နိုင်ငံခြားငွေ လဲလှယ်စင်တာ မန္တလေးမြို့တွင်ဖွင့်လှစ်

နိုင်ငံခြားငွေ လဲလှယ်စင်တာ မန္တလေးမြို့တွင်ဖွင့်လှစ်

နိုင်ငံခြားငွေလဲလှယ်နိုင်မည့် ပုဂ္ဂလိကငွေလဲလှယ်စင်တာတစ်ခုဖြစ်သည့်Farmer Phoyarzar
Authorized Money Changer ကို မန္တလေးမြို့၊ လမ်း ၃၀ ပေါ်၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား
တွင် ယခုလ ၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်လိုင်စင်ဖြင့် ဆောင်ရွက်ပေးမည့်အဆိုပါစင်တာတွင်
အမေရိကန် ဒေါ်လာ၊ အက်ဖ်အီးစီ၊ ယူရို၊ စင်ကာပူ ဒေါ်လာ ရောင်းဝယ်၊ လဲလှယ်ခြင်းများကို
လုပ်ဆောင်နိုင်မည်ဖြစ်သည်။

"မန္တလေးမှာပဲ ဒီနှစ်ထဲမှာ နောက်ထပ်စင်တာသုံးခု ထပ်ဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။ ရန်ကုန်မှာ
ဒီလဆန်းမှာနှစ်နေရာ ဖွင့်ခဲ့ပြီးပါပြီ။ နောက်ထပ် ပုဂံ၊ တောင်ကြီး၊ အင်းလေးတို့မှာလည်း
ဆက်ဖွင့်သွားမှာပါ။ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ တန်ဖိုးအထိ လက်ခံရောင်းဝယ်၊
လဲလှယ်နိုင်ပါတယ်" ဟု Farmer Phoyarzar Co.,Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ
ဦးကျော်ကျော်က ဖွင့်ပွဲနေ့တွင် ပြောသည်။

စင်တာကို နေ့စဉ် မနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး