ဒီတစ်ပတ်တော့ အေးချမ်းလှတဲ့ ပြင်ဦးလွင်မြို့မှာ မိသားစုနဲ့အတူတူ ကျယ်ကျယ်ဝန်းဝန်း
အပန်းဖြေအနားယူ နိုင်တဲ့ ခြံကျယ်ရှိပြီးတော့ မြို့အလှအပကို တဝကြီးခံစားနိုင်မယ့် တိုက်
အိမ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီတိုက်အိမ်လေးဟာ ပြင်ဦးလွင်မြို့ရဲ့ အချက်အချာကျတဲ့ ပဒေသာမြို့သစ် ထဲမှာတည်ရှိပြီးတော့
မြေပြန့်ဒေသက အပူဒဏ်တွေ၊ လေထုညစ်ညမ်းမှုတွေကိုရှောင်ပြီး တစ်ယောက်တည်းပဲဖြစ်ဖြစ်၊
မိသားစုနဲ့ပဲဖြစ်ဖြစ် အပန်းဖြေချင်ရင် လက်မလွှတ်သင့်တဲ့ နေရာကောင်းလေး ကို ပိုင်ဆိုင်ထား
တဲ့အိမ်လေးပါ။
မြေအကျယ်အဝန်း ပေ ၄၀x၆၀ (စတုရန်းပေ ၂,၄၀၀) မြေကွက်ပေါ်မှာ သပ်သပ်ရပ်ရပ်
ဆောက်လုပ်ထားတဲ့ အာရ်စီတစ်ထပ်တိုက်အိမ်လေး ဖြစ်ပါတယ်။ အိမ်အတွင်းပိုင်းမှာတော့
အိမ်သာနဲ့ ရေချိုးခန်းပါ၀င်တဲ့ အိပ်ခန်းတစ်ခန်းနဲ့ ရိုးရိုးအိပ်ခန်းနှစ်ခန်းပါ၀င်ပြီး အိမ်အပြင်
ဘက်မှာလည်း အိမ်သာနဲ့ရေချိုးခန်းကို သီးသန့်ဆောက်လုပ်ထားပါသေးတယ်။
ခြံထဲမှာလည်း မြေနေရာလွတ်တွေ ကျန်နေသေးတာကြောင့် သစ်ပင်ပန်းပင် စိုက်ပျိုးတာ
၀ါသနာပါတဲ့ သူတွေအတွက် အဆင်ပြေနိုင်သလို၊ ကလေးရှိတဲ့မိသားစုတွေအတွက်လည်း
စိတ်ချမ်းမြေ့စရာ ကောင်းလှပါတယ်၊ ကားရှိတဲ့သူတွေအတွက်လည်း ကားထားဖို့နေရာ
စဉ်းစားနေစရာမလိုတော့ပါဘူး။
မြင်လိုက်တာနဲ့ စိတ်ကိုအေးချမ်းသွားစေမယ့် အစိမ်းရောင်နဲ့အဖြူရောင်ရွေးပြီး ဆေးခြယ်
ထားတာကလည်း ဒီအိမ်လေး ရဲ့ထူးခြားချက်ပါ။ အိမ်လုံခြံုရေးအတွက်လည်း သံပန်း၊
သံတံခါးအဆင်သင့် ကာရံတပ်ဆင်ထားပါသေးတယ်။
ရေတွင်း၊ မီးလိုင်းပါ၀င်ပြီး ဂရန်အနေ နဲ့ကလည်း အမည်ပေါက်ပါ။ ပြင်ဦးလွင်မှာအနားယူမယ့်
မိသားစုတွေအတွက် အထူးသင့်လျော်လှတဲ့ဒီအိမ်လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့
အောက်ပါ လိပ်စာအတိုင်း စုံစမ်းနိုင်ပါတယ်။
















