အုတ်ဈေးနှုန်းများမြှင့်တင်နိုင်ရန် လုပ်အားခ တိုးမြှင့်ပေး

အုတ်ဈေးနှုန်းများမြှင့်တင်နိုင်ရန် လုပ်အားခ တိုးမြှင့်ပေး

မန္တလေးမြို့ အုတ်သူကြီးများသည် ကျဆင်းနေသော အုတ်ဈေးနှုန်းများကို  ပြန်လည်မြှင့်တင်နိုင်
ရန် အုတ်လုပ်သား များ၏လုပ်အားခများကို တိုးမြှင့်ပေး လိုက်ပြီဖြစ်ကြောင်း မန္တလေးမြို့ရှိ
အုတ်သူကြီးတစ်ဦးက ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ဒုံးကုန်းကျေးရွာ၊ သရက်တစ်ပင်ကျေးရွာနှင့် ရဲထွဋ်
ကျေးရွာရှိအုတ်ကျင်းများ၌ လုပ်ကိုင်နေသော အလုပ်သမားများအား ၂၀၁၂ ခုနှစ် နိုဝင်ဘာလ
မှစတင်၍ ကျဆင်းလာ သော အုတ်ဈေးနှုန်းများ ပြန်လည်တည်ငြိမ်စေရန်နှင့် အုတ်အလုပ်
သမားများ၏ စားဝတ်နေရေး ပြေလည်စေရန် တို့အတွက် လုပ်အားခများ တိုးမြှင့်လိုက်
ခြင်းဖြစ်ကြောင်း တီကေအုတ်လုပ်ငန်းမှ အုတ်သူကြီး ဦးကျော်တင့်က ပြောသည်။

"အုတ်ဈေးနှုန်းရဲ့ရိုက်ခတ်မှုက အခုအချိန်ထိ ပေါ်ပေါက်နေတုန်းပါ။အုတ်တစ်ချပ်ကို ကျပ်
၉၀-၁၀၀ ၀န်းကျင် ကနေ အုတ်သူကြီးတွေရဲ့ဈေးကွက် ပြိုင်ဆိုင်မှုကြောင့်  ၆၅  ကျပ်အထိ
ကျသွား တာဆိုတော့ အုတ်သူကြီးတွေအနေနဲ့ ဒီဈေးထက်ဆက်ပြီးချဖို့ မဖြစ်နိုင်တော့ပါဘူး။

"အုတ်သူကြီးတွေအနေနဲ့ လူမှုရေး ပိုင်းတွေလည်း လုပ်ဖို့ရှိနေသေးတယ်။ကိုယ့်ရပ်ကိုယ့်ဒေသ
သွားရေးလာရေး အဆင်ပြေစေဖို့ လမ်း၊ တံတားပြင်ဖို့ကိစ္စ တွေ ရှိနေသေးတယ်။ ဒါကြောင့်
အလုပ် သမားတွေကို လုပ်အားခတိုးပေးပြီး အုတ်ဈေးကို ပြန်မြှင့်ယူရမယ်။ ဒီလို လုပ်အားခ
တိုးလိုက်တာနဲ့ အုတ်ဈေးနှုန်း တွေပြန်တက်တော့မယ်ဆိုတာ ဗျူဟာသုံးပြီး အုတ်ဈေးကွက်ကို
အသိပေးလိုက် တဲ့သဘောပါ" ဟု ၎င်းက ပြောသည်။

ထို့ကြောင့်၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှစတင်၍အုတ်အလုပ်သမား များအား ၎င်းတို့၏
လုပ်ကိုင်ရသော အဆင့်အလိုက် လုပ်အားခများ မတူညီသော်လည်း အလုပ်သမားအားလုံး၏
တစ်ရက်လုပ်အားခကို တစ်ဦးလျှင် ကျပ ်၅၀၀ စီ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းက
ဆက်လက်ရှင်းပြသည်။

"သူတို့ရဲ့အလုပ်မှာ အုတ်ပေါက် (အုတ်ပုံခွက်ထဲသို့ ရိုက်ထည့်ရသောသူ) အဆင့်တစ်ရက်
လုပ်အားခ ကျပ်  ၂,၈၀၀ ကနေ နောက်ဆုံးသန့်ရှင်းရေးအဆင့် အထိ တစ်ဦးလျှင် လုပ်အား
ခ ကျပ် ၅၀၀ စီ တိုးသွားမှာပါ။ သူတို့ရဲ့စားဝတ်နေရေး ကို ပြန်ကြည့်တာလည်းပါတာပေါ့။
ရာသီဥတုကြောင့် အုတ်လုပ်ဖို့မလွယ်တဲ့အခါ နေ့စားတွေမို့ သူတို့တွေနားကြရရင် အုတ်သူကြီး
တွေက  ကြိုတင်ငွေ ထုတ်ပေးရတတ်သေးတယ်။ ဒီအခါမျိုးမှာ သူတို့တွေ အကြွေးတင်
လာကြတယ်"ဟု ဦးကျော်တင့်က ပြောပြ သည်။

ထိုသို့အုတ်လုပ်သားများ လစာတိုး မြှင့်ခြင်းနှင့်အတူ အုတ်သယ်ယာဉ်များ၏ ဈေးနှုန်းများမှာ
လည်း မြှင့်တက် လာကြောင်း ၎င်းက ပြောသည်။ "ဒီလိုအလုပ်သမားလုပ်အားခတိုး တော့
အုတ်သယ်ယာဉ်တွေဖြစ်တဲ့ ထော်လာဂျီ စတဲ့ကားတွေကလည်း အုတ်တစ်ချပ် ပြား ၈၀
ကနေ တစ်ကျပ် အထိ တိုးလိုက်ပါပြီ" ဟု ဦကျော်တင့်က ပြောသည်။

အုတ်လုပ်သားတစ်ဦးလျှင် လုပ်ကိုင် ရသောအဆင့်အလိုက် လုပ်အားခများ ရရှိပြီး ၎င်းတို့
၏လုပ်အားခများကို ခုနစ်ရက် (သို့မဟုတ်) ၁၀ ရက်တစ်ခါ ရှင်းပေးရကြောင်း၊ ပုသိမ်ကြီး
မြို့နယ် အတွင်းရှိ ရွာသုံးရွာပါ၀င်သော ဒုံးကုန်း အုတ်ခွင်ဟု လူသိများသည့် အဆိုပါ
အုတ်ကျင်းတွင် အုတ်အလုပ်သမား ၁၈,၀၀၀ကျော် ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး