မင်္ဂလာမန္တလေးစီမံကိန်း ပထမအဆင့် ၃၅ ရာခိုင် နှုန်းပြီးစီး၊ ဆီးဂိမ်းအမီအပြီးသတ်တည်ဆောက်မည်

မင်္ဂလာမန္တလေးစီမံကိန်း ပထမအဆင့် ၃၅ ရာခိုင် နှုန်းပြီးစီး၊ ဆီးဂိမ်းအမီအပြီးသတ်တည်ဆောက်မည်

မန္တလေးမြို့ စည်ပင်သာယာ၊ C.A.D Construction နှင့် New Star Light ဆောက်လုပ်ရေးတို့
အကျိုးတူပူးပေါင်း ကာ မန္တလေးမြို့ ရ၃ လမ်းပေါ်တွင် တည်ဆောက် အကောင်အထည်ဖော်
နေသော အစီအစဉ်များစွာပါ၀င်သည့် မင်္ဂလာ မန္တလေးစီမံကိန်းပထမ အဆင့်မှာ ၃၅ ရာခိုင်နှုန်း
ပြီးစီးနေပြီး လာမည့်ဆီးဂိမ်းအမီ အပြီးသတ်မည်ဖြစ်သည်။

မြို့တွင်း အချက်အချာနေရာနှင့် မြို့သစ်ရပ်ကွက်ကြီးများကြား၊ နေရာ ကောင်းပေါ်ရှိ မြေ
အကျယ် ၄၇ ဧကပေါ် တွင် တည်ဆောက်နေသည့် အဆိုပါစီမံကိန်းတွင် လေးထပ်လူနေ
ဆိုင်ခန်းပေါင်း ၁၂၇ ယူနစ်၊ စည်ပင်သာယာ၏ အခန်း ၅၀ ပါ၀င်သော ကြယ်သုံးပွင့်အဆင့်ရှိ
ဟိုတယ်နှင့် ၄၈ ယူနစ်ပါ ကွန်ဒိုမီနီယံ၊ အထပ်ငါးထပ်ရှိ ဈေးဝယ်စင်တာနှင့် ကားစီးရေ ၁,၀၀၀
ရပ်နားနိုင်မည့် အထပ်ငါးထပ်ရှိ multi-storey building၊ နိုင်ငံတကာ ကြယ်လေးပွင့်အဆင့်ရှိ
အခန်း ၃၀၀ ပါ Novotel (Mandalay) ဟိုတယ်၊ ရှစ်ထပ်ရှိပြီး ၉၆ ယူနစ်ပါ Novotel
Condominium နှင့် အဆင့်သုံးမျိုးခွဲခြား ထားသော အိမ်ရာ ၆၉ ကွက်တို့ ပါ၀င်သည်။

"လူနေတိုက်ခန်း ၁၂၇ ယူနစ်၊ ကားပါ ကင်၊ ဟိုတယ်တွေနဲ့ ဈေးဝယ်စင်တာတွေကို ပထမ
အဆင့်အနေနဲ့ ဆီးဂိမ်းအမီ တည်ဆောက်ဖွင့်လှစ်သွားမှာပါ။ လက်ရှိမှာ ၃၅ ရာခိုင်နှုန်း
တည်ဆောက် ပြီးပါပြီ။တိုက်ခန်းတွေကို လောလောဆယ် အရောင်း မဖွင့်သေးပါဘူး"ဟု
C.A.D ဆောက်လုပ်ရေးမှ ဦးဇင်မင်းဆွေက ယခုလ ၂၁ ရက်နေ့က ပြောသည်။

ပြီးခဲ့သော ၂၀၁၂၊ စက်တင်ဘာလ ဆန်းက စတင်အကောင်အထည်ဖော် နေသော အဆိုပါ
စီမံကိန်းတွင် နိုင်ငံသား များသာ ရင်းနှီးထားပြီး ရင်းနှီးငွေကျပ် ဘီလျံ ၁၂၀ ဖြစ်ကြောင်း
သိရသည်။

"ဒီနေရာက ပတ်ဝန်းကျင်အနေ အထားနဲ့ အလားအလာလည်း ကောင်း တယ်။ စီးပွားရေး
အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်လာအောင်လုပ်ဖို့လည်း ရည်ရွယ်ပါတယ်။ ကျွန်တော့်
အနေနဲ့ တကယ်ဆိုင်လာဖွင့်မယ့်သူတွေ၊ နာမည် ရထားတဲ့ ကုန်အမှတ်တံဆိပ်ပိုင်ရှင်တွေ
ကို နေရာဦးစားပေး ရောင်းချသွားမယ်။ ဆီးဂိမ်းပြီးတဲ့နောက် ကျန်တဲ့အပိုင်း တွေကို ၂၀၁၄
ခုနှစ်အတွင်း လက်စသတ် အကောင်အထည် ဖော်သွားကြမှာပါ"ဟု ဦးဇင်မင်းဆွေက
ပြောသည်။

ကိုယ်ပိုင် လျှပ်စစ်ဓာတ်အားခွဲရုံနှင့် အဝီစိတွင်းများပါ၀င်ပြီး Night Life အတွက် လမ်းလျှောက်
ဈေးတစ်ခုကို ထည့်သွင်းဖန်တီးသွားမည့် အဆိုပါ စီမံကိန်း ပြီးစီးအကောင်အထည်ပေါ်လာပါက
မြို့သစ်ရပ်ကွက်ကြီးများနှင့် မြို့တွင်းဆက်စပ်မှု ပိုမိုအားကောင်း လာနိုင်ပြီး အိမ်မြေဈေးကွက်ပါ
အကွက် အကွင်း ပိုမိုလှလာနိုင်ကြောင်း အကျိုးဆောင်တချို့ကသုံးသပ်နေကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး