ယခုနှစ်ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၂၀၀ နီးပါးရှိ

ယခုနှစ်ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၂၀၀ နီးပါးရှိ

မန္တလေးခရိုင် မြို့နယ်ခုနစ်မြို့နယ် အတွင်း ပြီးခဲ့သော ၂၀၁၂ ခုနှစ် တစ်နှစ်လုံးတွင် ယာဉ်တိုက်
မှုကြောင့် သေဆုံးသူမှာ ယခင် ၂၀၁၁ ခုနှစ်ထက် ၆၀ ခန့်ပိုမိုကာ ၂၀၀ နီးပါးအထိ ရှိခဲ့သဖြင့်
ယာဉ်လမ်းစည်းကမ်းများကို အထူးသတိထား လိုက်နာကြရ၊ ထိန်းသိမ်းကိုင်တွယ်ကြရမည့်
အနေအထားသို့ ရောက်လျက်ရှိသည်။

မန္တလေးမြို့၌ ၂၀၁၂ ခုနှစ်တွင် ယာဉ်တိုက်မှု ၅၆၀ ခန့်ရှိခဲ့ရာ ဆိုင်ကယ် ပါ၀င်ပတ်သက်သော
အမှုမှာ ၃၄၀ နီးပါးရှိကာ ယင်းကြောင့်သေဆုံးသူမှာ ၁၂၀ ရှိခဲ့သည်။ ၎င်းတို့အနက် ဆိုင်ကယ်
ချင်း တိုက်မှုမှာ စံချိန်တင်များပြားပြီး အမှု ၁၁၀  ရှိခဲ့ကြောင်း  သိရသည်။

"အခုဆို ရုံးတက်ရုံးဆင်းချိန်တွေမှာ ယာဉ်ကြောပိတ်တာတွေက အရမ်းသိသာလာပြီ။  အရေး
အကြီးဆုံးက ဆိုင်ကယ်၊ ကားတွေကို အရှိန်နဲ့မဆင်မခြင်မောင်း၊ အရမ်းကာရောမောင်းနှင်
တာတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့လိုတယ်လို့ထင်ပါတယ်။ အဓိကကျတာက
တခြားသူတွေကိုပါထိခိုက်အောင် အရှိန်နဲ့မောင်းတဲ့သူမျိုးကို အရေးယူစေချင်ပါတယ်"ဟု
မန္တလေး မြို့ခံတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ယာဉ်ထိန်းတပ်ဖွဲ့ဝင်အင်အား၊ ခေတ်မီအချက်ပြ ယာဉ်ထိန်းကိရိယာပံ့ပိုးနိုင်မှု မှာလည်း
များစွာအရေးပါကြောင်း မြို့ခံ များက သုံးသပ်သည်။ မန္တလေးခရိုင် အတွင်း ယာဉ်ထိန်း
အင်အားမှာ ၂၅၀ ခန့် ရှိကြောင်းသိရပြီး တိုင်းကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏
စာရင်းများအရ လက်ရှိတွင် တိုင်းအတွင်း  စက်တပ်ယာဉ်စီးရေ ၅၄၇,၀၀၀ ကျော်ရှိကာ
ဆိုင်ကယ်စီးရေမှာ ၄၇၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး