ချန်လုံးအလှပြင်သင်တန်းကျောင်းမှ ချန်လုံးနှင့်တွေ့ဆုံမေးမြန်းခြင်း

ချန်လုံးအလှပြင်သင်တန်းကျောင်းမှ ချန်လုံးနှင့်တွေ့ဆုံမေးမြန်းခြင်း

မန္တလေးမြို့တွင်  ဆံပင်၊ မိတ်ကပ် ဒီဇိုင်း အလှအပများကို ခေတ်အလိုက် အမျိုးမျိုးပြောင်းလဲ
လာသည့်အလျှောက် ခေတ်အဆန်ဆုံးဒီဇိုင်းများကို အမြဲဖန်တီးနေပြီး အလှပြင်သင်တန်း
ကျောင်းကို ဖွင့်လှစ်ထားသော ချန်လုံးနှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

* ချန်လုံး အလှပြင်သင်တန်းကျောင်း ကို၊ဘယ်အချိန်ကစဖွင့်ခဲ့တာပါလဲ။
ချန်လုံးအလှပြင်ဆိုင်အနေနဲ့ စဖွင့်ခဲ့ တာတော့ ကိုးနှစ်ခန့် ရှိပါပြီ။

* သင်တန်းကျောင်းကနေ မွေးထုတ်ပေးလိုက်တဲ့ ဆံပင်ပညာရှင်တွေ ဘယ်နှစ်
ယောက်
လောက်ရှိပါပြီလဲ။
မွေးထုတ်ပေးလိုက်တဲ့ ကျွမ်းကျင် ပညာရှင် တပည့်ခြောက်ရာကျော် လောက်တော့ ရှိပြီ။

* သင်ကြားပေးမယ့် ဘာသာရပ်တွေကို ပြောပေးပါ။
သင်ကြားပေးတဲ့ ဘာသာရပ်တွေက တော့ ဆံပင်ညှပ်ပုံစံ၊ ဆံပင်ပိုင်းဆိုင်ရာ ဘာသာစုံ၊
ဆံပင်ဖြောင့်နည်းဘာသာစုံ၊ ဆံပင်ကောက်ဘာသာစုံ၊ ဆံထုံးဘာသာ စုံ၊ မိတ်ကပ်ဘာသာစုံ၊
မျက်နှာပိုင်း ဘာသာစုံ၊ ခြေသည်း လက်သည်းဘာသာစုံ၊ Body Spa ဘာသာစုံ၊ Foot
Spa ဘာသာစုံနဲ့ တခြားဘာသာရပ်တွေကို အာမခံနဲ့သင်ကြား ပေးပါတယ်။

* အခု သင်တန်းကျောင်းက ဘာသင်တန်းဘာတွေရှိပါသလဲ။
ဖေဖော်ဝါရီလထဲမှာ ဂျပန်နိုင်ငံက ပညာရှင် သုံးယောက်က မြန်မာနိုင်ငံကို လာပြီး သင်တန်း
ပေးဖို့အတွက် စီစဉ် ထားပါတယ်။

* ဂျပန်က ပညာရှင်တွေလာသင်မဲ့ သင်တန်းက သင်တန်းကြေးဘယ်လောက်ပါလဲ။
ဘယ်နှစ်ရက်ကြာမလဲ။
ဂျပန်က ဆရာတွေလာသင်မယ့် သင်တန်းအတွက် သင်တန်းကြေးကကျပ် ၁၂၈,၀၀၀ ပါ။
သင်တန်းကာလ ကတော့ ငါးရက်ပါ။ ရန်ကုန်နဲ့ မန္တလေးမှာ နှစ်ရက်စီခွဲသင်သွားပါမယ်။

* ပြိုင်ပွဲမှာ ဘယ်လိုအစီအစဉ်တွေပါ မလဲ။
ပြိုင်ပွဲမှာ ဂျပန်က ဆံပင်ညှပ်ပညာရှင် တွေနဲ့ အခမဲ့ညှပ်ပေးသွားမှာပါ။

