မန္တလေး-မြစ်ကြီးနား မီးရထား အချိန်ပြောင်းလဲ သတ်မှတ်

မန္တလေး-မြစ်ကြီးနား မီးရထား အချိန်ပြောင်းလဲ သတ်မှတ်

မန္တလေး-မြစ်ကြီးနား  ပြေးဆွဲနေသော မီးရထားခရီးစဉ်များ ဇန်နဝါရီ ၂၅ ရက်နေ့မှ စတင်ပြီး
ခရီးစဉ်အချိန်များ ပြောင်းလဲ ပြေးဆွဲသွားမည်ဖြစ်သည်။

မန္တလေး-မြစ်ကြီးနား  မီးရထားမှာ နေ့စဉ်ခြောက်စင်းရှိပြီး ငါးစင်းသာ အချိန်များပြောင်းလဲခဲ့ခြင်း
ဖြစ်သည်။ ပြောင်းလဲပြေးဆွဲရာတွင် မန္တလေးမှ မြစ်ကြီးနား ၃၇ အဆန်အမြန်ရထား မှာ နံနက်
၄ နာရီ မိနစ် ၃၀၊ ၃၃ အဆန် အိပ်စင်ရထားမှာ ညနေ ၅ နာရီ ၅၅ မိနစ်၊ ၅၅ အဆန်အမြန်
ရထားမှာ ည ရ နာရီ ၁၅ မိနစ်၊ ၅၇ အဆန်အမြန်ရထားမှာ ည ၈ နာရီ၊ ၄၁ အဆန်စာပို့
ရထားမှာ  ၁၂ နာရီ နှင့် ၄၃ အဆန်ကုန် တွဲရထားမှာ နံနက် ၅ နာရီ ၀၅  မိနစ်တို့တွင်
ပြောင်းလဲပြေးဆွဲမည်သွားမည်ဖြစ်သည်။

မြစ်ကြီးနားမှ မန္တလေးသို့ ၃၈ အစုန် အမြန်ရထားမှာ နံနက် ၄ နာရီ မိနစ် ၃၀၊ ၃၄ အစုန်
အိပ်စင်ရထားမှာ နေ့လည် ၁ နာရီ မိနစ် ၅၀ ၊ ၅၆ အစုန်အမြန်ရထားမှာ နံနက် ရ နာရီ ၄၀
မိနစ်၊ ၅၈ အစုန် အမြန်ရထားမှာ နံနက် ၁၁ နာရီ မိနစ် ၄၀၊ ၄၂ အစုန်စာပို့ရထားမှာ နံနက်
၅ နာရီ နှင့် ၄၄ အစုန်ကုန်ရထားမှာ နံနက် ရ နာရီ မိနစ် ၃၀ ၌ ပြေးဆွဲမည်ဖြစ်သည်။

မန္တလေးမှ နဘားသို့ ပြေးဆွဲနေသော  ၄၇ အဆန်လောကယ်မှာ နံနက် ၆ နာရီ ၁၅ မိနစ်သို့
ပြောင်းလဲပြေးဆွဲသွားမည်ဖြစ် ပြီး နဘားမှ မန္တလေးသို့ ၄၈ အစုန်ရ ထားမှာ နံနက် ရ နာရီ
မိနစ် ၃၀ တို့တွင် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်သည်။

"အချိန်ပြောင်းသွားတာ ဘာကြောင့် လဲတော့မသိဘူး။ ရုံးချုပ်က စာထုတ်တာ ပါ"ဟု
မန္တလေးဘူတာကြီးမှ ဒုတိယရုံပိုင် ချုပ်ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး