ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်သော အိပ်ချ်အိုင်ဗီ-အေ့ဒ်စ် ဝေဒနာသည် ကလေးငယ်များနှင့်
ယင်းရောဂါပိုး၏ ဆိုးကျိုးများ သက်ရောက်မှုခံစားနေ ရသော ကလေးငယ်များအတွက် နွေးထွေး
သည့် သီးသန့်ဂေဟာတစ်ခုဖြစ် သော သုခရိပ်မြံု (မန္တလေး) လူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာ
ကို ဇန်နဝါရီလ ၁၉ ရက်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါဂေဟာ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အိပ်ချ်အိုင်ဗီရောဂါပိုး ကူးစက်ခံ မိဘမဲ့ကလေး
ငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ပြီး မိသားစုပုံစံဖြင့် နေထိုင်ကြီးပြင်းသွားနိုင်ကြ
စေရန်ဖြစ်ကြောင်း မန္တလေးသုခရိပ်မြံု ပရဟိတဂေဟာ ဥက္ကဋ္ဌ ဒေါက်တာ ကိုကိုလေးက
ပြောသည်။
"ဒီဂေဟာမှာ အသက်တစ်နှစ်ခွဲက နေ ၁၂ နှစ်ထိရှိတဲ့ကလေးတွေကို မိဘ ရှိသည်ဖြစ်စေ၊
မရှိသည်ဖြစ်စေ စာချုပ် စာတန်းနဲ့ အပြီးအပိုင်မွေးစားပါတယ်။တစ်ပတ်တစ်ခါ အိမ်ကိုပြန်တာ
မျိုးလည်း လက်မခံပါဘူး။ အသက်တစ်နှစ်ခွဲ အောက် ကလေးတွေကိုလည်း လက်မခံ
ပါဘူး။ ကလေးကသိပ်ငယ်လွန်းရင် အလုပ်လည်း ပိုလာနိုင်ပါတယ်။နောက်ပြီးအသက် ၁၂
ကျော်တဲ့ကလေး တွေကလည်း အပြင်ကမကောင်းတဲ့ အကျင့်တွေပါလာနိုင်ပြီး ဒီမှာရှိတဲ့
ကလေးတွေကို အဲဒီအကျင့်စရိုက်တွေ ကူးစက်နိုင်တဲ့အတွက် လက်မခံပါဘူး "ဟု ၎င်းက
ဆိုသည်။
သုခရိပ်မြံုဂေဟာက လက်ခံစောင့်ရှောက်ပေးမည့် ကလေးများမှာ အမိ၊ အဖနှစ်ဦးစလုံး
မရှိတော့သည့် အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံရသည့် ကလေး ငယ်များ၊ အမိ (သို့) အဖတစ်ဦးရှိ
သော်လည်း ကိုယ်တိုင်ဝေဒနာခံစားနေရ သောကြောင့် ကလေးငယ်အားစောင့် ရှောက်ရန်
အခြေအနေမရှိသည့် အိပ်ချ်အိုင်ဗီ ကူးစက်ခံနေရသည့် ကလေးငယ်များနှင့် အခြေအနေအရ
ပြုစုစောင့် ရှောက်ရန် လိုအပ်နေသည့် ရောဂါသည် ကလေးငယ်များဖြစ်ကြောင်းသိရသည်။
"ဒီဂေဟာမှာ ရှိတဲ့ကလေးတွေရဲ့ ကျောင်းပညာရေးကိုလည်း ဆရာ၊ ဆရာမတွေထားပြီး
သင်ကြားပေးမှာပါ။ အနုပညာရပ်တွေ၊ လက်မှုပညာတွေကို သင်ကြားပေးနိုင်အောင် ကြိုးစား
သွားမှာ ဖြစ်ပါတယ်။ ကျောင်းမှာရှိနေတဲ့ကလေး တွေရဲ့စာသင်ချိန်၊ အိပ်ချိန်နဲ့ ကစားချိန် တွေကို
စနစ်တကျဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။
ကလေးငယ်များ စိတ်အပန်းပြေစေ ရန်၊ ပြည်သူအများနှင့် ပူးပေါင်းပါ၀င် လုပ်ဆောင်တတ်စေ
ရန် အခြေအနေ များ ဖန်တီးပေးခြင်းနှင့် ပြင်ပခရီးစဉ်များ စီစဉ်ပို့ဆောင်ပေးခြင်းများကိုလည်း
ဆောင်ရွက်သွားမည်ဖြစ်သည်။
သုခရိပ်မြံုဂေဟာသည် ၂၀၁၂ ဒီဇင် ဘာ ၃၁ ရက်နေ့အထိ အလှူငွေကျပ် ၈၁၃ သိန်း လက်ခံ
ရရှိပြီးဖြစ်သည်။ သုခရိပ်မြံု လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ၌ လက်ရှိတွင်မိဘမဲ့ အိပ်ချ်အိုင်
ဗီ-အေ့ဒ်စ်ဝေဒနာသည် ကလေး ၁၁ ဦးရှိ နေကြောင်းနှင့် ယင်းဂေဟာမှာ ပြည်ကြီး တံခွန်မြို့
နယ်၊ ဘုံပျံတောရ၊ မြဝတီမင်းကြီး တိုက်အတွင်းတွင် တည်ရှိကြောင်း သိရသည်။
















