မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် စိန်ခေါ်မှုများနှင့် ကြံုတွေ့နေရကြောင်း
မန္တလေးတိုင်း ဒေသကြီးအစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ဇန်နဝါရီလ
၁၈ ရက်နေ့ကပြုလုပ်သော မြန်မာ-အိန္ဒိယရောင်းသူဝယ်သူ တွေ့ဆုံပွဲတွင် ပြောကြားသည်။
"မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ စက်မှုဇုန်များအနေနဲ့ စိန်ခေါ်မှုတွေ ကို ကြံုတွေ့နေရ
ပါတယ်။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုမလုံလောက်မှု၊ ခေတ်မီ စက်ပစ္စည်းများ အစားမထိုးနိုင်မှု၊
ကျွမ်းကျင်လုပ်သားရှားပါးမှု၊ နည်းပညာ နည်းပါးမှုတွေကို ကြံုတွေ့နေရပါတယ်"ဟု လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ
၏ ရ၀ ရာခိုင်နှုန်း ကျော်မှာ ပြည်တွင်းဝယ်လိုအားကျ ဆင်းခြင်းနှင့် ပြည်ပမှနည်းမျိုးစုံဖြင့်
တင်သွင်းလာသော ပစ္စည်းများကြောင့် ဆက်လက်ရပ်တည်ရန် ခက်ခဲနေ ကြောင်း စက်မှု
လုပ်ငန်းရှင်များက ပြော ကြားသည်။
"မန္တလေးစက်မှုဇုန်ထဲမှာ ကားထုတ် လုပ်တဲ့လုပ်ငန်းတွေ ရပ်သွားတဲ့အတွက် သူနဲ့ဆက်စပ်
တဲ့လုပ်ငန်းတွေပါ ရပ်သွားတယ်။ တကယ်တော့စက်မှုလုပ်ငန်းတွေရဲ့ အခြေအနေက ပိုပို
ယိုင်လာတယ်။ စက်ကိရိယာထုတ်တဲ့ လုပ်ငန်းတွေကလည်း လွန်ခဲ့တဲ့နှစ်နှစ်လောက်
ကတည်းက ရပ်သွားတယ်။ မနှစ်ကနဲ့စာရင်ဒီနှစ် လုပ်ငန်းပြောင်းတဲ့သူများတယ်"ဟု
မန္တလေးစက်မှုဇုန်မှ ဦးနေဝင်းက ပြောသည်။
စက်မှုဇုန်များတွင် လျှပ်စစ်စွမ်းအားရ ရှိမှုနည်းပါးခြင်းကြောင့် ထုတ်လုပ်မှု စရိတ်မြင့်မားကာ
ပြည်ပထုတ်ကုန်များကို ဈေးနှုန်းအရ မယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။ "အခုဆိုရင်လျှပ်စစ်မီးက
အချိန်ပြည့် မရဘူး။ အရင်းအနှီးတတ်နိုင်တဲ့သူတွေ သာ မီးစက်နဲ့ထုတ်ကြတာ။ အရင်းအနှီး
မတတ်နိုင်တဲ့သူတွေဆိုရင် လုပ်ငန်းကို ရပ်ထားရတယ်။ ပြည်တွင်းစက်မှုလုပ် ငန်းတွေရပ်တည်
နိုင်ဖို့ဆိုရင် လျှပ်စစ်မီး အချိန်ပြည့်ရရှိဖို့လည်း လိုပါတယ်"ဟု မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်
တစ်ဦး က ပြောသည်။
ယခုအခါပြည်ပမှ စက်မှုလုပ်ငန်းရှင် များ လာရောက်လေ့လာမှုများရှိသော်လည်း ယင်းသို့
လာရောက်လေ့လာမှု များသည် ပြည်တွင်းထုတ်လုပ်သူများကို အကျိုးမပြုကြောင်း လုပ်ငန်းရှင်
တစ်ဦး က ဆိုသည်။
"ပြည်ပကလာတဲ့ စက်မှုလုပ်ငန်းရှင် အများစုက သူတို့ပစ္စည်းလာရောင်းကြ တာများတယ်။
ပြည်တွင်းက စက်ပစ္စည်း ရောင်းတဲ့သူတွေအတွက် အဆင်ပြေပေ မယ့် ထုတ်လုပ်တဲ့သူတွေ
အတွက်က အဆင်မပြေဘူး။ ပြည်ပရင်းနှီးမြှုပ်နှံမှု တွေလာမယ်ဆိုလည်း ပြည်တွင်းက
အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်း တွေကို တိုက်ရိုက်အလုုပ်အပ်နှံနိုင်တဲ့ လုပ်ငန်းမျိုး
ဖြစ်ဖို့လိုမယ်။ အစိုးရအနေနဲ့ ပြည်တွင်းက အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း ရပ်တည်
နိုင်ဖို့အတွက် လုံလောက်တဲ့ချေးငွေတွေ ထုတ်ချေးတဲ့အပြင် ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်း
တွေကို ရောင်းချနိုင်မယ့် ဈေးကွက်ကိုပါ ဖော်ဆောင်ပေးဖို့လိုပါတယ်"ဟု စက်မှုလုပ်ငန်းရှင်
တစ်ဦးကပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် မန္တလေး စက်မှုဇုန်၊ မိတ္ထီလာစက်မှုဇုန်၊ မြင်းခြံစက် မှုဇုန်တို့တည်ရှိပြီး
အကြီးစားစက်မှုလုပ် ငန်း ၁,၀၆၈ ခု၊ အလတ်စားလုပ်ငန်း ၂,၁၁၂ ခု၊ အသေးစားစက်မှုလုပ်ငန်း
၄,၀၇၂ ခု ရှိရာ စုစုပေါင်းစက်မှုလုပ်ငန်း ရ,၂၅၂ ခု ရှိကြောင်း မန္တလေးတိုင်းဒေသ ကြီးအစိုးရ
လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးကျော်ဆန်းက ပြောသည်။















