တိုင်းရင်းသားလူမျိုးအမည်အမှန်ရရှိရေး ဆောင်ရွက်သွားမည်

တိုင်းရင်းသားလူမျိုးအမည်အမှန်ရရှိရေး ဆောင်ရွက်သွားမည်

ကချင်ပြည်နယ်ရှိ ရှမ်းတိုင်းရင်းသား များကို ကိုယ်စားပြုဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီတစ်ခု
ဖြစ်သည့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက် ရေးပါတီသည် ၎င်းတို့၏
တိုင်းရင်းသား မှတ်ပုံတင်များတွင် လူမျိုးအမည် အမှန်  ဖြစ်စေရေးအတွက် ဆောင်ရွက်သွား
မည်ဟု အဆိုပါပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးစောဝင်းထွန်းက ဆိုသည်။

"ရှမ်းဆိုလည်း အမျိုးမျိုးရှိတာပေါ့။  ကိုယ်ပိုင် ယဉ်ကျေးမှု ကိုယ်ပိုင်စာပေဆိုတာရှိတယ်။
နိုင်ငံတော်ကလည်း လူမျိုးအဖြစ် အသိအမှတ်ပြုပြီးသား။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံသား
ကတ်ပြားတွေမှာ လူမျိုးအမည်မှာ ဗမာဆိုတာ ရှိတယ်။ ရှမ်းလည်းဖြစ်ချင်ဖြစ်မယ်။ ရှမ်းနီ
ဆိုတဲ့လူမျိုးအမည်နဲ့ နိုင်ငံသား စိစစ်ရေးကတ် မရှိသလောက်ပဲ။ အဲဒါ ကြောင့် ရှမ်းနီတိုင်း
ရင်းသားတွေရဲ့ လူမျိုး အမည်အမှန်ရဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက
ပြောသည်။

ကချင်ပြည်နယ်တွင် လူဦးရေ ၁၀ သိန်းခန့်ရှိပြီး ၆၀ ရာခိုင်နှုန်းမှာ ရှမ်းနီ အပါအဝင် ရှမ်း
တိုင်းရင်းသားများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တိကျ
ခိုင်မာသည့် သန်းခေါင်စာရင်း ကောက် မည်ဖြစ်ရာ ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းနီ
လူမျိုးများ လူမျိုးအမည် အမှန် ရရေး ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုလိုခြင်းဖြစ်သည်။

"တခြားလူမျိုးအမည်တွေလည်း လူမျိုးအမည် အမှန်မဖြစ်တာရှိပါတယ်။ မြေပြန့် ကချင်း
တွေ၊ ပဲခူးဘက်က မွန်တွေ စသဖြင့်ပေါ့လေ။ အဲလိုမျိုး ဆောင်ရွက်ဖို့  တိုင်းရင်းသားပါတီ
တွေနဲ့ ပူးတွဲဆောင် ရွက်သွားမှာပါ" ဟု ၎င်းကပြောသည်။

မြောက်ဒဂုံတွင် နေထိုင်သော မသန္တာက ၎င်းအဖေသည် ရှမ်းနီလူမျိုးဖြစ်ကာအမေက
ရှမ်းကြီးဖြစ်ကြောင်း၊ မှတ်ပုံတင်ထဲတွင် ဗမာလူမျိုးဖြစ်နေကြောင်း၊ အခွင့်အရေးရပါက
မဲပေးနိုင်ခွင့်အတွက် လူမျိုးအမည် ပြောင်းလိုကြောင်းပြောသည်။  

ရှမ်းနီတိုင်းရင်းသားများသည် ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုင်းနား၊
အင်းတော်ကြီး၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးမိတ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊
၀န်းသို၊ ချင်းတွင်းမြစ်တစ်လျှောက်ရှိ ပင်လယ်ဘူး၊ ဗန်းမော်၊ ဟုမ္မလင်းတို့တွင် နေထိုင်
လေ့ရှိကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး