မန္တလေးမြို့ရဲ့ အခြေကျပြီးဖြစ်တဲ့ မြို့သစ်ရပ်ကွက်ကြီးက အိမ်မြေအကွက် အကွင်းတွေမှာ
ပိုင်ရှင်တချို့ဟာ ရပ်ကွက်ကြီးတွေအနီးမှာ တည်ဆောက် အကောင်အထည်ဖော်နေတဲ့ စီမံကိန်း
တစ်ခုရဲ့ အလားအလာကိုစောင့်ကြည့် လိုတာကြောင့် လက်ရှိမှာ ပိုင်ဆိုင်မှုကို လက်မလွှတ်
သေးဘဲ ဆက်လက်ဆုပ် ကိုင်ထားလိုကြကြောင်း အိမ်ခြံံမြေ အကျိုးဆောင်တွေက
ပြောပါတယ်။
မန္တလေးမြို့ရဲ့ လူဦးရေသိပ်သည်းတဲ့ လူနေရပ်ကွက်ကြီးတွေနဲ့ ဆက်စပ်နေတဲ့ ရ၃ လမ်းမပေါ်၊
သိပ္ပံလမ်းရဲ့ တောင်ဘက်မှာ စည်ပင်သာယာနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခုတို့ အကျိုးတူ
ပူးပေါင်းပြီး အကောင်အထည်ဖော်နေတဲ့ မင်္ဂလာ မန္တလေးစီမံကိန်းရှိနေပါတယ်။
အထပ်မြင့် ကွန်ဒိုတွေ၊ ဈေးဝယ်စင် တာ၊ ကားပါကင်၊ လုံးချင်းအိမ်ရာနဲ့ အဆင့်မီဟိုတယ်တွေ
ပါ၀င်ထားတဲ့ ဒီစီမံကိန်းကြောင့် စီမံကိန်းဧရိယာအနီးက အိမ်ခြံမြေပိုင်ရှင်တချို့ဟာ ပိုင်ဆိုင်မှု
ကို ရောင်းချဖို့ထက် ရှေ့အလားအလာကို ဆက်ပြီး စောင့်ကြည့်ချင်တဲ့ဘက်ကို အလေးသာ
နေကြောင်း သိရပါတယ်။
ဒီစီမံကိန်းဟာလည်း တကယ်တော့ လူနေထိုင်မှု အထိုင်ကျပြီးဖြစ်တဲ့ရပ် ကွက်ကြီးတွေနဲ့
အနီးဆုံးမှာ စတင်အကောင်အထည်ဖော်လိုက်တဲ့ စီမံကိန်း တစ်ခုလို့ ဆိုနိုင်ပါတယ်။
စီမံကိန်းတည်ရှိနေတဲ့ ရ၃ လမ်းရဲ့ အရှေ့ဘက်ခြမ်းမှာ လူဦးရေသိပ်သည်းတဲ့ မြို့သစ်ရပ်ကွက်
ကြီးတွေဖြစ်တဲ့ 'ဆ' ရပ်ကွက်၊ 'စ' ရပ်ကွက်၊ 'ဏ' ရပ်ကွက်၊ 'တ' ရပ်ကွက်၊ 'င' ရပ်ကွက်တွေ
ဟာ ဆက်စပ် တည်ရှိနေပါတယ်။ ဒီလိုတည် ရှိနေရာမှာ ရ၃ လမ်းပေါ်တင်နဲ့ ဒီလမ်းနဲ့ အနီးဆုံး
အပိုင်းတွေက အိမ်မြေအကွက် အကွင်းတွေဟာ စီမံကိန်းအလားအလာအပေါ် ပိုမိုမျှော်လင့်
ချက်ထားနေတဲ့ အပိုင်းတွေပဲ ဖြစ်ပါတယ်။
လက်ရှိအနေအထားမှာတော့မန္တ လေးမြို့ရဲ့ အိမ်ခြံံမြေဈေးကွက်ဟာ မြို့ တွင်းရော၊ မြို့သစ်နဲ့
မြို့ပြင်မှာပါ ကြိုက် ရောင်းကြိုက်ဝယ်အနေအထားမှာသာ ရှိနေပါတယ်။ စီမံကိန်းနဲ့နီးတဲ့
အိမ်မြေ အရောင်းအဝယ်ဟာလည်း ထိုနည်းတူ စွာပါပဲ။ ဒါပေမဲ့ ရ၃ လမ်းပေါ်တင်တွေ
