မန္တလေးပန်းချီဆရာများ ကျန်းမာရေးကူညီစောင့်ရှောက်ရေး အဖွဲ့ စတင်ဖွဲ့စည်း

မန္တလေးပန်းချီဆရာများ ကျန်းမာရေးကူညီစောင့်ရှောက်ရေး အဖွဲ့ စတင်ဖွဲ့စည်း

မန္တလေးပန်းချီဆရာများ ကျန်းမာရေး  ကူညီစောင့်ရှောက်ရေးအဖွဲ့ကို ဇန်နဝါရီလ ပထမပတ်က
ဖွဲ့စည်းခဲ့သည်။

"မန္တလေးပန်းချီဆရာတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့  ဖွဲ့စည်းခဲ့ပါတယ်။
စေတနာနဲ့ထည့်ဝင်တဲ့ အလှူငွေနဲ့ပဲ လှူဒါန်းသွားမှာပါ။ ဒီအဖွဲ့ကနေပြီး ရန်ပုံငွေပန်းချီပြပွဲတွေ
ကျင်းပတာ၊ စီစဉ်တာတွေမလုပ်ပါဘူး"ဟု ဦးဇော်ဝင်း(သစ်ထွင်း)က ပြောသည်။

မန္တလေး ပန်းချီဆရာများ ကျန်းမာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ကို ဦးဇော် ၀င်း(သစ်ထွင်း)၊
ဦးမာလာ၊ ဦးခင်မောင် စန်း၊ ဦးစိုးဝင်းအောင်၊ ဦးပုညဆွေတို့က ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဇန်နဝါရီ
လ ၉ ရက် နေ့က မျက်စိခွဲစိတ်မှုခံယူထားသော ပန်းချီဆရာကြီးဦးထွန်းစိန်အား ငွေကျပ်
တစ်သိန်း လှူဒါန်းခဲ့သည်။

"အလှူငွေကို ပန်းချီဆရာတွေအပြင်  ပြင်ပကလူတွေလည်း လှူဒါန်းပါတယ်။ ဒီအဖွဲ့ကနေပြီး
ကျန်းမာရေးအတွက် အကူအညီပေးတဲ့အခါ လိုအပ်ချက်ပေါ် မူတည်ပြီး လှူဒါန်းပါတယ်။
နည်းရင်နည်းသလို၊ များရင်များသလို လှူဒါန်းပေးပါတယ်။ ဘယ်လောက်လှူမယ်လို့ သတ်မှတ်
ထားတာမျိုးတော့ မရှိပါဘူး" ဟု ဦးဇော်ဝင်း(သစ်ထွင်း)က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး