ယာဉ်လိုင်းများပေါင်း၍ အများပိုင် ကုမ္ပဏီအဖြစ်ဆောင်ရွက်သင့်

ယာဉ်လိုင်းများပေါင်း၍ အများပိုင် ကုမ္ပဏီအဖြစ်ဆောင်ရွက်သင့်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လိုင်းလုပ်ငန်း  အသီးသီးကို အများ
ပိုင်ကုမ္ပဏီကြီးတစ်ခုအဖြစ် ဥပဒေရေးဆွဲအတည်ပြုပြီး အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း
လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်းက ဇန်နဝါရီလ ၈ ရက်နေ့က
ပြုလုပ်သော မော်တော် ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ၌
ပြောသည်။

ကုန်စည်စီးဆင်းမှု အဆင်ပြေ ချောမွေ့စေရေး၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဘဝ
တိုးတက်စေရေး၊ ယာဉ်အသင်းများ စနစ်တကျရှိရေး၊ ခေတ်မီ ပို့ဆောင်ရေးစနစ်ဖြစ် ပေါ်လာ
စေရေး အတွက်အများပိုင်  ကုမ္ပဏီကြီးတစ်ခုအဖြစ်အမြန်ဆုံး ဆောင်ရွက်စေလိုကြောင်း
၎င်းက ပြောသည်။

"ယာဉ်လုပ်ငန်းများကို ယခင်ကထက် ပိုမိုတိုးတက်ကောင်းမွန်အောင် ယာဉ်လုပ်ငန်းများ
ကြီးကြပ်ရေးကော်မတီ အနေနဲ့ သက်ဆိုင်သူတွေနဲ့ အမြဲထိတွေ့ပြီး လိုအပ်ချက်တွေကို
ဆောင်ရွက်ပေးပြီး ယာဉ်လိုင်းအသင်းအားလုံးအပေါ် ထုတ်ပြန်ထားတဲ့ဥပဒေ၊ နည်းဥပဒေ
များအတိုင်း ပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်"ဟု ၎င်းက ပြောသည်။

ယာဉ်လိုင်းအသီးသီးကလည်း ခရီး သည်များကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံရန် လိုအပ်ပြီး၊
ယာဉ်ထွက်ခွာချိန်နှင့် ဆိုက်ရောက်ချိန်များကို တိကျစွာ ဆောင်ရွက်ပေးကာ ယာဉ်မတော်မဆ
ဖြစ်ပွားမှုနှင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများကို ထုတ်ပြန်ထားသည့် ညွှန်ကြားချက်
အတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၎င်းက ပြောသည်။

 "အရက်သေစာနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို လုံးဝရှောင်ပြီးသတ်မှတ်ထားတဲ့ မိုင်နှုန်း
အတိုင်းစည်းကမ်းတကျ မောင်းနှင်ကြဖို့ အရေးကြီးပါတယ်"ဟု ဦးကျော်ဆန်းက ပြောသည်။
မန္တလေးတိုင်းအတွင်း မြို့တွင်းလိုင်း၊ အဝေးပြေးလိုင်း၊ ကုန်တင်ယာဉ်(ခေါက်တို) လိုင်းများရှိပြီး၊
ယာဉ် ၈,၄၇၅ စီး၊ ပိုင်ရှင် ၈,၀၀၀ ကျော်နှင့် ယာဉ်မောင်း၉,၀၀၀ ကျော်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး