ရှေ့နေများကွန်ရက် (အထက်မြန်မာ နိုင်ငံ)မှ အရည်အသွေးမြှင့်တင့်ရေးအစီ အစဉ်အရ ၀ါရင့်
တရားလွတ်တော်ရှေ့ နေကြီးများက သင်ကြားသော ဥပဒေရေး ရာသင်တန်းများကို အခမဲ့
တက်ရောက် နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ကြီး တော်ဝင်ဦးခင်မောင်သန်းက ပြော
ကြားသည်။
"ဥပဒေရေးရာ သင်တန်းတွေကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ သင်ကြားပို့ချပေးနေ
ပါတယ်။ ရှေ့နေ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူတွေရော၊ ဥပဒေကို စိတ်ဝင်စား
တဲ့သူတွေရော မည်သူမဆိုအခမဲ့တက်ရောက်နိုင်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့
၃၈ လမ်း၊ ရ၂ လမ်းနဲ့ ရ၃ လမ်းကြားမှာရှိတဲ့ တော်ဝင်ရှေ့နေလုပ်ငန်း လက်တွေ့သင်တန်း
ခန်းမမှာ လာရောက်စာရင်းပေးရုံပါပဲ"ဟု ဦးခင်မောင်သန်းက ပြောသည်။
ရှေ့နေများကွန်ရက် (အထက် မြန်မာနိုင်ငံ)၏ အခြေခံအဖွဲ့အစည်းကို မန္တလေးမြို့တွင်အခြေပြု
၍ ဖွဲ့စည်းထားပြီး ယင်းကွန်ရက်၏ အရည်အသွေးမြှင့်တင်ရေးအစီအစဉ်အရ ရှေ့နေသမိုင်း၊
ရှေ့နေဘဝ၊ ရှေ့နေပညာ၊ အသုံးချ သက်သေဥပဒေ၊ တရားခွင်လက်တွေ့ စသည့်ဥပဒေရေးရာ
သင်တန်းများ သင်ကြားပို့ချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ရှေ့နေများကွန်ရက်သည် တရားဥပ ဒေစိုးမိုးရေးကဏ္ဍတွင် ဥပဒေကြမ်းများ၊ နည်းဥပဒေကြမ်း
များ၊ ဥပဒေနှင့် နည်း ဥပဒေများပြဋ္ဌာန်းရာတွင် အစိုးရ၊ လွှတ် တော်၊ နိုင်ငံရေးပါတီများ၊ လူမှုရေး
အဖွဲ့အစည်းများ၊ လူထုလူတန်းစားအဖွဲ့ အစည်းများသို့ ဥပဒေအကဲဖြတ်ချက် များ၊ သုံးသပ်
ချက်များ၊ မိမိတို့သဘော ထားများထုတ်ဖော်ရန်၊ ရှေ့နေများ၏ တရားဝင်အခွင့်အရေးများ
မတရားချိုး ဖောက်ခံရမှုကို ပြတ်ပြတ်သားသား ကာကွယ်ရန်၊ ဂုဏ်သိက္ခာမြင့်မားသည့်
တရားစီရင်ရေး ဖော်ဆောင်ရာတွင် ရှေ့နေများ၏ အခန်းကဏ္ဍ ဂုဏ်သိက္ခာရှိရှိ ပြန်လည်
ရပ်တည်ခွင့်ရရှိရန် ရည်ရွယ်ကာဖွဲ့စည်းထားကြောင်း သိရသည်။
ထို့ပြင် ရှေ့နေများ၏ အရည်အသွေး မြှင့်တင်ရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာ သင်တန်းများသို့
စေလွှတ်ရန်၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ၀ါရင့် ရှေ့နေကြီးများ၏ အတွေ့အကြံု
ဩဝါဒ ခံယူပွဲများ၊ သက်ကြီးရှေ့နေပူဇော်ပွဲများ ပြုလုပ်ကျင်းပရန်နှင့် ဥပဒေနှင့်အညီ လူ့အခွင့်
အရေး ဖော်ဆောင်ရာတွင် အလုပ်သမား၊ လယ်သမား၊ လူထု လူတန်းစားအဖွဲ့အစည်းများ၊
ဆင်းရဲ နွမ်းပါးပြည်သူများဘက်မှ အမှုလိုက်ပါဆောင်ရွက်ရန်နှင့် ပြည်သူများအား ဥပဒေ အသိ
ပညာပေးမှုများပြုလုပ်ရန် ရည်ရွယ်ကြောင်း ဦးခင်မောင်သန်းက ရှင်းပြသည်။