ကတော့ ခေါ်ဈေးတွေစွာနေတယ်လို့ အိမ်မြေအကျိုးဆောင်တွေက ဆိုပါ တယ်။
"မင်္ဂလာမန္တလေးစီမံကိန်းနဲ့နီးပြီး ရ၃ လမ်းပေါ်တင်တဲ့ အိမ်မြေတွေက ကျပ် သိန်း ၄,၅၀၀၊
၅,၀၀၀ စသဖြင့် ဈေးခေါ်နေကြပါတယ်။ တချို့ကလည်း ရှေ့ အလားအလာကို စောင့်ကြည့်
ချင်ကြ သေးလို့ မရောင်းဘဲကိုင်ထားကြတယ်" လို့ မြို့သစ်က ၀ါရင့်အိမ်မြေအကျိုး ဆောင်
တွေက ပြောပါတယ်။
ဒီနေရာမှာ အထက်က ဆိုခဲ့သလို ပေ ၄၀ x ပေ ၆၀ အကျယ်မြေတစ်ကွက်ကို ကျပ်သိန်း
၄,၅၀၀၊ ၅,၀၀၀ ဈေးခေါ် နေပေမဲ့ ခေါ်ဈေးသာဖြစ်ပြီး လက်တွေ့ပေးဝယ်မယ့်သူ ရှားပါးကြောင်း
အကျိုးဆောင်တွေက ဆိုပါတယ်။
"တချို့ကလည်း စီမံကိန်းထဲမှာပါတဲ့ ကွန်ဒိုတိုက်ခန်းတို့၊ အိမ်ရာတို့ကို စိတ်ဝင်စားနေကြတယ်။
အခုခေါ်နေတဲ့ မြေကွက်ဈေးနှုန်းတွေကို အဲဒီကဈေးနှုန်းတွေနဲ့ ယှဉ်ကြည့်ချင်ကြသေးတယ်လေ။
ဈေးပိုသက်သာပြီး နေထိုင်လို့ကောင်းရင် ကွန်ဒို၊ အိမ်ရာတွေကို စိတ်ကူးချင်ကြတာလည်း ပါမှာ
ပေါ့"လို့ အကျိုးဆောင်တွေက သုံးသပ်ပြောပါတယ်။
စီမံကိန်းထဲမှာပါ၀င်တဲ့ လူနေအဆောက်အအုံတွေကို လက်ရှိမှာ ဈေး နှုန်း မဖွင့်သေးဘူးလို့
စီမံကိန်းကို အကျိုး တူ အကောင်အထည်ဖော်ရာမှာ ပါ၀င် တဲ့ C.A.D ဆောက်လုပ်ရေးက
ဦးဇင်မင်းဆွေက ဒီလတတိယပတ်က ပြော ပါတယ်။
စီမံကိန်းနဲ့နီးတဲ့ အိမ်မြေအကွက်အ ကွင်းတွေမှာ ရ၃ လမ်းမပေါ် မတင်ဘဲ အတွင်းပိုင်းကျတဲ့
အိမ်ခြံံမြေတွေက တော့လက်ရှိမှာ မြေတစ်ကွက်ကို ကျပ် သိန်း ၂,၀၀၀ ၀န်းကျင်ဈေးခေါ်
ကြတယ် လို့ အကျိုးဆောင်တွေဆီက သိရပါ တယ်။ အကွက်အကွင်းလှတဲ့ ရပ်ကွက်ကြီး
တွေမှာ အဲဒီထက်ဈေးပိုပေးရပါလိမ့်မယ်။
လက်ရှိအခြေအနေနဲ့ ချိန်ထိုးကြည့် ရင် စီမံကိန်းအနီးက အိမ်မြေတွေရဲ့ ခေါ် ဈေးနှုန်းဟာ
မြင့်နေတာမှန်ပေမယ့် ရ၃ လမ်းပေါ်မှာ မင်္ဂလာမန္တလေးစီမံကိန်း အပြင် ဘောလုံးကွင်း၊
ဘောလုံးအကယ် ဒမီစတာတွေလည်းရှိနေတာကြောင့် မြို့ သစ်ရပ်ကွက်ရဲ့ အိမ်မြေအကွက်
အကွင်း ဟာ လာမယ့်ကာလမှာ ပိုလှလာမယ်လို့ အိမ်မြေအကျိုးဆောင်တွေက ခြုံငုံ
သုံးသပ်ပါတယ်။
















