TDH Italia အဖွဲ့နှင့် အီတလီနိုင်ငံ၊ ဘိုလော့ဂ်နာတက္ကသိုလ်တို့ ပူးပေါင်းပြီး မကွေးတိုင်း
ဒေသကြီးတွင် အပူပိုင်း ဒေသနှင့် သင့်တော်ပြီး ရေရှည်တည်တံ့ စေနိုင်သော စိုက်ပျိုးနည်းပညာ
များ ဖြန့်ဖြူးခြင်းကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ လမှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအထိ ပြုလုပ်ခဲ့ရာ
ယခုအခါ အဆိုပါနည်းပညာများကို တောင်သူများ ကိုယ်တိုင်စိုက်ပျိုး အောင်မြင်နိုင်သည့်
အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးသည် မြန်မာ နိုင်ငံရှိ အပူပိုင်းဇုန်များထဲတွင် အပူအပြင်းဆုံးဖြစ်ပြီး မြေ
အများစုမှာ သီးနှံစိုက်ပျိုးရန် မဖြစ်နိုင်သည့် အရည်အသွေးညံ့ သောမြေများဖြစ်နေ၍ နည်း
ပညာ ဖြန့် ဖြူးနိုင်ရန် ဤဒေသကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း TDH Italia အဖွဲ့မှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
"ရွာတွေမှာ မိုးတွင်းတစ်ခုပဲ ဟင်းသီး ဟင်းရွက် ကောင်းကောင်းစားရတယ်။ ကျန်တဲ့အချိန်တွေ
ဆို မြို့ပေါ်က ၀ယ်ရ တယ်။ ဈေးကားကြံုမှ အသီးအရွက်စား ရတယ်။ ဒါတောင် လတ်လတ်
ဆတ်ဆတ်မရဘူး။ ဒါကြောင့် အဲဒီဘက်က လူတွေမှာ အားနည်းလိုအာဟာရဓာတ်နဲ့ သံဓာတ်
တွေ ချို့တဲ့တာတွေလည်း အများကြီးတွေ့ရတယ်။ အဲဒါတွေကို ဖြည့်စွက်ဖို့အတွက် လတ်
ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ထုတ်နိုင်မယ့် ဒီနည်းပညာတွေကို မိတ်ဆက်ပေးတာ
ဖြစ်ပါတယ်"ဟု TDH Italia အဖွဲ့မှ လက်ထောက်စီမံကိန်း မန်နေဂျာ ဒေါ်ခင်ခင်အေးက
ပြောသည်။
ရေသန့်ဘူးခွံဟောင်း၊ ဖျော်ရည်ဘူး ခွံဟောင်းများအတွင်း ဖွဲပြာထည့်ပြီး ဖျော်စပ်ထားသော
အာဟာရရည်ကို အစက်ချနည်း စနစ်ဖြင့် စိုက်ပျိုးသည့် မြေမဲ့ စိုက်ပျိုးခြင်းနှင့် အစက်ချရေသွင်း
နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းစသည့် နည်း ပညာများကို မကွေးတိုင်းဒေသကြီး၊ ရေနံချောင်း
မြို့နယ်ရှိ ကျေးရွာခြောက်ရွာနှင့် နတ်မောက်မြို့နယ်ရှိ ကျေးရွာလေးရွာတို့တွင် သရုပ်ပြ
စိုက်ခင်းများ ထူထောင်ပြီး နည်းပညာဖြန့်ဝေခဲ့ကြောင်းသိရသည်။
"ရေနံချောင်းမှာဆိုရင် မြင်မြင်သမျှက သစ်ပင်စိုက်လို့မရတဲ့နေရာချည်းပဲ။ အဲလို သစ်ပင်စိုက်ဖို့
ခက်ခဲတဲ့နေရာတွေမှာ မြေမဲ့စိုက်ပျိုးနည်းသုံးပြီး စိုက်ရင်တစ်နှစ်ပတ်လုံး အသီးအရွက်ထုတ်နိုင်
မယ်။ အဲဒီတော့ မိသားစုရဲ့ ဟင်းသီးဟင်းရွက် စားတဲ့နှုန်းလည်း တက်လာမယ်။ ၀ယ်မစားရ
တော့ ပိုက်ဆံ ချွေတာရာလည်း ရောက်မယ်။ ရောင်းစားရင် အပိုဝင်ငွေရမယ်။ TDH ရဲ့
ရည်ရွယ်ချက်က ဒီလိုနည်းနဲ့ ကျေးလက်နေ မိသားစုတွေ ပိုမိုကောင်းမွန်တဲ့ အသက်မွေးဝမ်း
ကျောင်း လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့နဲ့ စားနပ်ရိက္ခာဖူလုံစေဖို့ ဖြစ်ပါတယ်။ တောင်သူတွေ
ကိုယ်တိုင်ကလည်း စိတ်ဝင်တစားနဲ့ လုပ်ဆောင်ကြတဲ့အတွက် အခုလိုအောင်မြင်တာပါ"ဟု
ဒေါ်ခင်ခင်အေးက ဆိုသည်။
စီမံကိန်းကာလ တစ်နှစ်အတွင်းတွင် မြေမဲ့စိုက်ပျိုးနည်းနှင့် အစက်ချရေပေး ရေးစနစ်နှင့်
ပတ်သက်သည့် နည်းပညာ များကို ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် (မကွေးကျောင်းခွဲ)တွင်
သင်တန်း အကြိမ်ရေ ၂၀၀ နီးပါးဖွင့်လှစ်ကာ တောင်သူများနှင့် ကျောင်းရှိ ကျောင်း သားများကို
သင်ကြားပြသပေးခဲ့ ကြောင်းလည်း သိရသည်။
ဟိုက်ဒရိုပိုးနစ်ဟုခေါ်သော မြေလွှာမဲ့စိုက်ပျိုးနည်းပညာမှာ အဆင့်မြင့်နည်း ပညာတစ်ခုဖြစ်ပြီး
သာမန်အားဖြင့် ကုန် ကျစရိတ်မြင့်မားလေ့ရှိကြောင်း၊ သို့ရာ တွင် ယခုမကွေးအပူပိုင်းဒေသတွင်
လာရောက် မိတ်ဆက်ပေးသော မြေမဲ့ စိုက်ပျိုးနည်းပညာမှာ ဒေသထွက် အလွယ်တကူရရှိနိုင်
သော ပစ္စည်းများ ကိုသာ အသုံးပြုစိုက်ပျိုးနိုင်သဖြင့် စရိတ် စက သက်သာပြီးတောင်သူများ
အတွက် အကျိုးရှိစေနိုင်ကြောင်း ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ်၊ ဆီထွက်သီးနှံနှင့်ပဲမျိုးစုံ
အထူးပြုကျောင်းခွဲမှ ပါမောက္ခ ဒေါက် တာ မီမီအောင်က ဆိုသည်။
"နည်းပညာက အဆင့်မြင့်တယ်။ ဒါပေမဲ့ အီတလီက ပရော်ဖက်ဆာက ရိုးရှင်းတဲ့နည်းတွေနဲ့ပဲ
အသုံးပြုလို့ရ အောင် ထွင်ပေးထားတယ်။ အပင်စိုက် တဲ့ ဘူးက ရေသန့်ဘူးခွံ၊ အအေးဘူးခွံ
တွေ ကို အပေါက်ဖောက်ပြီး သုံးတယ်။ ဘူးထဲမှာ မီးရှို့ထားတဲ့ဖွဲပြာကို ထည့်ပြီး အပင် စိုက်
တယ်။ ဘူးတင်ထားတဲ့ စင်ကိုနိမ့် လျှောလုပ်ပြီး အပေါ်ဆုံးကနေ အာဟာရရည်ကို တစ်စက်
