စီးပွားရေးလုပ်ချင်တဲ့သူတွေအတွက် အောင်ပင်လယ်က တိုက်သုံးလုံး

စီးပွားရေးလုပ်ချင်တဲ့သူတွေအတွက် အောင်ပင်လယ်က တိုက်သုံးလုံး

ဒီတစ်ပတ်တော့ စီးပွားရေးလုပ်ချင်တဲ့ လုပ်ငန်းရှင်တွေနဲ့ မိသားစုဆွေမျိုးတွေ သိုက်သိုက်ဝန်းဝန်း
နေထိုင်လို့ရမဲ့ အောင်ပင်လယ်မြို့သစ်ထဲက တိုက်အိမ်လေးသုံးလုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီတိုက်အိမ်လေးတွေရှိတဲ့ နေရာပတ်ဝန်းကျင်ဟာ အကွက်အကွင်းကောင်းတဲ့နေရာတစ်ခုပါ။
ဘာကြောင့်လဲဆိုတော့ မန္တလေးမြို့ရဲ့အထင်ကရ လမ်းမကြီးတစ်ခုဖြစ်တဲ့ သိပ္ပံလမ်းနဲ့
ကပ်လျက်မှာရှိပြီး  ပြင်ဦးလွင်သွားတဲ့ လမ်းနဲ့လည်းနီးတာကြောင့် သွားရေး လာရေးအတွက်
က အဆင်ပြေစေတဲ့ အပြင် လုပ်ငန်းရှင်တွေအတွက်လည်း ၀န်ထမ်းများများနဲ့ အဆင်ပြေရာ
စီးပွားရေးလုပ်နိုင်တဲ့နေရာ အကျယ်အဝန်း ရှိပါတယ်။

ဒီတိုက်အိမ်လေးတွေထဲက ပထမဆုံး အိမ်လေးကတော့ပေ ၄၀x၃၀ စတုရန်း ပေ ၁,၂၀၀
အကျယ်အဝန်းရှိတဲ့နှစ်ထပ် တိုက်လေးပါ။ အောက်ထပ်မှာတော့ အခန်းဖွဲ့စည်းမှုမရှိပဲ
ဧည့်ခန်းပုံစံပြုလုပ် ထားပါတယ်။ အပေါ်ထပ်မှာတော့ အိပ်ခန်းတစ်ခန်း ဖွဲ့စည်းပေးထားပြီး၊
ကျန်တဲ့နေရာလွတ်တွေကိုတော့ မိမိစိတ်ကြိုက်ဖွဲ့စည်းနိုင်ပါတယ်။

အိမ်အောက်ထပ်မှာ အိမ်သာရေချိုးခန်း တွဲရက်ပါရှိပြီး အိမ်အရောင်ကိုတော့ အဖြူရောင်
ဆေးခြယ်ထားပါတယ်။ နောက်ထပ်တစ်လုံးကတော့ ပေ၂၀ x ၅၀ စတုရန်းပေ ၁,၀၀၀
အကျယ်အဝန်းမှာ ဆောက်ထားတဲ့တစ်ထပ်တိုက်အိမ်လေးပါ။ ဒီအိမ်လေးမှာတော့ အိပ်ခန်း
အနေနဲ့ နှစ်ခန်းဖွဲ့စည်းထားပါတယ်။အိမ်သာရေချိုးခန်း တွဲရက်ပါရှိပါ တယ်။ အိမ်လုံခြံုရေး
အတွက် သံပန်း တံခါး တပ်ဆင်ပေးထားပါတယ်။

နောက်ဆုံးတိုက်အိမ်လေးကတော့ ပေ ၁၂ x ၅၀ စတုရန်းပေ ၆၀၀ အကျယ် အဝန်းရှိတဲ့
နှစ်ထပ်အိမ်လေးပါ။အိမ်အောက်ထပ်ကိုတော့ အခန်းဖွဲ့စည်းထားခြင်းမရှိတာကြောင့် မိမိ
စိတ်ကြိုက် ပြင်ဆင်နိုင်ပြီး အပေါ်ထပ်မှာတော့ အိပ်ခန်းတစ်ခန်း ဖွဲ့စည်းထားပါတယ်။
ရေချိုးခန်းအိမ်သာတွဲရက်ပါရှိပါတယ်။

ဒီတိုက်အိမ်သုံးလုံးကို ပေ ၈၀ မျက်နှာပြည့် တည်ဆောက်ထားတာဖြစ်ပါတယ်။ ရေအတွက်
အခက်အခဲမဖြစ်ရ အောင် အဝီစိတွင်းပါရှိပြီး လျှပ်စစ်မီး အတွက်လည်း မီတာနှစ်လုံးတပ်ဆင်
ထားပါသေးတယ်။ တိုက်သုံးလုံးစလုံးက ငှားရမ်းဖို့ဖြစ်တာကြောင့် သုံးလုံးစလုံး ငှားမည်ဖြစ်
ပြီး တစ်လုံးစီလိုချင်ရင်လည်း ငှားရမ်းသွားမှာဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် အောက်ပါ
လိပ်စာအတိုင်း စုံစမ်းနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး