အိန္ဒိယအသည်းအထူးကုများဖြင့် ခွဲစိတ်ကုသနိုင်ရန် စီစဉ်နေ

အိန္ဒိယအသည်းအထူးကုများဖြင့် ခွဲစိတ်ကုသနိုင်ရန် စီစဉ်နေ

မန္တလေးမြို့  ပြည်သူ့ဆေးရုံကြီးတွင် အိန္ဒိယအသည်းအထူးကုဆရာဝန်များ ဖြင့် လူနာများအား
ခွဲစိတ်ကုသပေးနိုင် ရန် စီစဉ်ဆောင်ရွက်နေကြောင်း အိန္ဒိယကောင်စစ်ဝန်ချုပ်က ယခုလ ၁၂
ရက်နေ့က ပြောသည်။

အသည်းရောဂါဆိုင်ရာ ကုသမှုများ၊ အသည်းအစားထိုးခြင်းများအတွက် ခန့်မှန်းကုန်ကျစရိတ်
မတွက်ချက်ရသေးဘဲ သက်သာသောနှုန်းထားများ ဖြစ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အသည်းရောဂါ ကုသမှုဆိုင်ရာ ပညာရှင်များသည် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားရှိ Apollo
ဆေးရုံမှ ဆရာဝန်များဖြစ်ကြောင်း သိရသည်။

"အသည်းအစားထိုးမယ်ဆိုရင် ပိုက်ဆံရှိရုံ၊ ဆရာဝန်ရှိရုံနဲ့ မဖြစ်ပါဘူး။ အသည်းအလှူရှင်လည်း
ရှိဖို့လိုအပ်ပါတယ်။ အသည်းအစားထိုးဖို့အတွက်  သွေးလည်း အဓိကလိုအပ်ပါတယ်"ဟု
Apollo ဆေးရုံမှ အသည်းအထူးကု ဆရာဝန် Dr.Suddhasattwa Sen က ယခုလ ၁၂
ရက်နေ့က ပြောသည်။

အသည်းအစားထိုးခြင်းအတွက် ခွဲစိတ်ကုသချိန် အနည်းဆုံး ၁၈ နာရီမှ ၄၈ နာရီထိ ကြာ
တတ်ပြီး ခွဲစိတ်ရန် ဆရာဝန်နှင့် သူနာပြု အယောက် ၅၀ အထိ အသုံးပြုရမည်ဖြစ်သည်။
Apollo ဆေးရုံမှ ဆက်ဆံရေးအရာရှိ Mr. Sanjeet Nayak က "မြန်မာနိုင်ငံအတွက်
ငွေကြေးပြည့်စုံမှုမရှိဘဲ ဝေးလံလှတဲ့နေရာတွေမှာ ဆေးကုသပေးနိုင်ဖို့အတွက် ဆေးပစ္စည်း
ကိရိယာအပြည့်အစုံပါတဲ့ကားတစ်စီး ပေးလှူနိုင်ဖို့လည်း တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေပါ
တယ်"ဟု ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး