ယခုနှစ် ၂၀၁၃ ဖေဖော်ဝါရီလတွင် အင်းလေးရှိ ကျွန်းပေါင် ၆၅ ပေါင်၌ ဓာတုဆေးဝါးလျှော့ချ
သည့် စိုက်ပျိုးခင်းများ ပျိုးထောင်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း အင်းလေးအထူးဖွံ့ဖြိုးရေး အဖွဲ့
ခေါင်းဆောင်၊ကိုရေအေးက၊ပြောသည်။
" အော်ဂဲနစ်တော့ မဟုတ်ဘူး။ GAP ဆိုတဲ့ Good Agriculture Practices ပေါ့။ GAP ကို
ကျွန်တော်တို့ ကြိုးပမ်း ပုံဖော်နေပါတယ်။ လာမယ့်ဖေဖော်ဝါရီလမှာ စလုပ်မှာပါ။ အဆင်ပြေ
ပါတယ်။ ခက်တာက ကျွန်တော်တို့ဆီမှာmarket မရှိဘူး။ ဒီက စားသုံးသူတွေကလည်း
အော်ဂဲနစ်ဆိုတာလည်း မသိဘူး။နားလည်မလည်ဘူး။ စိတ်လည်း မဝင်စားဘူး။ ဈေးနှုန်းတစ်ခု
တည်းပဲကြည့်တယ်။ ဈေးသက်သာရင် ၀ယ်စားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ နိုင်ငံခြား
သား အလာများတဲ့အတွက် ဈေးကွက်ကို နိုင်ငံခြားထိုးဖောက်မယ်ပေါ့ဗျာ။ အဲလို လုပ်မယ်
စဉ်းစားထားပါတယ်" ဟု ၎င်းက ဆိုသည်။
အော်ဂဲနစ်သီးနှံများ ဈေးကွက် ထိုးဖောက်ရန် မလွယ်ကြောင်း၊ ဂျီပီအေ သီးနှံများပင်လျှင်
မလွယ်လှကြောင်း ကိုရေအေးက ဆက်လက်ပြောပြသည်။
"ဒီမှာက mindset ပြောင်းဖို့ အရမ်း ခဲယဉ်းတယ်။ ထိုင်းမှာဆိုရင် သူတို့ဘုရင်ကြီးက ဒီပန်းမျိုး
လာကြည့်တယ်။ ၀ယ်စားတယ်။ လုပ်ပြလိုက်တယ်ဆိုရင် အဲဒီအတိုင်း ချက်ချင်းလိုက်လုပ်ကြ
တယ်။ သူတို့ရဲ့ attitude က ပြောင်းရတာ အရမ်းလွယ်တယ်။ အကုန်လုံး အဲဒါပဲ လိုက်
လုပ်ကြတာ။ ဒီမှာကျတော့ မလွယ်ဘူး။
၀န်ကြီးက ဒါလုပ်ဆိုပေမယ့် ဘယ်သူမှ လိုက်မလုပ်ဘူး။ မြန်မာလူမျိုးတွေက အရမ်းခက်တယ်။
ကျွန်တော်တို့ကြိုးစားကြည့်တယ်။ မရဘူး၊ ခိုးထည့်တာပဲ။ အော်ဂဲနစ်ပါ၊ အော်ဂဲနစ် မဟုတ်
ပါဘူးလို့ certificate ပေးတဲ့ အဖွဲ့အစည်းလည်း မရှိဘူး။ အော်ဂဲနစ်မပြောနဲ့ GAP အဖြစ်
အသိအမှတ်ပြုပေးတာတောင် မရှိဘူး။ ၀န်ကြီးကိုယ်တိုင်က ပုလဲသွယ်ကို focus ထားထား
တယ်။
တခြားဥစ္စာတွေကို မလုပ်ပေးနိုင်ဘူး ဖြစ်နေတယ်။ တော်တော်လေးလည်း မလွယ်ဘူး။ ထိုင်း
GAP၊ ဂလိုဘယ် GAP ၊ အာဆီယံ GAP စသည်ဖြင့်လုပ်ကြတာပေါ့လေ။ ကျွန်တော်တို့
လည်း စိတ်ကူးယဉ်ချင်တာပေါ့။ ၂၀၁၃ မှာ အော်ဂဲနစ် မဟုတ် တောင် safety food လုပ်
ချင်တာပေါ့။ တော်တော်လေးတော့ မလွယ်ပါဘူး။ အနည်းဆုံးတော့ အင်းလေး GAP
လုပ်ချင်တာပေါ့" ဟု ၎င်းက ဆိုသည်။ အင်းလေးကန်ရှိ ကျွန်းမျော ၆၅ ပေါင် တွင် ပြုလုပ်
မည်ဖြစ်ပြီး နော်ဝေအစိုးရက ထောက်ပ့ံထားခြင်းဖြစ်ကြောင်း သိရသည်။
" အဲဒီအတွက် သိန်း ၂၀၀ ရထားပြီးပြီ ။ ၈၈ ကျောင်းသား ကိုဂျင်မီကတစ်ဆင့် ရခဲ့တာပါ။
ကျွန်းမျောသန့်ရှင်းရေးက တစ်ပေါင်ကို တစ်သိန်းဝန်းကျင်ရှိတယ်။ ၆၅ ပေါင်ဆိုတော့ ၆၅
သိန်း။ မျိုးစေ့က ရှမ်းမောမြေက ထောက်ပံ့မယ်လို့ ပြောတယ်။ အစ္စရေးက စိုက်ပျိုးရေး
ပညာရှင်လည်း လာပါမယ်။ ဂျပန်သခွားစိုက်မယ်။
"တရုတ်ပြည်က စမ်းသပ်တဲ့ ငရုတ်သီးခြောက်မျိုး၊ အစေ့မပါတဲ့ သင်္ဘောသီးစိုက်ဖို့ ရည်မှန်း
ထားတယ်။ အဲဒီအတွက် ရွာသုံးရွာကို ကော်မတီ ဖွဲ့ခိုင်းထားတယ်"ဟု ကိုရေအေးက
ရှင်းပြသည်။
