ချင်းချပြီး ပေးတယ်။ ဘူးတွေကိုဖြတ်ပြီး ပြန်ထွက်လာတဲ့ အာဟာရရည်ကို ပြန်စုပြီး ပြန်သုံး
တယ်။ အာဟာရရည်တစ်ခါဖျော် ထားရင် အနည်းဆုံး နှစ်ပတ်သုံးလို့ရ တယ်။
"ဒီနည်းရဲ့ အဓိက အားသာချက်က ရေသုံးစွဲမှုကို ချွေတာနိုင်တယ်။ သုံးသ လောက်ရေကို
အကျိုးရှိအောင် သုံးနိုင် တယ်။ အာဟာရရည်ကိုလည်း ထပ်ခါ ထပ်ခါပြန်သုံးတာ ဖြစ်တဲ့
အတွက် မြေဩဇာ အသုံးသက်သာတယ်။ နောက်ပြီး မြေကြီးပေါ်မှာ ချစိုက်တဲ့အပင်တွေလို
မြေဩဇာရည်က မြေကြီးထဲကို မဝင်တဲ့အတွက် မြေကြီးကိုလည်း မပျက်စီးစေဘူး။ မြေကြီးကို
မသုံးတဲ့အတွက် မြေကြီးကနေ ကူးစက်တဲ့ ရောဂါတွေလည်း မရှိဘူး။ မြေအောင်း ဖျက်ပိုး
ဒဏ်လည်းမခံရတော့ဘူး"ဟု ၎င်းက ဖြည့်စွက်ပြောသည်။
မိုးရေသည်သာ တစ်ခုတည်းသော ရေရရှိနိုင်သည့် အရင်းအမြစ်ဖြစ်သည့် စီမံကိန်းကျေးရွာ
များအတွက် ဂါလန် ၁၁,၀၀၀ ဆန့်သည့် မိုးရေလှောင်ကန် များ တည်ဆောက်ပေးခြင်း၊ ရ၂
ကုဗ မီတာရှိ မြေမဲ့ဟင်းသီးဟင်းရွက် စိုက်ပျိုး အိမ်များ တည်ထောင်ပေးခြင်းများ အပြင်
အခြားဆက်စပ်သည့် အာဟာရ ရည်ဖျော်စပ်သည့် နည်းပညာ၊ ပိုးမွှား ထိန်းချုပ်သည့်
နည်းပညာများကိုလည်း သင်ကြားပေးကြောင်း သိရသည်။
စီမံကိန်းရွာ ဆယ်ရွာတွင် ပါ၀င်သည့် စခန်းကန်နှင့် စမ်းကန်ကြီး ရွာတို့မှာ ရေနံချောင်းမြို့နှင့်
မိုင် ၂၀ ကျော် ကွာဝေးပြီး မိုးရာသီတွင် မြေပဲ၊ နှမ်း၊ ပဲတီ စိမ်း၊ ပဲစင်းငုံစသည့်သီးနှံများကို
စိုက်ပျိုး ကြကြောင်း၊ နွေရာသီတွင်မူ ရေအခက် အခဲကြောင့် သီးနှံစိုက်ပျိုးရန် ခက်ခဲ ကြောင်း
သိရသည်။
"အရင်က ရွာမှာ မိုးရွာမှ အစေ့ချပြီး အပင်စိုက်ရတာ။ ဒီနည်းကို အရင် က တစ်ခါမှ မမြင်ဖူး
ဘူး။ စိုက်လည်း မစိုက် ဖူးဘူး။ မနှစ်က ဩဂုတ်လက စပြီး ဒီမြေ မဲ့ဟင်းသီးဟင်းရွက် စိုက်ပျိုး
အိမ်ကို စိုက်တာပါ။ စုပေါင်းလုပ်တဲ့လူ ၁၅ ယောက်ရှိတယ်။အခုချိန်ထိ ပိဿာချိန် ၂၀၀
လောက် ခူးရပြီ။ ထွက်တဲ့အသီး အရွက်တွေကို ကိုယ့်ဘာသာလည်း စားတယ်။ ပိုတာကို
ရောင်းတယ်။ အခု ဆို ရန်ပုံငွေ တစ်သောင်းကျော်လောက် ရပြီ။ ဇန်နဝါရီလကုန်မှာ စီမံကိန်း
က ခဏ နားသွားပေးမယ့် ကျွန်မတို့ကတော့ ဆက်လုပ်မှာပါ"ဟု စခန်းကန်ရွာမှ ကျေးရွာသူ
တစ်ဦးက ဆိုသည်။
TDH ၏ သရုပ်ပြစိုက်ခင်းကို အတုယူပြီး မိမိအိမ်တွင် တစ်နိုင်တစ်ပိုင် စိုက် ပျိုးထားသူ
စခန်းကန်ရွာသား ဦးအောင် သိန်းကလည်း ၎င်း၏ စိုက်ခင်းတွင် ဆလပ်၊ မုန်ညင်း၊ ကိုက်လံ
ပင်များအပြင် ပန်းမုံလာများကိုလည်း စမ်းသပ် စိုက်ပျိုး ထားကြောင်း ပြောသည်။
"အိမ်မှာတော့ အမိုးမလုပ်ဘဲ အပင်အောက်မှာပဲ စိုက်ထားတယ်။ သစ်သား သုံးရမယ့်နေရာမှာ
ထန်းလက်ပြားကို သုံးတယ်။ ရေကို တော့ ငါးလီတာပုံးနဲ့ပဲ တည်ပြီး ပေးတယ်။ ပြန်ကျလာတဲ့
ရေကို အင်တုံနဲ့ ခံတယ်။ တစ်နာရီတစ်ခါ ရေပြန်လှယ် ပေးရတယ်။ တစ်ရက်ကို ရေ ငါးဂါလံ
လောက်ပဲ ကုန်ပါတယ်"ဟု ဦးအောင်သိန်းက ပြောသည်။
မြေမဲ့စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရာတွင် ဆလပ်၊ မုန်ညင်း၊ ကိုက်လံစသည့် အရွက်စားပင်များ
မှာ အဓိက ဖြစ်ထွန်း ပြီး ခရမ်းသီး၊ သခွားသီး၊ ငရုတ်၊ ခရမ်းချဉ်စသည့် အပင်များကိုလည်း
စိုက်ပျိုးနိုင်ကြောင်း သိရသည်။
"ံHydroponic နည်းက တကယ်ဆို ခက်ခဲပြီး ရှုပ်ထွေးပါတယ်။ ဒါပေမယ့် လာသင်ပေးတဲ့
ဆရာတွေက လွယ်ကူ အောင်၊ တောင်သူတွေ တကယ်လက် တွေ့ အသုံးချလို့ရအောင်
ဆရာစား မချန်ဘဲ သင်ပေးသွားတဲ့အတွက် တောင်သူတွေက အခုဆို အမှန်တကယ်
လိုက်လုပ် နိုင်နေပါပြီ။ စိုက်ပျိုးရေးဆိုတာ တောင်သူရဲ့ အသက်မွေး ၀မ်းကျောင်းပညာပါ။
သူတို့အတွက် တကယ်အကျိုးရှိမယ့် နည်းသာ ဖြစ်ပါစေ။ ဘယ်လောက်ခက်ခက် တောင်သူက
တကယ်လက်တွေ့ လိုက်လုပ်နိုင်ပါတယ်"ဟု ဒေါက်တာ မီမီအောင်က ဆိုသည်။TDH သည်
၎င်း၏ အပူပိုင်းဒေသ နှင့် ကိုက်ညီပြီး ရေရှည်တည်တံ့စေနိုင် သော စိုက်ပျိုးနည်းပညာများ
ဖြန့်ဖြူး သည့်စီမံကိန်းကို နောက်ထပ် သုံးနှစ် ချဲ့ထွင်သွားနိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး သိပ္ပံတွင် မြေမဲ့စိုက်ပျိုးနည်း စနစ်နှင့် အစက်ချ စိုက်ပျိုး နည်းစနစ်
များကို ဆက်လက် တိုးချဲ့သွားရန်နှင့် အဆိုပါ နည်းပညာများကို အသုံးပြု၍ စီးပွားဖြစ်
ထုတ်လုပ်လိုသူများအတွက် ရင်းနှီးမြှုပ်နှံရန် ချေးငွေကို ငြခမသ ဃမနိငအ အဖွဲ့နှင့် ပူးပေါင်း
ဆောင်ရွက်ရန် အစီအစဉ်များ လည်းရှိကြောင်း သိရသည်။
















