အိမ်ခြံမြေကို ရောင်းကြဝယ်ကြရာမှာ တခြားကုန်ပစ္စည်းတွေကို အရောင်း အဝယ်လုပ်ကြရတာ
ထက် ပိုမိုအာရုံစိုက် ကြရမယ့် အချက်တွေရှိနေတယ်ဆိုတာဟာ သာမန်တွေးကြည့်ရုံနဲ့ သတိပြုမိ
မယ့်အချက်ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အိမ်ခြံမြေဈေးကွက်မှာ တကယ်တမ်း အရောင်းအဝယ်လုပ်ကြ ရာမှာတော့ သတိထားသင့်
တဲ့ အချက် ကလေးတွေကိုအာရုံများပြီး မေ့လျော့ ကျော်လွှားသွားတတ်ကြတာကလည်း ဖြစ်တတ်
တဲ့၊ တွေ့နေမြင်နေကြရတဲ့ သဘာဝပါပဲ။
အရောင်းအဝယ်သဘောအရတော့ ဘယ်လိုကုန်ပစ္စည်းမျိုးပဲဖြစ်ဖြစ် ၀ယ် ယူမယ့်သူအနေနဲ့ ဈေးနှုန်း
အမြင့် လိုက် နိုင်လေ ပစ္စည်းကောင်းရလေဆိုတဲ့ အမြဲတမ်းမှန်ကန်နိုင်တဲ့ သဘောတရားရှိနေပါ
တယ်။
ဒီလိုရှိနေပေမယ့်လည်း ကိုယ်လိုက်ဆွဲလိုက်တဲ့ ဈေးနှုန်းအမြင့်တန်းနဲ့ ကိုယ်ရမယ့်ပစ္စည်းရဲ့ အရည်
အသွေးဟာ ကိုက်ညီ ထိုက်တန်ရဲ့လားဆိုတဲ့မေးခွန်း အတွက်တော့ ၀ယ်ယူမယ့်သူတွေအနေနဲ့
မေးကြည့်ချင်တဲ့ သတိကလေးတစ်ခု ကပ်ထားဖို့ လိုနေပါတယ်။ အိမ်ခြံမြေ ရောင်းကြဝယ်ကြရာမှာ
တခြားကုန်ပစ္စည်းဝယ်ဖို့ စဉ်းစားတဲ့ အချက်တွေထက် ပိုပြီးဘက်စုံထောင့်စုံ စဉ်းစားနိုင်ဖို့လိုအပ်တာ
အမှန်ပါ။
ဒီ နေရာမှာ တတ်ကျွမ်းနားလည်တဲ့ ရှေ့နေ ရှေ့ရပ်တွေ၊ ၀ါရင့်အိမ်ခြံမြေအကျိုး ဆောင်တွေရဲ့
အကူအညီဟာ အရေးပါလာသလို ငွေကြေးပမာဏများလေ၊ ပို အရေးပါလေဖြစ်ပါတယ်။
အိမ်မြေဝယ်ဖို့ စဉ်းစားပြီဆိုကတည်းက အပြိုင်ထားပြီး စဉ်းစားရမယ့်အချက် တွေအများသားဆိုပေ
မယ့် ပထမဆုံးစဉ်းစားသင့်တဲ့ အချက်တွေထဲမှာ ဈေးကွက်အနေအထားလည်း ပါ၀င်နေပါတယ်။
ဈေးကွက်အနေအထားလို့ဆိုရာမှာ ၀ါရင့်အိမ်ခြံမြေအကျိုးဆောင် တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါ
လာပါပြီ။ လက်ရှိအိမ်ခြံမြေဈေးကွက်ဟာ ကြိုက်ရောင်းကြိုက်ဝယ် အနေအထားနဲ့သာ တရွေ့ရွေ့
သွားနေရပါတယ်။
ဒါဟာ မန္တလေးမြို့ ဈေးကွက်တစ်ခုတည်းတင် မဟုတ်ပါဘူး။ ဈေးနှုန်းတွေကလည်း ငြိမ်သက်နေ
သလို လူနေခွင်မဟုတ်တဲ့၊ ငွေကြေးကစားတဲ့ ရင်းနှီးမြှုပ်နှံမှုအကွက် အကွင်းအဖြစ် လှုပ်ရှားကြတဲ့
အပိုင်းတွေမှာဆိုရင် ဈေးနှုန်းက အောက်ကိုတောင် စိုက်ဆင်းနေပါတယ်။
ဒါဟာ ဈေးကွက်သွက်တဲ့အချိန်က ဈေးနှုန်းအနေအထားနဲ့ နှိုင်းယှဉ်ရင် တချို့အပိုင်းတွေမှာ ခေါက်
ချိုးလောက်ကို ဈေးစိုက်ဆင်းနေတဲ့အနေအထားပဲ ဖြစ်ပါတယ်။
ဒီလိုအနေအထားတွေကို တော့ ၀ါရင့်အိမ်မြေအကျိုး ဆောင်တွေက နှိုက်နှိုက် ချွတ်ချွတ် ရှင်းပြပြော
ပြနိုင်ပါလိမ့်မယ်။
သူတို့ဆီကနေ ဘယ်နေရာမှာ ဈေးနှုန်းက ဘယ်လိုရှိတယ်၊ ဈေးကွက် ငြိမ်နေပေမယ့် ဘယ်နေရာက
အကွက်အကွင်းကတော့ ဘယ်လိုအားသာချက် အလားအလာရှိနေလို့ ဈေးနှုန်းက ဘယ်လောက်
အထိပဲ အများဆုံးဆင်းနိုင်လိမ့်မယ်ဆိုတဲ့ ရာခိုင်နှုန်းအတော်များများ မှန်ကန် နိုင်တဲ့ မှန်းဆချက်မျိုး
တွေကို ၀ယ်ယူမယ့်သူတွေအနေနဲ့ ရနိုင်ကြမှာပါ။
၀ါရင့်အိမ်ခြံမြေအကျိုးဆောင်တွေလို့ ဆိုရာမှာလည်း ကိုယ်နဲ့ရင်းနှီးတဲ့သူချင်းကို အားကိုးလို့ရရင်
တော့ ပိုကောင်းပါတယ်။
အဲဒီလို ကိုယ့်ဘက်က လူခံတစ်ယောက်ပါတဲ့ အခါ သူနဲ့ ဆက်နွှယ်ပြီး ကွန်ရက်ဖြန့်ရာမှာ ကိုယ့်
အတွက်က အားသာချက်ရှိပါတယ်။ ဒါတောင်မှ ပေါ့ပေါ့တွေးရင် ရိုးရှင်းတယ်လို့ထင်ရတဲ့ အိမ်ခြံမြေ
အရောင်းအဝယ်မှာ အဖုအထစ်ဆိုတာဖြစ်လာတတ်လို့ ကိုယ့်ရဲ့ဆင်ခြင်တုံ တရားလေးကိုမမေ့
မလျော့ကပ်ထားဖို့ လိုပါသေးတယ်။
ပြီးတော့တကယ့်ဓာတ်သိ၊ အကြောင်း သိချင်း ဘယ်လိုပဲ အရောင်းအဝယ်လုပ်ကြပါ တယ်ဆိုပါစေ၊
စာချုပ်စာတမ်း ခိုင်မာမှန်ကန်ဖို့ အတွက် ၀ါရင့်အကျိုးဆောင်တွေရဲ့ ကဏ္ဍက အရေးပါနေသလို
ပမာဏများ ရင်များသလို ရှေ့နေကလည်းမပါမဖြစ်ပါပဲ။
ဒါဟာဈေးကွက်အနေအထားနဲ့ အကျိုးဆောင်တွေအပေါ် သတိပြုရမယ့်အချက်တွေဖြစ်ပြီး ရောင်း
၀ယ်ရာမှာ နောက်ထပ်ချိန်ထိုးရမယ့်အချက်အတော်များများ ကျန်ရှိနေပါသေးတယ်။
















