မန္တလေးကွန်ဗင်း ရှင်းစင်တာတည် ဆောက်တော့မည်

မန္တလေးကွန်ဗင်း ရှင်းစင်တာတည် ဆောက်တော့မည်

နိုင်ငံတကာအဆင့်မီ  ဆွေးနွေးပွဲများ လက်ခံ ကျင်းပသွားနိုင်ရေးအတွက် မန္တလေးမြို့ သိပ္ပံလမ်း
တောင်ဘက် မြို့သစ် (၁) တွင် ကွန်ဗင်းရှင်းစင်တာ တည်ဆောက်သွားမည်ဖြစ်သည်။

ကွန်ဗင်းရှင်းစင်တာ၌ နိုင်ငံတကာ အဆင့်မီ လူဦးရေ ၁,၅၀၀ ဆံ့ အခမ်းအနားကျင်းပရာ ခန်းမ
ကျယ်တစ်ဆောင်၊ အခမ်းအနားကျင်းပမည့် စင်မြင့်၊ ဆလိုက်နှင့် ပရိုဂျက်တာများ၊ စကားပြော
စင်များနှင့် အစည်းအဝေးပွဲများ တစ်ပြိုင်တည်း ကျင်းပနိုင်စေရန် အစည်း အဝေးခန်းမ ခြောက်
ခုအပြင် အခြား စိမ်းလန်းဧရိယာနှင့် ကားအစင်း ၂၀၀ ထားနိုင်မည့်နေရာများစီစဉ်ထားသည်။

"အခု မြို့တော်ခန်းမက ဈေးရောင်း ပွဲတော်တွေအတွက် အသုံးပြုခွင့်ပေး ထားတာများလာ
တယ်။ ဒါကြောင့် နိုင်ငံ တကာအဆင့်မီ အစည်းအဝေးတွေကို  သီးသန့်လုပ်နိုင်ဖို့အတွက်
Convention Center  တည်ဆောက်ဖို့ရှိပါတယ်"ဟု ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက
မီဒီယာများနှင့်တွေ့ဆုံစဉ် မြို့တော်ဝန် ဦးအောင်မောင်းက ပြောခဲ့သည်။ စင်တာတည်ဆောက်
တော့မည့် မြေနေရာအကျယ်အဝန်းမှာ ၂ ဒသမ ၃၈ ဧက ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး