နိုင်ငံတော် ကုန်သွယ်မှုပမာဏပိုမို တိုးမြှင့်စေရန်၊ စားသုံးသူ ကာကွယ်ရေး နှင့် တရားမဝင်
ကုန်စည် စီးဆင်မှု တားဆီးထိန်းချုပ်နိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် စစ်ဆေး
ခဲ့ရာ မန္တလေး-မူ ဆယ်လမ်းကြောင်းပေါ်ရှိ အဖွဲ့ (၁)က ငွေကျပ် သိန်းပေါင်းခြောက် ရာကျော်
တန်ဖိုးရှိ အမှုတွဲ (၁၉)မှုကို အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဤကဲ့သို့ စစ်ဆေးအရေးယူရာတွင် ပညာပေးကာလအဖြစ် ၂၀၁၂ ခုနှစ် နို ၀င်ဘာ ၁ ရက်နေ့မှ
ဒီဇင်ဘာ ၃၁ ရက် နေ့ထိသတ်မှတ်ခဲ့ပြီး၊၂၀၁၃ ခုနှစ် ဇန်နဝါ ရီ ၁ ရက်နေ့မှစ၍ အရေးယူခြင်း
များကို ဆောင်ရွက်ခဲ့ကြသည်။
"အက်ဖ်ဒီအေ ခွင့်ပြုချက်မရဘဲ တင် သွင်းလာတဲ့ အေးခဲကြက်သား၊ ဘဲသား၊ ကြက်အဆီဘူး၊
အသားတုုနဲ့ ကြက်အူ ချောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာ ငါး ကြိမ်ရှိပြီ။
"တခြားဖမ်းဆီးထားတဲ့ ပစ္စည်းတွေ ကို ဒဏ်ရိုက်တဲ့အနေနဲ့ တစ်လအတွင်း ပစ္စည်းတန်ဖိုးနှစ်ဆ
နဲ့ ပြန်ရွေးခိုင်မယ်။ တစ်လကျော်သွားလို့မှ ပြန်မရွေးဘူးဆို ရင်တော့ လေလံစနစ်နဲ့ ပြန်ရောင်းချ
သွားမှာပါ"ဟု မူဆယ်-မန္တလေး Mobile Team အဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းက
ပြောသည်။
တရားမဝင် မှောင်ခိုတားဆီးရေးအဖွဲ့ (၁) မှ ပညာပေးကာလအတွင်း ယာယီ သိမ်းဆည်းထား
သည့် ကုန်ပစ္စည်းများ မှ တရားဝင်တင်ပို့ တင်သွင်းခွင့်ပြုထား သော ကုန်ပစ္စည်းများ လိုင်စင်
ပြန်လည် ဆောင်ရွက်ပေးခဲ့ရာမှာ ပို့ကုန်၊ သွင်းကုန် လိုင်စင် ရ၄ စောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး
တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၈၇,၀၉၉ ဒသမ ၂၈၊ ယွမ် ၅၇၈,၆၁၆ ဒသမ ၃၉၊ ကျပ်
၂၆၄,၃၁၁ ဒသမ ၄၆ တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ကုန်သွယ်မှုပမာဏ တိုးမြှင့်လာနိုင်စေရန် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက ဦးဆောင်၍
အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသအုပ်ချုပ်ရေးအဖွဲ့၊ နယ်စပ်ကုန်သည်
အသင်းနှင့် သတင်းမီဒီယာအပါအဝင် အင်အား ၃၁ ဦးတို့ဖြင့် စစ်ဆေးအရေးယူခဲ့ကြသည်။
"ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေ အနေနဲ့ အခွန်ဆောင် လိုင်စင်တွေလုပ်ပြီး ကုန်သွယ်မှုတိုး
လာအောင် လုပ်တာပါ။ သိမ်းတယ်၊ ဖမ်းတယ်ဆိုတာကိုလည်း ဒေါသနဲ့ လုပ်ဖို့မသင့်ပါဘူး။
လမ်း ကြောင်းပေါ်ရောက်အောင် လုပ်ပေးနေ တာပါ။
"တရားမဝင်အနေနဲ့ ဓာတ်မြေဩဇာ တွေ၊ ပိုးသတ်ဆေးတွေ၊ ကလေးတွေ စားသုံးဖို့မသင့်
တဲ့ အစားအစာတွေ၊ ဆေးဝါးအတုတွေ ၀င်လာပါတယ်။ဒါက နိုင်ငံတော်မှာ တာဝန်ရှိပါတယ်။
ဒါတွေ ကြောင့် အခုလို စစ်ဆေးမှုတွေ လုပ်ပေး နေရတာပါ။
"ကုန်သွယ်မှု ပမာဏ ရည်မှန်းချက် ၁၉ ဘီလျံဖြစ်ဖို့လိုအပ်နေပါသေးတယ်" ဟု စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က ပြောသည်။ အရေးယူကာလအတွင်း
တရားမဝင် ကုန်သွယ်မှုများကို သတင်းပေးသူများ ကိုလည်း ပစ္စည်းတန်ဖိုး၏ ရာခိုင်နှုန်း
တွက်ချက်ပြီး အကျိုးပြုပေးသွားရန်ကို လည်း စီစဉ်ဆောင်ရွက်နေကြောင်း ၀န်ကြီးက
ဆက်လက် ပြောသည်။
မူဆယ်ရှိ ၁၀၅ မိုင် စစ်ဆေးရေးဂိတ်တွင် ကုန်စည်ပို့ဆောင်ရေးယဉ်များ မကြာခဏဆိုသလို
ယဉ်ကြောများ ပိတ်ဆို့နေရခြင်းမှာ Mobile Team အဖွဲ့စစ်ဆေးမှုများကြောင့် ဖြစ်နေရခြင်း
ဖြစ်ကြောင်း မန္တလေး-မူဆယ် ကားဆရာ အများစုက ဝေဖန်နေကြသည်။
"၁၀၅ မိုင်ဂိတ်မှာက ကားတွေ လေးမိုင် လောက်ထိ ကားတန်းကြီးဖြစ် သွားတယ်။ ၁၀၅ မိုင်
စစ်ဆေးရေးဂိတ် မှာ စစ်ဆေးဖို့ လူအင်အားလည်း လိုအပ်နေတယ်။ X Ray နဲ့ စစ်ဆေးတယ်
ဆိုပေမဲ့ ကုန်ပစ္စည်းက အမျိုးစုံပါတော့ တစ်ခုချင်းစစ်နေလို့ အချိန်တွေကြာ ကုန်တာပေ့ါ။
"တရားမဝင်ကုန် စီးဆင်မှုစစ်ဆေးဖို့ အတွက် တခြားနည်းစနစ်တွေကို အသုံးပြုသင့်ပါတယ်"ဟု
မန္တလေး-မူဆယ် ကားဆရာတစ်ဦးဖြစ်သူ ကိုမောင်ထူးကပြောသည်။
Mobile Team အဖွဲ့ဖြင့် စစ်ဆေးမှု များဆောင်ရွက်နေသော်လည်း စစ်ဆေး ရေးဂိတ်များကို
ရှောင်သော ကွင်းရှောင် လမ်းများမှနေ၍ တရားမဝင် ကုန်စည်စီး ဆင်းမှုများ ရှိနေဆဲဖြစ်
ကြောင်းသိရသည်။
"တရားမဝင် ကုန်စည်စီးဆင်းမှုစစ် ဆေးဖို့အတွက် စစ်ဆေးရေးဝန်ထမ်း တွေကိုလည်း ထပ်မံ
တိုးချဲသွားမယ်။ X-Ray စစ်ဆေးစက်တစ်လုံးကိုလည်း ထပ်တပ်ဖို့အတွက်ကိုလည်း ဆောင်ရွက်
aနပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
စားသုံးသူ ကာကွယ်ပေးရေးနှင့် တရားမဝင်ကုန်စည်စီးဆင်းမှုများ ဖမ်း ဆီးစစ်ဆေးရေး Mobile
Teamအဖွဲ့ များအား မန္တလေး-မူဆယ်လမ်းကြောင်း နှင့် မြဝတီ-ရန်ကုန် လမ်းကြောင်းပေါ်တွင်
ထားရှိစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း၊ မန္တလေးမြို့ရှိ ဘူတာကြီးနှင့် ဧရာဝတီမြစ် ဂေါ၀ိန်
ဆိပ်ကမ်းတို့တွင် လည်း ဆက်လက်ထားရှိစစ်ဆေးသွား ရန်ကိုလည်း ဆောင်ရွက်နေကြောင်း
နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။