* သင်တန်းသား အရေအတွက် ကန့်သတ်ထားလား။
သင်တန်း ဆင်းလက်မှတ်က ကုတ်နံ ပတ်တွေနဲ့ ပေးမှာဆိုတော့ သင်တန်း သားအရေအတွက်
ကို အများဆုံးလေး ဆယ်လောက် ကန့်သတ်ထားပါတယ်။

* သင်တန်းဆင်းလက်မှတ်က ဘယ် လိုပေးမလဲ။
သင်တန်းဆင်လက်မှတ်က ဂျပန်နိုင်ငံပညာရှင်တွေအသိအမှတ်ပြု လက်မှတ် ပေးမှာပါ။

* သင်တန်းကာလဘယ်နေ့တွေလဲ။
ဖေဖော်ဝါရီ ၁၃၊ ၁၄ က ရန်ကုန်မှာ  ၁၅၊ ၁၆ က မန္တလေးမှာပါ။

* ဆံပင်ညှပ်သင်တန်းအပြင် တခြား ဘာသင်တန်းတွေ ပေးဦးမလဲ။
ဆံပင်ညှပ်သင်တန်းအပြင်  အကျႌဒီဇီုင်းဆွဲ ရက်တိုသင်တန်းလည်း ပေးဖို့ရှိပါတယ်။

* ချန်လုံးသင်တန်းကျောင်း အနေနဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေပြိုင်ပွဲဝင်ဖို့အစီအစဉ်များ
ရှိပါသလား။
မတ်လ ထိုင်းနိုင်ငံမှာ ပြိုင်မဲ့ကမ္ဘာ့ ဆံပင် မိတ်ကပ်ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့
သွားပြိုင်ဖို့ရှိပါတယ်။ အဖွဲ့လိုက်ဆံပင်၊ မိတ်ကပ်၊ ဆံထုံးအားလုံးကို ပြိုင်သွားမှာပါ။ ပြိုင်ပွဲမှာ
က  ဆံထုံးအတွက် အတုက သုံးဆယ်ရာခိုင်နှုန်းပဲ ခွင့်ပြုထားတယ်။ Over Makeup
ကိုလည်း ၀င်ပြိုင်သွားမှာပါ။ အားလုံးအတွက် ကြိုတင်ပြင်ဆင်နေပါတယ်။

* သင်တန်းကျောင်းအနေနဲ့ ပြိုင်ပွဲ လုပ်ဖို့ရှိပါသလား။
ပထမဦးဆုံးအနေနဲ့ကတော့ မန္တလေးမှာ လုပ်ပြီးသွားပြီး။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရန်ကုန်မှာ
ပြိုင်ပွဲသီးသန့် အနေနဲ့ လုပ်ပေးသွားဖို့ရှိပါတယ်။

* ကိုချန်လုံး အနေနဲ့ ဆံပင် ဒီဇိုင်းတွေအတွက် သွားရောက်လေ့လာခဲ့တဲ့ နိုင်ငံတွေ
ပြောပေးပါဦး။
ကျွန်တော် ဆံပင်ဒီဇိုင်းအတွက် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်ဝမ်နဲ့ စင်ကာပူ နိုင်ငံတွေကို
သွားပြီးလေ့လာခဲ့ပါတယ်။

* ချန်လုံးဆံပင်ညှပ် သင်တန်း ကျောင်းရဲ့ လိပ်စာတွေကိုပြောပေးပါ။
မန္တလေးသင်တန်းကျောင်းက ရ၉ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊
ရန်ကုန်ဆိုင်က အမှတ် ၅၅၊ ရ လမ်းထိပ် ၊ လမ်းမတော် မြို့နယ်တွေမှာပါ။
ဖုန်းတွေက ရန်ကုန် ၀၉-၉၁၀၀၇၀၈၆ နဲ့ မန္တလေးဖုန်းက ၀၉-၉၁၀၀၇၀၆၅ နဲ့ ၀၉-၅၃၄၀၇၄၆ ပါ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး