ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားဝင်းကို အဆင့်မြှင့်တင်ပြီး လိုအပ်ချက်များပြုပြင်ဆောင်ရွက်
ကာ စစ်ကိုင်း၊ ချင်း ပြည်နယ်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများကို ပြောင်းရွှေ့ချထားပေး
ရန်လျာထားကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ယာဉ်လုပ်ငန်းကြီးကြပ်
ရေးကော်မတီ တာဝန်ပေးအပ်ပွဲတွင် ပြောသည်။
လမ်းများ ကောင်းမွန်အောင်ပြုပြင်ပြီး၊ ကားကျပ်ခြင်းများမရှိအောင် ဆောင်ရွက်လျက်ရှိကာ
ခေတ်နှင့်အညီ် ဆောင်ရွက်ပေးရန် လွှတ်တော်သို့ စာတင်ထားကြောင်း ၎င်းက ပြောသည်။
"ချမ်းမြရွှေပြည် ကားဝင်းမှာက ခေါက်တို အဝင်အထွက်များပါတယ်။ ကားကြီးတွေကဟိုနား
ရပ်၊ ဒီနားရပ်တော့ ချိုင့်တွေဖြစ်တာပေါ့။ ကားအဝင် အထွက်လည်းများတော့ လမ်းတွေ
လည်းကျပ်ပြီး ပိတ်နေတာတွေရှိပါတယ်။ အခုတော့အားလုံးပြုပြင်ထား တဲ့အတွက် အဆင်
ပြေနေပါပြီ။ လမ်းတွေကောင်းအောင် လုပ်ဆောင်နေပါတယ်"ဟု ၎င်းက ပြောသည်။
သီရိမန္တလာ ကားဝင်းအတွင်း၌လည်း ကားအဝင်အထွက်များသောကြောင့် ကားလမ်းများ
ပိတ်နေခြင်း၊ ကားအစီးရေ တစ်နေ့လျှင်အဝင်အထွက် ၄၀၀ ကျော် ရှိသောကြောင့် ကားဝင်း
အတွင်း ကားများကျပ်သိပ်ရခြင်းကို ဖြေလျှော့ သည့်အားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့်
ချင်းပြည်နယ်များသို့ လက်ရှိပြေးဆွဲ နေသောယာဉ်လိုင်းများကို ကျွဲဆည်ကန် ကားဝင်းသို
့ပြောင်းရွှေ့ရန် ရည်ရွယ်ထားကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက
ပြောသည်။
"စစ်ကိုင်း၊ ချင်းပြည်နယ်ကားလိုင်းတွေကို ကျွဲဆည်ကန် ကားဝင်းပြောင်းဖို့ ယာယီစဉ်းစား
ထားပါတယ်။ အသစ်ဆောက်နေတဲ့ စွယ်တော်ကားဝင်းပြီးလို့ ကျွဲဆည်ကန်ကားဝင်း
ပြောင်းပြီးပြီဆိုရင် အဲဒီလိုင်းတွေကို နေရာချပေးနိုင်ဖို့ စာတင်ထားပါတယ်။
"စစ်ကိုင်းတို့၊ ချင်းပြည်နယ်တို့ကို ပြေးဆွဲတဲ့ကားလိုင်းတွေပြောင်း ရွှေ့လိုက်ရင် ကားအရေ
အတွက်လျော့နည်းသွားမယ်။ အစီးရေအနေနဲ့ ကြည့်ရင် ၁၈၇ စီးလျော့သွားမယ်။ သီရိ
မန္တလာကားဝင်းမှာလည်း ကားအစီးရေ ၂၅၀ လောက်ပဲကျန်တော့ အဆင်ပြေသွားတာပေါ့။
အခုတော့ စွယ်တော်ကား ၀င်းက မပြီးသေးတဲ့အတွက် အဆင်မပြေသေးပါဘူး"ဟု လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။















