရမီတာဆိုပြီး စက်မီတာတွေတပ်ပြီး တစ်ယူနစ်
၇၀ ကောက်ပြီး ညပိုင်းမှပဲမီးလင်းပေးတယ်။  

"မကျေနပ်လို့ ၀န်းသိုမြို့နယ်အုပ်ချုပ် ရေးမှူးရုံး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာန တွေကို
စာနဲ့ရော လူကိုယ်တိုင်ရော တိုင် တိုင်တာလည်း ထူခြားမှုမရှိပါဘူး"ဟု ဒေသခံတစ်ဦးက
ပြောသည်။

ယခုဖြစ်စဉ်များကို ပြည်သူ့လွှတ် တော်သို့ တင်ပြပေးနိုင်ရေးအတွက် စစ် ကိုင်းမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးခင်မောင်သိန်းကိုလည်း တင်ပြထားကြောင်း ဒေသခံ
များက ဆိုသည်။

"ကျေးရွာမီးလင်းဖို့ ဓာတ်အားလိုင်း တွေသွယ်ဖို့၊ ထရန်စဖော်မာတွေ ထိုင်ဖို့အတွက်ကိုပဲ
ကျွန်တော်က တာဝန်ယူ ပေးထားတာပါ။၂၀၀၉ ခုနှစ် ကတည်းကလုပ်ငန်းစီမံချက်က
ကျပြီးသားပါ။မီးလင်းဖို့အတွက် ကော်မတီက ဆက် ပြီးလုပ်ဆောင်ရမှာပါ။ ငွေကြေးအသုံး
အစွဲကို ရှင်းလင်းသွားဖို့လည်း ရှိပါတယ်" ဟု မီးလင်းရေးအတွက် ဆောင်ရွက်ပေးနေသော
၀န်းသိုမြို့နယ်  လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

အချိန်အတိုင်းအတာတစ်ခုထိ စောင့် ဆိုင်းကြမည်ဖြစ်ပြီး ငွေကြေးရှင်းလင်းမှု မရှိပါက ဆန္ဒ
ဖော်ထုတ်ခြင်းများ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၀န်းသိုမြို့ နယ်ရှိ ကျေးရွာအုပ်စုများမှာ ကျီးကုန်း၊ ကြိမ်ချောင်း၊
တောင်ဘို့၊ ရေတွင်းကုန်း၊ ထန်းပင်၊ ဆေးခင်းကုန်း၊ တောင်စကားနီ၊ မကျည်းကုန်း၊ သင်တော်၊
အင်္ဂါး၊ ဂျိုး တောင်နှင့် မော်နိုင်ကျေးရွာအုပ်စု တို့ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး